(၃၈) ရုပ်ဆိုးလွန်း၊ ဆူးများလွန်း

17.3K 2.3K 55
                                    

Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder#TableOfContents

(၃၈) ရုပ်ဆိုးလွန်း၊ ဆူးများလွန်း (Jas_astra)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အနည်းဆုံး သူ့ကိုလာနှစ်သိမ့်ပေးဖော်ရတဲ့ အဓိကဇာတ်လိုက်နဲ့တောင် မယှဉ်နိုင်ဘူး မင်း ဒဏ်ရာကိုကျင့်သားရသွားမှာပါလို့ ပြောတဲ့ထူးထူးဆန်းဆန်း နည်းလမ်းတွေဆိုပေမဲ့ပေါ့!
သူ့စကားလုံးတွေကနှစ်သိမ့်ရုံသက်သက်ဆိုတာဟုတ်ပါတယ် ဒါကြောင့် သူ့အမူအရာကတအားထူးဆန်းနေတာများလား
ဘာလို့အဓိကဇာတ်လိုက်ကသူ့ကိုနှစ်သိမ့်ပေးနေတာလဲ
အရမ်းထူးဆန်းလွန်းတယ်!

ပိုင်ရှန်းရှို့စိတ်တွေရှုပ်သွားတယ် ဇာတ်လမ်းတစ်ခုလုံးရဲ့plotတွေအကုန်လုံး လုံးဝသွေဖယ်ကုန်ပြီ တကယ်ဆိုရင်အခုချိန် အဓိကဇာတ်လိုက်ကဇာတ်လိုက်မ ကို မုန်းရင်းနဲ့တစ်ချိန်တည်းမှာတွဲငြိပြီး လူတွေနဲ့လိုက်ဖမ်းခိုင်းသင့်နေပြီလေ ဘာလို့ဒီနေရာမှာဒီလိုအချိန်ဖြုန်းနေရတာလဲ အရံဇာတ်ဆောင်ကဒဏ်ရာရနေလို့များလား သူတို့တွေကမှစုံတွဲတွေများလား

အား စိတ်ရှုပ်ဖို့ကောင်းလိုက်တာ...
သူခေါင်းကိုအားနဲ့ဖိပွတ်လိုက်တယ် ဒီကိစ္စတွေအကုန်လုံးကိုကိုင်တွယ်ဖို့အားမရှိတော့သလိုပဲ

"အာ့..." သူ လက်ကိုလှုပ်မိလိုက်လို့ ပခုံးကထပ်နာလာပြန်တယ် တကယ်စိတ်အနှောင့်အယှက်ပေးတဲ့ ဒဏ်ရာပဲ!

ဒီလိုမျိုးနဲ့ပဲ သူမ မထနိုင်မချင်း တစ်နေ့လုံးလှဲနေရတော့တယ် နောက်ဆုံးမှာတော့ ထနိုင်ပြီးဟိုဟိုဒီဒီလေးလျှောက်နိုင်သွားတယ် ဒါတောင်ခြေတစ်လှမ်းလှမ်းတိုင်းမတရားနာတယ် ပြင်ထားတဲ့လှည်းဆီသွားဖို့ ကူမယ့်သူမလာသေးခင် သူမ လုပ်နိုင်တာတစ်ခုတည်းက အခန်းထဲဟိုဟိုဒီဒီလှည့်လျှောက်နေရုံလေးပဲ

ဇိမ်ခံလှည်းကြီးက ဆေးခန်းရဲ့နောက်ဖေးဝင်းထဲဝင်မဆန့်ဘူး ဒါနဲ့ ခေါင်းမော့ကြည့်လိုက်တဲ့အချိန် ခြံဝန်းတံခါးပေါက်တွေ ပြိုလဲနေတာတွေ့ရတော့ သူမ စိတ်ပျက်အားလျော့သွားတယ်!

ဒီတစ်ခေါက်တော့ ဇာတ်ရံကိုတွေ့ခဲ့ရပြီ။ သူ့ဒဏ်ရာလည်းပေါ့သေးသေးမဟုတ်ဘူး ဒါပေမဲ့ သူက သွားလာနိုင်နေပြီ ကိုယ်ခံပညာလေ့ကျင့်ထားသူတွေနဲ့တကယ်ကွာတာပဲ

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now