(၇၈) စိတ်လှုပ်ရှားမှု၊ မထိန်းချုပ်နိုင်သော စိတ်အစဉ်

6.3K 1.1K 53
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - Jinnie Grace

(၇၈) စိတ်လှုပ်ရှားမှု၊ မထိန်းချုပ်နိုင်သော စိတ်အစဉ်
____________________________________

ပိုင်ရှန်းရှို့ကို ထဖို့လက်ကမ်းပေးလိုက်တဲ့အချိန်မှာ လုံဟန့်တစ်ယောက် ဒေါသထွက်နေတာလား စိတ်လှုပ်ရှားနေတာလားဆိုတာကို ဘယ်သူမှမသိကြဘူး။ သူမလဲကျသွားတုန်းက သူစိတ်ပူသွားပေမယ့် စုန့်ကျောင်းယွဲ့ရဲ့ခြေသလုံးကိုသွားဖက်မယ်လို့တော့ ဘယ်သူကထင်မှာလဲ?
တခြား ဘာညာဘာညာ အရေးကြီးအင်္ဂါတွေကို ထိမိသွားတာမဟုတ်ပေမယ့် သူမရဲ့မျက်နှာက သူ့ခြေထောက်တွေကိုသွားထိနေတာပဲမလား။

သူ့အပေါင်းအပါစစ်သူကြီးတွေကို ရန်သူဖက်ကမိန်းမတွေ ဒီလိုလုပ်ပြီးသွေးဆောင်တာကို သူတစ်ခါမြင်ခဲ့ဖူးပါတယ်။ သေချာပေါက် သူတို့ကတော့တမင်လုက်တာဆိုပေမယ့် သူ့စိတ်ထဲတော့ စိတ်ပျက်စရာကြီးလို့ပဲခံစားရတာ။ ပွဲကြည့်ကောင်းရုံအပြင် တခြားမရှိခဲ့ဘူး။ ဒါပေမယ့် သူမခန္ဓာကိုယ်က တခြားယောကျာ်းတစ်ယောက်ကိုထိလိုက်တဲ့အချိန်မှာ ခံစားလိုက်ရတဲ့ ရင်တုန်တာကြီးက ဘာကြီးလဲ? ပြီးတော့ ဘာလို့များသူတို့နှစ်ယောက်ကို ချက်ချင်းဆွဲခွာပစ်ချင်တဲ့စိတ်တွေပေါက်နေရသလဲ?

ဘယ်ကနေဘယ်လိုဖြစ်မှန်းမသိတဲ့ ကုရာနတ္ထိဆေးမရှိတဲ့ရောဂါမျိုးဖြစ်နေတယ်လို့ လုံဟန့်သူ့ကိုယ်သူခံစားနေရပြီ။ ဒီအချိန်မှာ သူသိတော့တဲ့ တစ်ခုတည်းသောအရာက နောက်ကျရင် သူမကိုအနီးကပ်စောင့်ကြည့်ရမယ်ဆိုတာပဲ။ ဒါမှတစ်ခြားတစ်ယောက်ရဲ့ရင်ခွင်ထဲကို ပြေးမသွားနိုင်မှာ။

တစ်ယောက်နဲ့တစ်ယောက် ဆယ်လှမ်းအကွာစီလောက်နဲ့ လုံဟန့်တို့နှစ်ယောက်လျောက်သွားကြတာတောင် စုန့်ကျောင်းယွဲ့ကတော့ ရပ်မြဲရပ်နေမိဆဲပဲ။ အဲ့ဒါကြောင့် ယွိဆဲ့က တိုးတိုးလေးကပ်ပြောရတယ်။
"သခင်လေး....သွားကြစို့လေ"

ဒါပေမယ့် သူမနှလုံးသားလေးလည်းနာကျင်နေရတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူမကလည်း သခင်လေးရဲ့ အမျိုးသမီးပဲလေ။ သူမအပေါ် ချစ်ခြင်းမေတ္တာမျိုးမထားနိုင်ခဲ့ဘူးဆိုရင်တောင် သူ့ဘေးမှာရှိတဲ့တစ်ဦးတည်းသောမိန်းကလေးပဲမလား။ တခြားအမျိုးသမီးတစ်ယောက်နဲ့ အသားချင်းထိမိရုံတင်ကိုပဲ စိတ်တွေလှုပ်ရှားနေတဲ့ သူမရဲ့သခင်ကိုမြင်ရတာ နည်းနည်းတော့ မနာလိုဖြစ်မိတာပဲ။ ကြည့်ရတာ ဘယ်လိုပဲကြိုးစားကြိုးစား သူမတို့ သခင်လေးရဲ့နှလုံးသားကိုမရနိုင်တော့ဘူးထင်ပါရဲ့။ ဒါကြောင့်လည်း သူက သူမတို့ကို စည်းခြားထားတာနေမှာပေါ့။
စုန့်ကျောင်းယွဲ့တစ်ယောက်ခေါင်းကိုရှင်းလိုက်ပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ရှေ့ကနှစ်ယောက်ကိုမှီအောင်ပဲ လိုက်သွားလိုက်တယ်။  ဒီလိုမတော်တဆသေးသေးလေးက သူ့စိတ်တွေကိုလွတ်သွားစေမယ်လို့ ဘယ်ထင်မိပါ့မလဲ။ ဒီအထိအတွေ့တွေကို သူစွဲမက်သွားခဲ့သလိုပဲ။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now