(၁၅၈) ဇာတ်လိုက်မ အိမ်တော်ထဲဝင်လာ

4.2K 581 7
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator  - ဂွေ့

(၁၅၈) ဇာတ်လိုက်မ အိမ်တော်ထဲ၀င်လာ

နတ်ရွာစံဘုရင်ကြီးရဲ့မိဖုရားနှစ်ပါးတောင် ပိုင်ရှန်းရှို့ရဲ့အပင်တွေကို သဘောကျနေကြတယ်။ မယ်တော်မိဘုရား​ခေါင်ကြီးနဲ့ တစ်ဘ၀လုံးမျက်နှာချင်းဆိုင်လာခဲ့တာတောင် ဒီကမ္ဘာပေါ်မှာအသက်ရှင်ကျန်ခဲ့တာဆိုလို့ အချိန်ကောင်းမှာ အသာစီးရတဲ့ဖက်ကထောက်ခံတဲ့အုပ်စုတွေပဲ။ သူတို့အားလုံး မယ်တော်ကြီးရဲ့ ထောက်ခံသူတွေဖြစ်ခဲ့တာပေါ့။  တကယ်တော့ အမျိုးသမီးနှစ်ယောက်လုံးလည်း မိဖုရားခေါင်ကြီးရုတ်တရက်တိမ်းပါးသွားတာနဲ့ပတ်သတ်လို့ စိတ်မသက်သာကြပါဘူး။ ပြီးတော့ လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက အတော်လေးစိတ်ဖိစီးနေခဲ့တာ။ ဒါပေမယ့် ပိုင်ရှန်းရှို့ရဲ့အပင်တွေကို မင်းသားလီအိမ်တော်ကနေ သူမတို့အဆောင်အထိသယ်လာခဲ့ကတည်းက အပင်တွေရဲ့ လန်းဆန်းတဲ့ရနံ့ကိုရှူရှိုက်ရတော့ အတော်လေးနေသာထိုင်သာရှိလာတယ်။

အစတုန်းကတော့ အပင်တွေကြောင့် ခံစားချက်ကောင်းသွားတာကို သူတို့မရိပ်မိသေးဘူး။  အပင်တွေကို အဆောင်တော်ထဲအထိသယ်လာပြီး ဘေးခဏဖယ်ထားတုန်းက အရင်လို စိတ်ဖိစီးမှုကိုခံစားနေရတာ။  အဲ့အချိန်မှာပဲ လေထုထဲကနေ ပျံလြင့်လာတဲ့  အပင်ရဲ့ရနံ့က စိတ်ကိုကြည်နူးသွားစေတယ်။  သူမတို့ဆီကိုအပင်တွေသယ်လာခိုင်းတဲ့အချိန်မှာတော့ အတော်ကြီးကိုနေလို့ထိုင်လို့ကောင်းသွားတော့တယ်။

နတ်ရွာစံဘုရင်ကြီးရဲ့ မိဖုရားနှစ်ပါးလုံး တွေ့ပြီး အဲ့ကိစ္စကိုပြောကြတာပေါ့။ အဆုံးသတ်ကျ လောင်ဖူးရန်ရဲ့ လုပ်ရက်ကောင်းကို ကျေးဇူးတင်ဖို့ဖြစ်လာတော့တယ်။ လောင်ဖူးရန်က တကယ့်ကိုပဲ မယ်တော်မိဖုရားခေါင်ကြီးရဲ့ လူယုံဖြစ်သလို သူမတို့ရဲ့ ၀မ်းနည်းမှုကို စာနာနိုင်ပါလားလို့ တွေးမိကြတာပေါ့။  အဲ့ဒါကြောင့် မိဖုရားနှစ်ပါးက ကျေးဇူးတင်တဲ့အနေနဲ့ လက်ခံတဲ့သူတောင် အံ့သြယူရတဲ့တန်ဖိုးကြီး လက်ဆောင်တစ်ခုကို ပို့ပေးလိုက်တော့တယ်။

တန်ပြန်လက်ဆောင်တွေဆိုတာ အဲ့နေ့ကတည်းကပြန်ရတာပေါ့။ ပြီးတော့ လက်ဆောင်တွေဆိုတာ သေးသေးလေးတွေပဲ ဖြစ်သင့်တာလေ။ ဒါပေမယ့် လက်ဆောင်ပစ္စည်းတစ်ခုကတော့ အရမ်းတန်ဖိုးကြီးလွန်းနေတယ်။ လောင်ဖူးရန်ထင်တာက နတ်ရွာစံဘုရင်ရဲ့မိဖုရားနှစ်ပါးက လုံဟန့်ဆီကမျက်နှာလိုချင်လို့ပို့တယ်လို့အစက သူတင်တာ။ ဒါပေမယ့် အဲ့ဟာက အဓိပ္ပါယ်မရှိဘူး။ လုံဟန့်ကတော်၀င်သွေးပါတဲ့မင်းသားမှမဟုတ်တာ။ ပြီးတော့ သူတို့ကိုယ်တိုင်ကလည်း မယ်တော်ကြီးဖက်ကပဲလေ။ အခု သူမလည်းသေပြီဆိုတော့ မယ်တော်ကြီးရဲ့အုပ်စုထဲကနေ ထောက်ပံ့မှုကို ပြန်ရှာဖို့မှ မလိုတော့တာ။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now