(၃) စစ်ပြန်ကြီးကို ပြဿနာရှာ၍ မဖြစ်

21.9K 2.3K 32
                                    

Burmese Translation of "Doomed to be cannon-fodder"

(၃) စစ်ပြန်ကြီးကို ပြဿနာရှာ၍ မဖြစ်(choco_natasha/No_Coz)
_________________________________

"ဆိပ်ကမ်း?" ပိုင်ရှန်းရှို့ အထူးတဆန်းမေးလိုက်တယ်။

"ဟုတ်တယ်! သဘောင်္ဆိပ်ကမ်းမှာ အမြဲတမ်း အခြားနိုင်ငံက ပစ္စည်းတွေ ရောက်နေတတ်တယ်။ သခင်မအလိုရှိတဲ့ပစ္စည်းက အဲဒီ့မှာ ရှိနိုင်လောက်ပါတယ်။" သူမ သခင်မက အရင်တုန်းကအတိုင်းသာဆိုရင် ရှောင်ရှီ ဒီလိုအကြံဥာဏ်မျိုး ဘယ်တုန်းကမှ ပေးရဲခဲ့မှာမဟုတ်ဘူး..။ ဒီခြံဝန်းထဲမှာ ဒီလိုအလွယ်တကူ ထွက်ချင်စိတ်ပေါက်တိုင်း ထထွက်သွားလို့ရတာမှ မဟုတ်ဘဲ။ ရှောင်ရှီ ကတော့ သူမသခင်မရဲ့ နှစ်လိုဖွယ်ကောင်းမှုမှာ ပြုစားခံလိုက်ရပြီလို့ သူမကိုယ်သူမယုံကြည်လိုက်တော့တယ်။

ဒါအမှန်ပဲ...! ဒီလို ဝတ္ထုမျိုးထဲမှာ ဒီလို အပြသ်ခိုးထွက်တဲ့ ဇာတ်ကြောင်းအသွားတွေ ရှိတတ်တယ်။ ပိုင်ရှန်းရှို့ သူမရဲ့မေးစေ့ကို ပွတ်လိုက်တယ်။ အပြင်ထွက်ဖို့ဆုံးဖြတ်ချက်နဲ့အတူ ပူလောင်လာပြီ။ သူမဘယ်လိုထူးဆန်းတဲ့အရာမျိုးကိုဖြတ်ကျော်လာဦးမလဲဆိုတာ ဘယ်သူသိမှာလဲ...? သူမမှာ ဒီကသူမရဲ့ရုပ်ရည်အသွင်အပြင်နဲ့ ပတ်သက်လို့ အရမ်းကို အံ့သြမင်သက်စရာကောင်းတယ်ဆိုတဲ့ ခံစားချက်မျိုး ရှိတယ်။ အပြင်ကို သွားဖို့ဆိုတဲ့ ဆုံးဖြတ်ချက်က လောင်မြိုက်လာရင်း ပိုင်ရှန်းရှို့ သူမမေးစေ့ကို ပွတ်သပ်နေခဲ့တယ်။

လူအများစုက သူတို့ ဝိဥာဉ်မကူးပြောင်းခင်မှာ ကိုမာဝင်တာဖြစ်ဖြစ် သေဆုံးသွားခဲ့တာမျိုးဖြစ်ဖြစ် ခံစားခဲ့ကြရမှာပဲ..။ သူမ ဖြစ်ရပ်မှာတော့.. ဘာတစ်ခုမှ အမှားအယွင်းမရှိခဲ့ဘူး..။ သူမ လုံးဝကို ကျန်းမာတယ်။ ဒီလို ဗီလိန်ဖြစ်ရမယ့် ကံကြမ္မာနဲ့ ဒီခြံဝန်းထဲမှာ သူမ ဘယ်လို အဆုံးသတ်နိုင်မှာလဲ?

ပိုင်ရှန်းရှို့ .. သူမပြန်ပြီး စိတ်မတည်မငြိမ်မချင်း ပတ်ပတ်လည် လမ်းလျှောက်နေမိခဲ့တယ်..။ အပြင်ထွက်ဖို့အတွက် လောင်ဖူးရန်(ယွခမကြီး)ရဲ့ ခွင့်ပြုချက်ရဖို့က စကားနဲ့ပြောမယ်ဆိုရင်တောင် တကယ် ခက်ခဲတယ်။ "ဟာ့...!" အဲ့ဒီ့လောင်ဖူးရန်က အတော့်ကို ရှေးရိုးစွဲသူတစ်ယောက်ဖြစ်ပြီး အလွန်အမင်း ချုပ်ချယ်တယ်။ သူ့သားရဲ့ မိန်းမတွေ လတ်လျားလတ်လျားလျှောက်သွားပြီး ပျားပိတုန်းတွေ လိပ်ပြာတွေ စွဲဆောင်နေမှာကို သူမ မလိုလားဘူး။ အဲ့တာကြောင့်မို့လို့ သူမက အဓိက မင်းသမီးဇာတ်ကောင်နဲ့ မသင့်မြတ်နိုင်တဲ့ ဆက်ဆံရေးရှိခဲ့တာဖြစ်တယ်။ ကိုယ်လုပ်တော်အသစ် လေးယောက်စလုံးက မင်းသားနဲ့ ဘယ်လိုဆက်ဆံရေးမျိုးနဲ့မှ မရင်းနှီးခဲ့ရင်တောင် ဒီဝန်းခြံထဲကနေ မသေပဲနဲ့တော့ ခြေတစ်လှမ်းတောင် ထွက်နိုင်မှာ မဟုတ်ဘူး..။ သူမခန္ဓာကိုယ်မှာ တုန်လှုပ်မှုတစ်ခု ဖြတ်ပြေးသွားပြီး သူမအတွေးများလည်း ရပ်တန့်သွားခဲ့တယ်။ ဒီလောင်ဖူးရန်က ကံကြွေးရှင်စနစ်ခေတ်က စစ်ပြန်ကြီးလိုပဲ.. ပိုင်ရှန်းရှို့အနေနဲ့ ပြဿနာကို မဆွဲဆောင်သင့်ဘူး...!

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now