(၁၁၀) မသန့်စင်လို့များလား? ကိုယ်လုပ်သည်ကိုမျက်နှာသာပေး၊ ဇနီးသည်ကို စွန့်ပယ်

6K 861 8
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - Jinnie Grace

(၁၁၀) မသန့်စင်လို့များလား? ကိုယ်လုပ်သည်ကိုမျက်နှာသာပေး၊ ဇနီးသည်ကို စွန့်ပယ်

အဲ့ဒါကြောင့် ဇာတ်လိုက်မင်းသားက သူတို့ဆက်ဆံရေးရဲ့ နေရာတစ်ခုချင်းဆီကိုနှစ်သက်တာပဲ။ ဘာအဖုအထစ်မှ အဖြစ်ခံမှာမဟုတ်ဘူး။

ဒီအကြောင်းကိုလည်း ၀တ္ထုမှာအကျယ်တ၀င့်ရှင်းပြထားပြီးသားပါ။ ပိုင်ရှန်းရှို့က ၀ိဉာဥ္ကူးပြီးကတည်းက သူမအသက်ရှင်ဖို့ကိုပဲအာရုံစိုက်နေခဲ့လို့သာ။ သူမကြိုးပမ်းသမျှ တွေးသမျှက ဒီရှေးခေတ်မှာ ဘယ်လိုအသက်ရှင်အောင်နေရမလဲဆိုတာပဲ။ အခုချိန်ထိ ဘယ်သမီးရည်းစားကိစ္စကိုမှ ခေါင်းထဲမထည့်နိုင်သေးဘူး။ အဲ့ဒါကြောင့်လည်း သူတို့နှစ်ယောက်ဆက်ဆံရေးမှာ သူမက အရမ်းရူးမိုက်နေသလိုပုံစံဖြစ်နေတာပေါ့။ ဒါပေမယ့် ဇာတ်လိုက်ကျော်တစ်ယောက် မူရင်း၀တ္ထုထဲကနဲ့သိပ်မတူတော့တာကိုတော့ သတိထားမိပါတယ်လေ။ အထူးသဖြင့်သူမကိုဆက်ဆံပုံက လုံး၀ကို ကွဲပြားနေတယ်။
 
အခြေအနေတွေပြောင်းပေမယ့် သူမကတော့ သူစိမ်းတစ်ယောက်အနေနဲ့ပဲနေချင်တယ်။ ဖြစ်နိုင်သမျှ ကိစ္စတွေထဲ၀င်မပါချင်ဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လိုက်မင်းသားဟာ အနှေးနဲ့အမြန်ဆိုသလို ဇာတ်လိုက်မင်းသမီးနဲ့ပေါင်းရမှာမို့လို့ပဲ။

အဲ့အကြောင်းကိုစပြီးစဥ္းစားမိတာနဲ့ သူမစိတ်ထဲ တစ်မျိုးကြီးခံစားလာရတယ်။

မင်းသားက အဲ့ဒီမိန်းမစေကိုဘာလို့အရမ်းအာရုံစိုက်နေရတာလဲ? မဟုတ်မှလွဲ မင်းသားက မင်းသမီးအပြင်နောက်တစ်ယောက်ထပ်ထားချင်နေတာလား? မဖြစ်နိုင်ပါဘူးလေ ဟုတ်တာ်မလား။ ၀တ္ထုထဲမှာ မင်းသားက မင်းသမီးကိုဘယ်လောက်ချစ်လဲဆိုတာ အသေအချာရေးထားတာပဲဥစ္စာ!

ပိုင်ရှန်းရှို့ခမျာ မျက်လုံးလေးကလည်ကလည်နဲ့ လည်ပင်းလေးဆန့်ပြီး အပြင်ကိုကြည့်ရှာတာပေါ့။ အစေခံကို စိုးရိမ်တဲ့ပုံစံလေးနဲ့။ ဒါပေမယ့် သူမရဲ့ပုံစံလေးက မင်းသားရဲ့ အာရုံကိုဖမ်းစားသွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ဒီအမျိုးသမီးလေးက သူ့အတွက်စိတ်ပူနေတယ်တဲ့လား။ မဟုတ်ရင် ဘာလို့ အဲ့လိုကြည့်မှာလဲ?

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Onde histórias criam vida. Descubra agora