(၃၁) ကိုယ်​လုပ်​တော်​ကို မြှောက်​စား၍ ပဏာမဇနီးကို ပစ်​ပယ်

19.3K 2.5K 163
                                    

(၃၁) ကိုယ်​လုပ်​တော်​ကို မြှောက်​စား၍ ပဏာမဇနီးကို ပစ်​ပယ်​ (No_Coz)

~~~~~~~~~~~~~~~~

ပိုင်​ရှန်းရှို့ကတော့ ယာယီ နားမကြားဟန်​ဆောင်​နေလိုက်​တယ်​။ တကယ်​တော့လည်း သူမ နာမည်​ကို တိုက်​ရိုက်​ကြီး ထည့်​ပြောနေတာမှ မဟုတ်​ဘဲလေ။ ဒါပေမယ့်​ သူမရဲ့ နာမည်​ကို ထုတ်​ဖော်​မပြောဘူးဆိုပေမယ့်​လည်း သခင်​မလင်​က သူမဆီကို လှမ်းလှမ်းကြည့်​နေတာ၊ တမင်​တကာ လုပ်​ပြတာလား၊ မရည်​ရွယ်​ဘဲ ကြည့်​မိတာလားတော့ မသိဘူး။ အဲ့သလို ကြည့်​ကြည့်​နေတော့ မြူ ဆွယ်​ဖြားယောင်းတတ်​တဲ့ ကိုယ်​လုပ်​တော်​ မောင်းမငယ်​တွေကို မျက်​မုန်းကျိုးတတ်​ကြတဲ့ ဖူးရန်​တွေ၊ မမလေးတွေအကုန်​ သူမကို လိုက်​ကြည့်​ကုန်​တော့တယ်​။

သူမကို အခုလိုမျိုး ဝိုင်းအာရုံစိုက်​နေကြတော့ သူမ အနေရကြပ်​လာတယ်​။ သူမသာ မသိနားမလည်​ချင်​ဟန်​ဆောင်​ပြီး သူတို့ကို လျစ်​လျူ ရှုနေရင်​ သူမကို ငတုံးမကြီးလို့ အားလုံးက ထင်​ကုန်​ကြတော့မှာပဲ။ သူမ လူသူအာရုံစိုက်​မခံလိုဘဲ ချောင်​ကလေးမှာ ကုပ်​နေချင်​ပေမယ့်​လည်း သူမ စိတ်​ထဲ ဒေါသအပူတွေ အုံကြွလာတာ ခံစားမိတယ်​။

သူမ လင်​ဖူးရန်​ကို ပြန်​တုန့်​ပြန်​ဖို့ နည်းလမ်းတွေ စဉ်းစားလိုက်​မိတော့တယ်။ ထိပ်​တိုက်​တွေ့ဖို့ကိုတော့ သူမ မစဉ်းစားတော့ဘူး။ အဲ့သလိုသာ လုပ်​ရင်​ မင်းသားလီအိမ်​တော်​ကို လူရယ်​စရာဖြစ်​သွားစေမယ့်​အပြင်​ အရံဇာတ်​ကောင်​ကလည်း သူမကို မုန်းသွားလိမ့်​မယ်​။ အဲ့သလိုတွေသာ ဖြစ်​ကုန်​ရင်​ သူမရဲ့ တစ်​ခုတည်းသော လွတ်​မြောက်​ရာ လမ်းကြောင်းကလေး လေတိုက်​လို့ လွင့်​ပြယ်​သွားတဲ့ မီးခိုးငွေ့လို ဖြစ်​သွားမှာပဲ။ နောက်​ပြီး ဇာတ်​လိုက်​မင်းသားရဲ့ ဒေါသကို ဆွပေးလိုက်​သလို ဖြစ်​သွားရင်​လည်း မင်းသားလီအိမ်​တော်​ကို ပြန်​ရောက်​တာနဲ့ ရိုက်​သတ်​ခံရလောက်​တယ်​ဆိုတာကလည်း ပစ်​မလွဲဘဲ။ ဒါပေမယ့်​ ဒီလိုဆို သူမ ဘယ်​လို ဘာတွေ လုပ်​ရတော့မလဲ။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now