(၇၃) သေးသွယ်​ နုနယ်​ ဖြူဥသော ဖဝါး

6.9K 1.1K 22
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - No Coz

(၇၃) သေးသွယ်​ နုနယ်​ ဖြူဥသော ဖဝါး
____________________________________

ယဲ့မားမားမှာ ကြောက်​လွန်းလို့ တုန်​တောင်​ တုန်​မိနေပြီ။ သူမက အိမ်​အတွင်းဆောင်​မှာ နေခဲ့ဖူးတဲ့ အိမ်​ထောင်​ရှိဖူးသူ မိန်းမသား၊ ပြီးတော့ အရွယ်​လဲ ရလာပြီဆိုပေမဲ့ မင်းသားလီဆီက ထွက်​လာတဲ့ သတ်​ဖြတ်​လိုတဲ့ အငွေ့အသက်​တွေကို မရင်​ဆိုင်​နိုင်​ဘူး။ ခံနိုင်​ရည်​ မရှိဘူး။ စစ်​မြေပြင်​မှာ နှစ်​ပေါင်းများစွာ ကြာအောင်​ နေလာခဲ့လို့ ဖြစ်​လာတဲ့ အရှိန်​အဝါမျိုးပဲ။ သူ့တည်​ရှိမှုက သူမ မျက်​နှာကိုပါ ဖြူရော်​သွားရစေတယ်​။ သူမ အထိတ်​တလန့်​ ရင်​တုန်​နေမိတာကြောင့်​ အာရုံတွေ ထွေပြားသွားပြီး သူ အခန်းထဲ မဝင်​နိုင်​အောင်​ မတားလိုက်​နိုင်​ဘူး။

သူ တံခါးဖွင့်​ဝင်​သွားတော့မှ သူတို့နှစ်​ယောက်​ဟာ လင်​မယားဖြစ်​နေတာပဲလေလို့ ယဲ့မားမား တွေးလိုက်​တော့တယ်​။ ဘာ မသင့်​တော်​စရာ ရှိမှာလဲ။ သူ မြင်​သွားတော့လဲ မြင်​သွားတယ်​ မှတ်​ရုံပေါ့။ ဒါကြောင့်​မို့ လုံဟန့်​နောက်​က ယောက်ျားစေနှစ်​ယောက်​ လိုက်​မဝင်​သွားအောင်​ပဲ သူမ တားလိုက်​တော့တယ်​။

အစေခံနှစ်​ယောက်​ နောက်​က လိုက်​မလာတဲ့ ကိစ္စကို လုံဟန့်​ကတော့ အတွေးများမနေဘူး။ တံခါးဖွင့်​ပြီးပဲ အခန်းထဲ ဝင်​သွားခဲ့လေတယ်​။ ဒီအခန်းက စားဖိုဆောင်​က စားတော်​ကဲတွေအတွက်​ နားနေဆောင်​လိုမျိုးလုပ်​ထားတာ။ အပြင်​ခန်းမှာက အခါးရည်​စပ်​ဖို့၊ နားနားနေနေ နေဖို့ နေရာလေး ရှိတယ်​။ အခန်းရဲ့ အလယ်​မှာ ရှုခင်းပုံဇာပန်းထိုးထားတဲ့ ကန့်​လန့်​ကာနဲ့ ခြားထားလေတယ်​။ လုံဟန့်​ အပြင်​ဘက်​မှာ ရပ်​နေရင်းက အတွင်းခန်းအဝမှာ ချွတ်​ထားကြတဲ့ ပိုးဖဲဖိနပ်​ အစုံများစွာကို တွေ့လိုက်​လေရဲ့။

အထဲမှာ ဘယ်​သူတွေ ရှိနေတယ်​ဆိုတာကို သူ ဂရုမစိုက်​တော့ဘူး။ အထဲမှာတော့ လောလောဆယ်​ ရုတ်​ရုတ်​သဲသဲဖြစ်​နေကြတယ်​။ လူတစ်​စုက ခြေဖဝါး ဖြူနုနု ငယ်​ငယ်​လေးတစ်​စုံနားမှာ ဝန်းရံနေကြတာ။ လက်​ညိုးတထိုးထိုး၊ တီးတိုး တပြောပြောနဲ့။ အရပ်​မြင့်​မြင့်​ ထောင်​ထောင်​မောင်းမောင်း ယောက်ျားကြီး တစ်​ယောက်​ ဝင်​လာတာတွေ့တော့ အားလုံး လန့်​သွားကြရောပဲ။ သူ ဝင်​လာလို့ရအောင်​ လမ်းဖယ်​ပေးလိုက်​ကြလေတယ်​။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now