(၄၆) မျှော်​လင့်​ချက်​မဲ့၊ အငြင်းပယ်​ခံရ

15.5K 2.2K 61
                                    

(၄၆) မျှော်​လင့်​ချက်​မဲ့၊ အငြင်းပယ်​ခံရ (Jas_astra)
~~~~~~~~~~~~~~~~~~~~~~~~~~~~~

အရံမင်းသမီးလေး ပိုင်ရှန်းရှို့မှာ ဆောင်းဥယျာဉ်၌ အဖြေကို စိုးရိမ်တကြီးစောင့်မျှော်နေမိတယ်။စိတ်ထိန်းထားလို့မှမရတာ...။ဒါ သူမ ၂ဘဝလုံးမှာ ပထမဆုံးအကြိမ် ယောက်ျားလေးတစ်ယောက်ကိုဝန်ခံဖူးတာပဲ ဒီလိုမျိုး တောင့်တင်းနေတာကဖြစ်သင့်တယ်လေ။

သူမသိပ်စိတ်လှုပ်ရှားနေလို့ စားဝင်အိပ်မပျော်တော့ဘူး။ တကယ်တော့ ခေတ်သစ်မှာသူမကအတော်လေးတည်ငြိမ်တဲ့သူ ဒါပေမဲ့ ဒီရှေးခေတ်ကိုရောက်လာတဲ့ချိန်ကစပြဃးအကြောင်းရင်းမရှိပဲ လန့်တတ်လာတယ် ဒေါသထွက်တတ်လာတယ်။ဏါ သူမအပြစ်မှမဟုတ်ပေပဲ။ဒါက သူမနဲ့မရင်းနှီးတဲ့ကမ္ဘာဖြစ်နေတဲ့အပြင် ရိုက်သတ်ခံရဖို့ကလည်း အန္တရာယ်များသေးတယ်

သူမ ရက်နည်းနည်းထပ်စောင့်ရင်း အိမ်တော်က အလုပ်တွေကိုကူညီပေးရင်းနဲ့ အလုပ်ရှုပ်စပြုလာတယ်။ လောင်ဖူးရန်ကသူ့ရဲ့စိတ်ဂင်စားမှုအသစ်လေးနဲ့အတော်ပျော်နေတယ်။ လုံဟန့်လည်းသူမဆီနှစ်ကြိမ်တောင်လာတယ်။ဒါပေမဲ့ ခဏပဲထိုင်ပြီး ဘာမှ ထိခိုက်အောင်မလုပ်ပဲပြန်သွားတယ်။

အမျိုးသားဇာတ်လိုက်ဘာတွေတွေးနေတာလဲဟင်...။ သူက ဇာတ်လိုက်မရဲ့ဝမ်းကွဲအစ်ကို ကိုပြန်ရှာတွေ့ပြီး ဆိုးဆိုးရွားရွားထိုးကြိတ်ခံလိုက်ရတယ်လို့တောင်တကူးတကလာပြောသေးတယ်။ တကယ်တော့သူမလည်းအတော်လေးတော့ကျေနပ်ပါတယ်။ ဒီလူက သူမကိုဒဏ်ရာအကြီးအကျယ်ရအောင်လုပ်ဖူးတာကိုး။

သူ ထိုးကြိတ်ခံဖို့က မှန်တယ်။ သူ့အမေမမှတ်မိလောက်တဲ့အထိ ထိုးကြိတ်ခံရရင်တောင်ကောင်းမှာ။ဒါပေမဲ့ အဓိကဇာတ်လိုက်က ဘာလို့ဒီသတင်းကိုလာပြောပြတာလဲ။မိန်းကလေးလင်က မထွက်သွားခင်သူမအခန်းဆီလာလည်ဖူးတာသိနေတာများလား။

သူမတစ်ကိုယ်လုံးတုန်ယင်သွားတယ်။ ထင်တဲ့အတိုင်း အမျိုးသားဇာတ်လိုက်က သူမသွားရန်စွသင့်တဲ့သူမဟုတ်ဘူး။ ဇာတ်လိုက်မအကြောင်းမေးဖို့လာတာများလား။ထူးတော့ထူးဆန်းတယ် သူကဘာမှမမေးဘူး။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now