Burmese Translation of "Doomed to be Cannon Fodder".
Contributor - Jas_astra
(၅၀) ဒီလောက်မြန်မြန်ပြီးသွားတယ်လား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ရှောင်ရှီက ရေချိုးခန်းအပြင်မှာရပ်နေတုန်း အမနှစ်ယောက်က အိပ်ရာခင်းကို ကြောင်တောင်တောင်ကြည့်နေတာမြင်လိုက်တယ်။ သူမ ခပ်တိုးတိုးပြောလိုက်တယ်။
"အမတို့ မြန်မြန် အိပ်ရာခင်းတွေကိုလဲပေးပါဦး သမားတော်လာတော့မယ်...""လဲရမယ်...အော် အင်း လဲဖို့..." သူတို့တွေသေချာသတိမဝင်သေးတဲ့အတွက် အိပ်ရာခင်းတွေကို ဖယ်ပြီးအသစ်တွေနဲ့ပြန်လဲလိုက်တယ်။ သူတို့တွေ အိပ်ရာခင်းအသစ်တွေကို ပြန်လဲလိုက်တုန်း ပိုင်ရှန်းရှို့က အဝတ်အစားသစ်ဝတ်ဆင်ကာ ဝင်ရောက်လာတယ်။ သူမရဲ့မျက်နှာလေးကခုထိဖြူဖတ်ဖြူလျော်ဖြစ်နေတုန်း။ သူမဗိုက်ကိုဖိထားရင်း ရှောင်ရှီကသူမကိုအိပ်ရာဆီတွဲပြီးပို့ပေးတယ်။
ရှောင်ရှီ နောက်ဆုံးတော့ သူ့သခင်မကိုအိပ်ရာပေါ် ကူတင်ပေးနိုင်ခဲ့ပြီ။သမားတော်ကလည်းအထဲဝင်လာတော့တယ်။ သူက အိပ်ရာလိုက်ကာကနေတစ်ဆင့် ပိုင်ရှန်းရှို့သွေးကြောကိုစမ်းပြီးမေးလိုက်တယ်။
"ခုက သခင်မ(၄)ရဲ့ ရာသီအချိန်ပါလား""ဟုတ်ပါတယ်ခုလေးတင် ရောက်လာတာပါ" ရှောင်ရှီက ဘေးနားကနေပြန်ဖြေလိုက်တယ်။
ပြောင်ချင်းနဲ့ပြောင်ယွီတို့ မင်းသားရဲ့ တိုတောင်းလှတဲ့သည်းခံနိုင်စွမ်းရလဒ်ကိုထိတ်လန့်နေရာကနေပြန်အသိဝင်လာတဲ့အချိန် ... သခင်မရှို့ရဲ့ရာသီအချိန်သတင်းအသစ်နဲ့ မင်းသားရဲ့ ဒေါသထွက်ပြီးမှောင်မည်းနေတဲ့မျက်နှာကြောင့်ထပ်ပြီးတစ်ရှိန်ထိုးထိတ်လန့်ကုန်ကြတယ်။သမားတော်က သခင်မရဲ့သွေးကြောကိုစမ်းအပြီးမှာတော့ဘာမှထွေထွေးမရှိဘူးဆိုတာရှင်းပြလိုက်တယ်။သူမရဲ့သားအိမ်ကအရမ်းအေးစက်နေလို့သာ ဂရုစိုက်ပေးဖို့ပဲလိုတဲ့အကြောင်းပြောသွားတယ်။သူက ဆေးစပ်ပေးပြီးနောက်မှာတော့ မင်းသားကိုနှုတ်ဆက်ကာ အမြန်ပြေးထွက်သွားတော့တယ်။
သူတစ်ချိန်လုံးခေါင်းမမော့တာတောင် အခန်းထဲကအင်မတန်အေးစက်လှတဲ့ အရှိန်အဝါကိုခံစားခဲ့ရတယ် အသက်တောင် ရပ်လုနီးပါးဖြစ်ခဲ့တယ်!
YOU ARE READING
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Historical Fictionဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...