part 1

5.1K 292 4
                                    

unicode

အပိုင်း ၁။ အဆိပ်ဝိုင် (၁)
ဆောင်းတွင်းမိုးက အေးသည်။ မိုးကုပ်စက်ဝိုင်းပြင်၏ မှောင်မည်းနေသော လျှပ်စီးကပင် ခြောက်ခြားဖွယ် လင်းလက်နေ၏။ ဒါက လူအများကို ကူကယ်ရာမဲ့မှုများ သယ်ဆောင်လာစေသည်။
ထိုအထဲတွင် ယဲ့ကျန်းကမူ ချွင်းချက်ဖြစ်သည်။ သူမက တံခါးအပြင်ဘက်တွင် နာရီပေါင်းများစွာ မတ်တတ်ရပ်ကာ စောင့်ဆိုင်းနေခဲ့ရသည်။ သူမ ရိုးသားစွာ စောင့်ဆိုင်းနေခဲ့၏။ ဒါက လျှပ်စီးလက်နေခြင်းကို အလှကြည့်ချင်၍ မဟုတ်ပေ။ ထိုအစား အင်ပါယာချိတ်စည်းတံဆိပ် ကပ်ထားခဲ့၍ အထဲသို့ ဝင်ခွင့်မရသောကြောင့်ဖြစ်သည်။

သူမ၏ အနက်ရောင်ဆံနွယ်များကမူ မိုးရေဖြင့် စိုစွတ်နေသည်။ အချို့သောမိုးရေများကမူ ပါးပြင်ပေါ် ကျဆင်းနေ၏။ ယင်းက သူမ၏ အမူအရာသွင်ပြင်ကို အန္တရာယ်ကင်းကာ သနားစဖွယ် ဖြစ်စေသည်။ ထိုသို့ဖြစ်နေသည့်တိုင်အောင် သူမက တည်ငြိမ်စွာ မတ်တတ်ရပ်နေခဲ့သေးကာ ရာသီဥတု၏အအေးဒဏ်ကို ဂရုစိုက်ဟန်ပင် မရပေ။
"ဝမ်ဖေး ရထားလုံးထဲမှာ ဝင်စောင့်ရအောင်၊ ဘယ်အချိန်မှန်းတော့ မသိပေမဲ့ တစ်ချိန်ချိန်မှာ အင်ပါယာအရှင်က တစ်ယောက်ယောက် စေလွှတ်ပြီး နန်းတော်ထဲကို ခေါ်ဆောင်မှာပါ"
သူမ၏အစေခံက စိုးရိမ်စွာ ပြောလာသည်။
သူမက ယခင်မင်းသား၊ တစ်နည်း လက်ရှိအင်ပါယာ မော့ရုန်ကျန်းကို လက်ထပ်ထားခဲ့သူဖြစ်သည်။ သူက လွန်ခဲ့သော နှစ်ရက်ကတည်းက ထီးနန်းကို ဆက်ခံခဲ့၏။ ဓလေ့ထုံးတမ်းအရဆိုလျှင် သူမကို သူနှင့်အတူ နန်းတော်အတွင်းသို့ ခေါ်ဆောင်သွားသင့်သည်။ မည်သို့ပင်ဆိုစေ သူမက သူ၏ဝမ်ဖေး ဖြစ်၏။ သို့သော် ယခုအချိန်အထိ ဘာသတင်းမှ ရောက်မလာခဲ့သေးပေ။
ယဲ့ကျန်း မသက်မသာ ခံစားရသည်။ သူမ သူနှင့် လက်ထပ်ခဲ့ချိန်က ၁၃နှစ်သာရှိသေး၏။ သနားစဖွယ် တွေးတောရလျှင် လက်ထပ်ပြီး နှစ်နှစ်တိုင်တိုင် ကြာသွားသည့်တိုင်အောင် သူသည် သူမကို လာမတွေ့ခဲ့ပေ။ ပြောရလျှင် သူ့ကို သူနောက်ဆုံးတွေ့ခဲ့ချိန်က သူတို့ လက်ထပ်ခဲ့သောနေ့တွင်ဖြစ်သည်။ လက်ရှိအခါ သူမက အရွယ်ရောက်သောသူတစ်ယောက် ဖြစ်လာခဲ့လေပြီ။ သူမကို သူ မှတ်မိမည်ပင်မထင်ပေ။
အခု အင်ပါယာထီးနန်းကို ရသွားပြီဆိုတော့ အင်ပါယာနန်းတော်ထဲကို ငါ့ကို လာခေါ်သွားတော့မှာလား။
"ဝမ်ဖေး"
သတင်းသွားစုံစမ်းပြီး လာရောက် အကြောင်းကြားသော အစေခံတစ်ယောက်က အလောတကြီး ပြန်လာသည်။ သူမ၏တည်တင်းနေသော မျက်နှာထားကို ကြည့်ရုံဖြင့်ပင် ယဲ့ကျန်းအနေဖြင့် သတင်းက မကောင်းနိုင်ကြောင်း သိလိုက်ရ၏။ တရားဝင်ဇနီးရှေ့တွင် ရပ်နေသော အမြှောင်မယားတစ်ယောက်အလား ထိုအစေခံက အသက်ပြင်းပြင်းရှူကာ ဖြည်းညင်းစွာဖြင့် ပြောလာသည်။
"ဒီအစေခံကြားခဲ့တဲ့အတိုင်းဆိုရင် သခင်မလေးလုကို နန်းတော်ကို ခေါ်ဆောင်သွားပါပြီ၊ တော်ဝင်ရထားလုံးက မနေ့က သူမအတွက်နဲ့ စေလွှတ်ခဲ့တာပါ"
သူမက အသက်ရှူအောင့်ပြီးနောက် ဆက်ပြောသည်။
"အင် အင်ပါယာအရှင်ရဲ့အမိန့်တော်အရဆိုရင် ..."
ယဲ့ကျန်း၏နှလုံးသားက ဝရုန်းသုန်းကားဖြစ်လာသည်။ သူမ၏ တုန်ယင်နေသော လေသံဖြင့် ပြောလိုက်သည်။
"တော်ဝင်အမိန့်တော်က ဘာပြောလဲ"
"ယဲ့စံအိမ်က တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေ အားလုံးကို သိမ်းယူစေပြီး မနက်ဖြန်မနက်မှာ ယဲ့မိသားစုတစ်ခုလုံးကို အရှင်မင်းကြီးရဲ့အမိန့်တော်နဲ့ ခေါင်းဖြတ်သတ်မှာပါ"
ထိုအစေခံက အော်ငိုတော့သည်။
"ဟမ် ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ"
ယဲ့ကျန်း တုန်ယင်သွားတော့၏။
သူမ မေ့လဲလုမတတ် ဖြစ်သွားသည်။ သည်သတင်းက သူမအတွက် များလွန်းသည်။ သူမ ဒူးထောက်ခွေကျမတတ်ဖြစ်သွား၏။ သို့သော် ထိုအစေခံက သူမ လဲပြိုမကျသွားချိန်တွင် ဖမ်းထိန်းလာခဲ့၏။
သူမ၏ တစ်မိသားစုလုံးက သူမ လက်ထပ်ထားသောသူ၏ အမိန့်ကြောင့် ခေါင်းဖြတ်သတ်ခံရတော့ပေမည်။ ဒါတွေအားလုံးက အိပ်မက်ဆိုးများသာ ဖြစ်သွားရန် မျှော်လင့်မိ၏။ သို့သော် မိုးခြိမ်းသံက ယင်းသည် အစစ်အမှန်ဖြစ်ကြောင်း ခါးသီးသောအမှန်တရားကို ပြပေးနေခဲ့သည်။
ယဲ့မိသားစုတစ်ခုလုံးက ထိုယခင်မင်းသားဟောင်း လက်ရှိဘုရင်ဖြစ်လာစေရန် ကူညီပေးခဲ့သည်။ ယဲ့ကျန်းအနေဖြင့် မည်သည့်အတွက်ကြောင့် မော့ရုန်ကျန်းက ထိုသို့လုပ်ခဲ့ကြောင်း နားမလည်နိုင်တော့ပေ။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now