(၂၇) ဇာတ်​လိုက်​က ဘာဖြစ်​တာလား...

18.5K 2.2K 80
                                    

(၂၇) ဇာတ်​လိုက်​က ဘာဖြစ်​တာလား... [No_Coz]
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူ သူမကို တွေ့သွား မြင်​သွားခဲ့တာကို ပိုင်​ရှန်းရှို့ကတော့ စိတ်​ထဲ ဘယ်​လိုမှ မနေခဲ့ဘူး။ ဒါပေမယ့်​ သူ ခုလို ရုတ်​တရက်​ကြီး ရောက်​လာတာကိုတော့ နားမလည်​နိုင်​ဖြစ်​နေရတယ်​။

သူမက ဇာတ်​လိုက်​မင်းသားနဲ့ သိပ်​လည်း အဆက်​အဆံမရှိခဲ့ပါဘူး။ သူမဆီ လာတဲ့ တစ်​ခါတစ်​လေဆိုတာလည်း သူ မျက်​နှာထားအေးတိအေးစက်​နဲ့ ထွက်​သွားရတာတွေပဲလေ။ ဒီတစ်​ခါမှာတော့ သူ ဘာကိစ္စနဲ့ ရောက်​လာရတာလဲ။ သူမ ဒဏ်​ရာတွေအတွက်​ လာမေးတာတော့ မဟုတ်​ပါဘူးနော်​။ ပြီးတော့လည်း ဝတ္ထုထဲမှာဆိုရင်​ ဇာတ်​လိုက်​မင်းသမီး ပျောက်​သွားတဲ့အခါမှာ ဇာတ်​လိုက်​မင်းသားက အကြီးအကျယ်​တုံ့ပြန်​ပြီး သူမ နောက်​ကို လိုက်​ဖမ်းဖို့ လူတွေ အများကြီး လွှတ်​ခဲ့တာ။

သူ ကိုယ်​တိုင်​ မသွားခဲ့ဘူးဆိုပေမယ့်​ သူ့ငယ်​သားတွေကလည်း အတော်​ကို အရည်​အချင်းရှိကြတာပဲ။ သိပ်​တောင်​ မကြာဘူး၊ ဇာတ်​လိုက်​မကို အမြန်​ပြန်​တွေ့သွားကြတယ်​။ နောက်​တော့ ဇာတ်​လိုက်​မကို ဆက်​သွယ်​ပြောဆိုဖို့ သူ ကိုယ်​တိုင်​လိုက်​သွားခဲ့တယ်​။ ဖြစ်​နိုင်​တာ သူ ဇာတ်​လိုက်​မင်းသမီးနောက်​လိုက်​ဖို့ လူတွေ လွှတ်​ထားပြီးကောင်း လွှတ်​ထားပြီး ဖြစ်​နိုင်​တာပဲ။ သူမ မသိသေးတာများလား။ ဘယ်​လိုပဲဖြစ်​နေ ဖြစ်​နေ၊ သူ ဝင်​လာတာတွေ့တော့ သူမ ဂါရဝပြု နှုတ်​ဆက်​ရတော့တယ်​။

"ထတော့... မင်း ဒဏ်​ရာရနေရင်​ သိပ်​ပြီး စည်းတွေ ဘောင်​တွေ အတိုင်း လိုက်​လုပ်​နေစရာမလိုဘူး... အပြင်​ရောက်​နေရင်​လည်း လုပ်​မနေပါနဲ့ ..." သူ ရှေ့ကိလြှမ်းပြီး သူမကို ထူမပေးလိုက်​ချင်​မိတယ်​။ ဒါပေမယ့်​ ရှောင်​ရှီက ပိုသွက်​ပြီး ဦးသွားတယ်​။ သူမ သခင်​မဘေးနား လှစ်​ကနဲရောက်​လာပြီး ထူပေးလိုက်​တယ်။ ရှောင်​ရှီမှာ သူမ သခင်​မရှို့ကို ထူပေးပြီးတာနဲ့ တစ်​ကိုယ်​လုံး စိမ့်​ပြီး ချမ်းတုန်​သွားမိသလို ခံစားလိုက်​ရရှာတယ်။ မင်းသားကို ပြန်​လှည့်​ကြည့်​မိတော့ သူမ နေထိုင်​မကောင်းတောင်​ ဖြစ်​ချင်​လာမိသလိုပဲ၊ လုံဟန့်​ မျက်​ထောင့်​နီကြီးနဲ့ သူ့ကို စောင်းခဲကြည့်​နေတာ တွေ့လိုက်​ရတော့ သူမ မေ့တောင်​လဲသွားတော့မလို ဖြစ်​သွားရတယ်​။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now