(၆၈) ချိုချဉ်ဖန်စပ်ခါး ဟင်းလျာများ

6.2K 1K 8
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - Jinnie Grace

(၆၈) ချိုချဉ်ဖန်စပ်ခါး ဟင်းလျာများ
__________________________

သူ့ရဲ့ဘေးကမိန်းကလေးနာမည်က ယွိဆဲ့ လို့ခေါ်တယ်။ စုန့်ကျောင်းယွဲ့ရဲ့ အစေခံခေါင်းဆောင်မိန်းကလေးဖြစ်သလို ပထမဆုံးအတူအိပ်ဖူးတဲ့အမျိုးသမီးပေါ့။ သူ့အိပ်ခန်းဆောင်ထဲကို သူမ၀င်ခွင့်ရခဲ့ပေမယ့် တရား၀င်ဇနီးဆိုတဲ့ဂုဏ်ပုဒ်မရှိဘဲ အစေခံခေါင်းဆောင်ဖြစ်နေတုန်းပဲ။

သူ့ပုံစံကိုမြင်လိုက်တာနဲ့ သူဘယ်လိုဖြစ်နေပြီလဲဆိုတာ သူမ မသိပဲနေမလား။

ပထမသခင်လေးရဲ့ ပုံစံအရဆိုရင် ဘယ်မိန်းကလေးကိုမှ အလွယ်တကူနှစ်သက်လေ့မရှိဘူး။ သူ့အနားမှာ ကလေးဘ၀ကတည်းက ခစားလာတဲ့ ထက်ထက်မြက်မြက်ရံရွေတော်ညီအမတွေကိုတောင် အိပ်ခန်းဆောင်ထဲကို လုံး၀သွင်းတာမဟုတ်ဘူး။ ဒါပေမယ့် သူခံစားရတာကို သူမတို့နားမလည်ဘဲ မနေပါဘူး။ အကယ်၍ အိပ်ခန်းဆောင်ထဲအခေါ်ခံရရင်တောင် တော်ကောက်ခံရမှာမဟုတ်တာတော့ သေချာတယ်။ သူ့ပုံစံက သူမတို့နဲ့ရင်းနှီးတာ ဒါမှမဟုတ် သနားရုံပဲ။

ဒီတစ်ခါကတော့ ထူးဆန်းတယ်။ စုန့်ကျောင်းယွဲ့က မိန်းမတစ်ယောက်ရဲ့နာမည်ကို နှုတ်ကနေကိုဖွင့်ပြောလာတာ။ ပြီးတော့ အဲ့ဒီမိန်းကလေးကလည်း မင်းသားလီရဲ့ကိုယ်လုပ်တော်။ သူတို့ရဲ့ ပထမသခင်လေး အခုတစ်လောမူမမှန်တာ ယွိဆဲ့ သတိထားမိတယ်။ သူ့အိပ်ခန်းထဲကို မိန်းကလေးတွေခေါ်တာရပ်လိုက်သလို တစ်ခါတစ်လေစိတ်ဓာတ်ကျနေပုံလည်းပေါ်တယ်။ ဒါပေမယ့် အကုန်လုံးကို ဆက်စပ်ပြီးတွေးကြည့်လိုက်တော့ ရုပ်လုံးပေါ်လာတော့တာပေါ့။

သူမသက်ပြင်းတစ်ချက်ပဲရှိုက်လိုက်တယ်။ သူမတို့သခင်လေး တစ်ခြားအိမ်တော်က မိန်းမပျိုလေးတစ်ယောက်ကိုကြိုက်လိုက်တာကမှကောင်းဦးမယ်။ အဲ့လိုဆို သခင်မကြီးစုန့်ကိုနားဖောက်ခိုင်းပြီးချက်ချင်းလက်ထပ်လိုက်လို့ရတယ်။ ဒါပေမယ့် ဒီအမျိုးသမီးရဲ့ ဂုဏ်ပုဒ်ကတော့ ထူးခြားနေတယ်။ ကြည့်ရတာ ပထမသခင်လေးခမျာ ခံစားရမယ့်ကံကြမ္မာကိုမရှောင်လွှဲနိုင်ဘူးထင်ပါရဲ့။ စုန့်ကျောင်းယွဲ့ဘယ်လိုလူစားမျိုးလဲဆိုတာ ယိွဆဲ့သိတယ်လေ။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now