(၃၅) ကျင်းဟူများ၏ လက်​စား​ချေသတ်​ဖြတ်​ခြင်း

17.1K 2.4K 126
                                    

Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder#TableOfContents

(၃၅) ကျင်းဟူများ၏ လက်​စား​ချေသတ်​ဖြတ်​ခြင်း (Jinnie_Grace)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြို့​တော်​ကိုပြန်​တဲ့လမ်းမှာ မင်းသားလီရဲ့အိမ်​​တော်​နဲ့ စုန့်မိသားစုတို့ရဲ့ ချန်​လှပ်​ခြင်းကိုခံခဲ့ရတဲ့အခါ သခင်​မလင်​ တကယ်​ကိုပဲ ​ကြောက်​ရွံ့​နေမိတယ်​။ အခုလက်​ရှိမှာ​တော့ ခရိုင်​ရုံး​တော်​မှာ​နေရင်း ​​ဆေးကိုတစ်​ခွက်​ပြီးတစ်ခွက်​​သောက်​ကာ သူမကိုယ်​သူမ စိတ်​တည်​ငြိမ်​​​အောင်​ကြိုးစား​နေရတယ်​။ မင်းသားလီ အိမ်​​တော်​က သူမတို့ကို ကူညီ​ပေးဖို့ မလာနိုင်​ဘူးဆိုတာကို သူမကြားသိရတဲ့အခါမှာ လက်​ထဲမှာကိုင်​ထားတဲ့​ဆေးရည်​ခွက်​​တောင်​ ​မြေပြင်​​ပေါ်ကိုပြုတ်​ကျပြီး အစိတ်​စိတ်​အမွှာမွှာ ကွဲ​ကြေသွားရတော့တာပဲ။ သူမ​ဒေါသတကြီးပဲ ဟစ်​​အော်​မိလိုက်​တယ်​။ "သူ့မှာ စစ်​တပ်​တစ်​တပ်​လုံးကို​တောင်​ ထိန်းချုပ်​နိုင်​တဲ့အင်​အားရှိတာ
ဘာလို့ ဒီ​တောပုန်းဓားပြ​တွေကို ​ကြောက်​​နေရမှာလဲ...!"

အဲ့ဒီသတင်းကို ယူလာတဲ့ အ​စေခံအမျိုးသမီးကြီးက ပြန်​​ပြောလိုက်​တယ်။ "သူတို့​ပြောပုံအရ​တော့ မင်းသားလီက ရဲမက်​ ၁၀​ ယောက်​​ကျော်​ကိုပဲ​ခေါ်လာခဲ့လို့ပါတဲ့... ပြီး​တော့ ​လောင်​ဖူးရန်​တို့ကိုလည်း အပြန်​ခရီးမှာ ကာကွယ်​ဖို့ရှိ​သေးတာမို့ ကျွန်​မတို့ကို အကူအညီမ​ပေးနိုင်​တာလို့ ​ပြောပါတယ်​ သခင်​မ"

"ဒါ သူ​ တမင်​လုပ်​တာမလား... သူ့ရဲ့ဇနီး​လောင်းဖြစ်​လာမယ့်​သူနဲ့ ပတ်​သတ်​​နေတဲ့ကိစ္စကို​တောင်​ မကူညီပဲ အ​လေးမထားတဲ့ပုံစံလုပ်​တာ..." သခင်​မ လင်​က​တော့ အလွန်​အမင်းကို ​ဒေါသထွက်​​နေ​တော့တယ်​​။
လောင်​ဖူးရန်​ ဘယ်​လိုလူမ်ျိုးလဲဆိုတာ သူမ​ကောင်း​ကောင်းသိတယ်​​။ သူမသားသာ တစ်​ခုခုဖြစ်​​ခဲ့မယ်​ဆိုရင်​ လင်​မိသားစုကို ​သေချာ​ပေါက်​ငြိမ်းငြိမ်းချမ်းချမ်း​နေခွင့်​​ပေးမှာမဟုတ်​ဘူး။

"သခင်​မ... စိတ်​ကို​လျှော့ပါ... ဒီစကား​တွေက...." ဒီသခင်​မက တကယ်​ကိုစိတ်​မရှည်​ဘူး။ အကယ်​၍ ဒီစကား​တွေသာ မင်းသားလီနားထဲကို ပြန်​​ရောက်​သွားမယ်​ဆိုရင်​ မင်္ဂလာကိစ္စဟာ ဖုန်​မှုန့်​​လေး​တွေလို​ပျောက်​ကွယ်​သွားနိုင်​တယ်​။ သူတို့ မမ​လေးဆိုတာကလည်း လူ​တွေကို တစ်​ရက်​​လေး​တောင်​​အေး​အေး​​ဆေး​ဆေး​နေခွင့်​ပေးတာ မဟုတ်​ဘူး။ အကယ်​၍ ဒီအ​ကြောင်း​တွေသာ ​ပေါက်​ကြားသွားရင်​ သူမရဲ့ဂုဏ်​သတင်းက ရစရာမရှိ​အောင်​​မြောင်းထဲ​ရောက်​သွားနိုင်​တယ်​။ ဘယ်​မိသားစုကမှလည်း သူမကို ချွေးမအဖြစ်​ လိုချင်​​တော့မှာမဟုတ်​ဘူး။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now