Part 162

916 102 2
                                    

162 01

အပိုင်း ၁၆၂

မျက်တောင်တခတ် အချိန်အတွင်းတွင် ထိုအရိပ်က ယဲ့ကျန်းကို ရေကန်ထဲသို့ ပြုတ်မကျမီ လမ်းတစ်ဝက်တွင် ဖမ်းထိန်းပေးနိုင်လိုက်သည်။ သန်မာသော လက်မောင်းများက သူမ၏ခါးကို နောက်သို့ ပြန်ဆွဲယူပြီးနောက်တွင် အခက်အခဲမရှိဘဲ လုံခြုံစွာ တစ်ပတ်လှည့်လိုက်နိုင်သည်။

ယဲ့ကျန်း အနေနှင့် ရေကန်ထဲသို့ ကျတော့မည်ဟု ထင်မှတ်ထားခဲ့သည်။ သူမက ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ မော့ရုန်ရီက အနားတွင် ရှိနေသည့်အတွက် သူ၏လူများက သူမကို ရေထဲမှ လာကယ်ဆယ်ပေလိမ့်မည်။ သို့သော် ထိုနေရာတွင် ထိုသို့ ဖြစ်သွားခဲ့ခြင်းက သူမကို ဂုဏ်သိက္ခာကျဆင်းစေသည်။

သူမက ရေထဲသို့ ကျသွားသည်နှင့် သူမ၏သခင်မလေးနာမည်က အစွန်းအထင်း ဖြစ်သွားတော့မည် ဖြစ်ကာ နန်းတော်သို့ ဝင်ပြီး တော်ဝင်သမားတော်ဖြစ်သည့် အရေးတွင်ပင် အခက်အခဲ ရှိလာနိုင်သည်။ ထိုအတွက်ကြောင့် ယဲ့ကျန်းအနေဖြင့် ပထမဆုံးအကြိမ် ထိုတော်ဝင်မင်းသမီးနှင့် သမီးဖြစ်သူ လျိုဟွားကို အလွန်ဒေါသထွက်မိသည်။

သူမက ထိုမိန်းမများကို ရန်လည်းမစသလို ပြဿနာလည်း မရှာလိုပေ။ သို့တိုင်အောင် ထိုမိန်းမများက သူမကို မြင်ပြီးကတည်းက ငြိမ်းငြိမ်းချမ်းချမ်း နေရအောင် အခွင့်မပေးခဲ့ချေ။

ပို၍ဆိုးသည်မှာ တော်ဝင်မင်းသမီးက အနားရှိအစေခံကို မျက်လုံးပင့်ကာ အချက်ပြလိုက်ခြင်းကိုလည်း သူမက ထင်ရှားစွာ မြင်တွေ့ရသေးသည်။ တကယ်ကို ကောက်ကျစ်ပြီး ယုတ်မာတာပဲ။

ထိုစဉ် သူမကို တွန်းလိုက်သည့် တစ်ခဏတွင် သူမကိုယ်သူမနှင့် သူမဂုဏ်သတင်းကို တစ်စုံတစ်ယောက်က ကယ်ဆယ်ပေးမည်ဟု မထင်ထားမိသည်မှာ မှန်ကန်သည်။

ထိုတစ်ခဏတွင် သူမကသာ ရေထဲသို့ ကျသွားခဲ့ပြီး သူမ၏သခင်မလေးနာမည် မပျက်စီးအောင် မည်သို့ လုပ်ရမည်နည်း ဆိုသည်ကိုလည်း တစ်ခါတည်း တွေးတောစဉ်းစားနေခဲ့သည်။ ကံကောင်းစွာဖြင့် သန်မာသော လက်များက သူမကို ခပ်တင်းတင်း ဖမ်းထိန်းပေးလာသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now