(၁၁၁) ဇာတ်လိုက်မကို ရန်စ အပြစ်ပြုမိရင် ကောင်းစရာ အကြောင်းမရှိ

5.6K 833 14
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - No Coz

(၁၁၁) ဇာတ်လိုက်မကို ရန်စ အပြစ်ပြုမိရင် ကောင်းစရာ အကြောင်းမရှိ

ပြဿနာပဲ၊ ပြဿနာမှ အကြီးအကျယ် ပြဿနာပဲ။

ဇာတ်လိုက်မင်းသားရဲ့ နိုင်ထက်စီးနင်းဆန်တဲ့ စရိုက်ပုံစံကို သူမ နောက်ဆုံးတော့ဟနဖူးတွ့ ဒူးတွေ့ ကြုံလိုက်ရလေပြီ။ ဘာကြောင့်လဲတော့ ပိုင်ရှန်းရှို့မသိဘူးရယ်၊ ဒါပေမဲ့ သူ သူမကို တစ်ခါလေးတောင် မဆူခဲ့ဖူးဘူး။ သူ စစ်မြေပြင်ကနေ ပထမဆုံး ပြန်လာလာချင်းက တစ်ချက်လေးပဲ မာရည်ကြောရည် ဆက်ဆံခဲ့တာ။ ဧကန္တ သူ့ရဲ့ ခက်ထန်ကြမ်းတမ်းတဲ့ စရိုက်တွေက ဇာတ်လိုက်မရှေ့ရောက်မှ ပေါ်လာတတ်တာများလား။

ပိုင်ရှန်းရှို့ သူ့ဘေးနားကနေ ယှဉ် ရပ်နေရင်း ဒီအခြေအနေကို ဘယ်လို လက်ခံယူရမလဲ စဉ်းစားနေမိတော့တယ်။ သူမ လမ်းပျောက်နေပြီ။ ဇာတ်လိုက်မကို သနားကြည့်တစ်ချက်သယ လှမ်းပေးမိတော့တယ်။ ဒါပေမဲ့ မင်းသားလီရဲ့ အမြင်မှာတော့ သူမတို့နှစ်ယောက် ဘယ်သူ သနားစရာ ပိုကောင်းကောင်းဆိုပြီး ပြိုင်နေသလိုပဲ။

လုံဟန့် နှလုံးသားက ဘက်ရွေးလိုက်ဖို့ အချိန် သိပ်မယူလိုက်ရဘူး။ ပထမအနေနဲ့ ပိုင်ရှန်းရှို့က ပိုနုတယ်ဆိုတဲ့ အတွေးအမြင်မျိုး သူ အရိုးထဲထိ စွဲနေပြီ။ ဒုတိယက ပိုင်ရှန်းရှို့ဟာ လင်ချန်းဇီထက် ရုပ်ရည်အရာမှာ အပုံကြီးသာတယ်။ ပြီးတော့ သူမရဲ့ အရည်ရွှမ်းလဲ့နေတဲ့ မျက်ဝန်းကျယ်ကြီးတွေက သူမဘက်ကို ပိုပြီး စာနာသနားချင်မိလာအောင် ဖိတ်ခေါ်နေသလိုပဲ။

လုံဟန့် ပိုင်ရှန်းရှို့လက်ကို အသာ ပုတ်ရင်း ပြောလိုက်တော့တယ်။ "လင်မိန်းကလေး၊ မင်း အခု ထွက်သွားသင့်နေပြီနော်၊ အလုပ်လဲ လုပ်စရာရှိတယ် မဟုတ်လား၊ အာ ဟုတ်သား... အခုချိန်က စပြီး မင်း နာမည်က... ရှန်းရှို့ သူ့အတွက် နာမည်တစ်ခုခု စဉ်းးပေးလိုက်ပါလား"

ပိုင်ရှန်းရှို့ မျက်နှာပေါ်ထိ ဇောချွေးတွေ ပြန်လာမိတာမှ ရေတံခွန်လို တဒီးဒီးပဲ။ သူမ ဇာတ်လိုက်ကို ပြန်ကြည့်လိုက်ပုံက ငိုမဲ့မဲ့နဲ့ လက်ကလေးတွေတောင် တုန်စပြုလာပြီ။ အဲ့စကားတစ်ခွန်းနဲ့တင် သူမ ဇာတ်လိုက်မအပေါ် အပြစ်အကြီးကြီး ပြုလိုက်မိပြီ။ သူမ အနှေးနဲ့ အမြန်ဆိုသလို အသေဆိုးနဲ့ သေရတော့မှာပဲ။ 'ဟဲ့ လောလောဆယ်မှာ ရှင်တို့နှစ်ယောက် အချင်းချင်းပဲ ရန်ဖြစ်လို့ မရဘူးလား၊ ဘာလို့ ကျွန်မလို အရံဇာတ်ကောင်လေးကိုပါ ဆွဲခေါ်လိုက်ကြတာလဲ" 

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now