(၃၂) မင်းသမီးလေးလို ပွေ့ချီခံရ

18.8K 2.4K 193
                                    

Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder#TableOfContents

(၃၂) မင်းသမီးလေးလို ပွေ့ချီခံရ (No_Coz)

~~~~~~~~~~~~~~~~~~~~~

ပိုင်​ရှန်းရှို့ ရှက်​လွန်းလို့ ငိုတောင်​ ငိုချင်​မိလာတယ်။ သူမ ယောက်ျားတစ်​ယောက်​အရှေ့မှာ ဘယ်​လိုတောင်​ နှာခေါင်းသွေးလျှံ လိုက်​ရတာလဲ။ သူမ လက်​ကိုင်​ပုဝါအမြန်​ထုတ်​လိုက်​ပြီး နှာခေါင်းကို အုပ်​ကာထားလိုက်​တယ်​။ ပြီးတော့ သူများတွေ သူမ သွေးလျှံ နေတာ မတွေ့အောင်​လို့ မျက်​နှာကို တစ်​ဖက်​လှည့်​ထားလိုက်​တယ်​။

ဒါပေမယ့်​ ဇာတ်​လိုက်​မင်းသားက သူမရဲ့ မိခင်​သဘာဝက သတ်​မှတ်​ပေးထားတဲ့ ရန်​သူကြီးလား မသိဘူး။ တိတ်​ဆိတ်​မှုကို အေးစက်​စက်​အသံနဲ့ ဖြိုခွင်းလိုက်​တယ်​။ "အရင်​ပြန်​ပြီး သမားတော်​ပြကြည့်​မယ်..." သူ ပြောနေရင်း၊ ပိုင်​ရှန်းရှို့ တစ်​ကိုယ်​လုံး ပေါ့ပါးသွားတာကို ခံစားလိုက်​ရတယ်​။ သူမ သက်​မချ လိုက်​မိတယ်​။ သူမကို မင်းသမီးလေးလို ပွေ့ချီလိုက်​တာ။ ဇာတ်​မင်းသားက။ နောင်​တစ်​ချိန် သူမကို သတ်​မယ့်​ ဇာတ်​လိုက်​မင်းသားကလေ...! သူမ ဘယ်​လို တုန့်​ပြန်​ရတော့မလဲ...! 'ငါ online ပေါ်က စောင့်​နေပါတယ်​နော်​...! ငါ့ကို အကြံလေးများ ပေးသနားကြပါ...! အရေးကြီးတယ်​... အရေးပေါ်...!' ကြည့်​ရတာ၊ သူမမှာ တုန့်​ပြန်​မှုတစ်​စုံတစ်​ရာအတွက်​တောင်​ အချိန်​လုံလုံလောက်​လောက်​မရပုံဘဲ။ တစ်​ခဏလေးအတွင်းမှာ သူမ ကုတင်​တစ်​ခုပေါ်ရောက်​သွားပြီး သိပ်​မကြာဘူး၊ သမားတော်​ ရောက်​လာတယ်​။ 

တကယ်​ပါပဲ၊ ရိုးရိုးတန်းတန်း နှာခေါင်းလေး သွေးလျှံရုံကို ဘုရားကျောင်းတစ်​ဝက်​လောက်​ အုပ်​အော်​သောင်းနင်းဖြစ်​သွားခဲ့တယ်​လေ။ ဘာကြောင့်​ဆို၊ လုံဟန့်​  လက်​တိုလက်​တောင်း ကိုရင်​လေးကို လိုက်​ရှာတဲ့အချိန်​က ဘုန်းတော်​ကြီးတွေ စုပြီး မွန်းလွဲပိုင်း တရားထိုင်​နေချိန်​ဖြစ်​နေတာမို့။ ပိုင်​ရှန်းရှို့ တစ်​ယောက်​ သူမကိုယ်​ကို သတ်​သေပစ်​လိုက်​ချင်​မိလာတယ်​။ သူမ နှာခေါင်းသွေးလျှံနေတာကတော့ ရပ်​သွားတာ ကြာလှပေါ့။ ဒါပေမယ့်​ သူမကတော့ လက်​ကိုင်​ပုဝါကြီးနဲ့ မျက်​နှာကို ဆက်​ကာထားဆဲပဲ။ သမားတော်​ကိုတောင်​ မျက်​နှာ မပြရဲတော့ဘူး။ နဂိုအတိုင်းဆို သူမ မျက်​နှာသစ်​ သန့်​ရှင်းရေးလေးလုပ်​လိုက်​ရင်​၊ အဆင်​ပြေသွားမှာ ဖြစ်​ပေမယ့်​ ဇာတ်​လိုက်​မင်းသားက သူမကို စိုက်​ကြည့်​နေတယ်​လေ။ သူမကို ကုတင်​ပေါ်ကနေတောင်​ ဆင်းခွင့်​မပေးဘူး။ 

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now