Part 169

826 91 3
                                    

အခန်း ၁၆၉

အဓိကခန်းမထဲတွင် တော်ဝင်မင်းသမီးနှင့် လျိုဟွားတို့က ထွက်မသွားကြသေးချေ။ သူတို့က မယ်တော်ကြီးနှင့် စကားပြောနေပြီး သခင်မကြီးလုကို လျစ်လျူရှု့ထားသည်။ မယ်တော်ကြီးကသာ တော်ဝင်မင်းသမီး၏ စိတ်ရင်းကို သတိမထားမိဟန်ဖြင့် သခင်မကြီးလုကို ကိုယ်တိုင်ကိုယ်ကျ စတင်ကာ စကားမကြာခဏ ပြောပေးနေခဲ့သည်။ သို့ရာတွင် တော်ဝင်မင်းသမီး၏ နှလုံးသားကမူ အချိန်တိုင်းလိုလို ပို၍မကျေမနပ် ဖြစ်လာရသည်။ ထို့ကြောင့် သူမက စတင်ပြီး ဒေါသအပြည့်နှင့် ပြောလိုက်သည်။

"သခင်မကြီးလုက တကယ်ကံကောင်းတာပဲ။ မြေးမတွေကို ပျိုးထောင်ဖို့ လွယ်မဲ့ပုံမရှိဘူး။ ဝမ်ဖေးပဲဖြစ်ဖြစ် လုယောင်ယောင်ပဲဖြစ်ဖြစ် နှစ်ယောက်လုံးက တကယ်ကို ကံကြမ္မာကောင်းရအောင် ကြိုးစားနိုင်ကြတယ်။ သခင်မကြီးလုက ကောင်းကောင်း ပျိုးထောင်နိုင်ခဲ့တဲ့ပုံပါပဲ"

တော်ဝင်မင်းသမီးက နှာခေါင်းရှုံ့သည်။ သူမ၏ မျက်နှာဟာလည်း မည်းမှောင်သထက် မည်းမှောင်လာပြန်သည်။

"တို့တွေရဲ့ မိသားစုက သခင်မလေးတွေ အားလုံးက ဘယ်အချိန်ကများ အချစ်သည်းလျာကလန်က သမီးပျိုတွေနဲ့ နှိုင်းယှဉ်နိုင်မှာတဲ့လဲ။ ဒီတိုင်း ဒီအဘွားကြီးရဲ့ မြေးမတွေက အခြားသူတွေထက် နည်းနည်းပိုပြီး ကြိုးစားကြရတာပါ။ အထူးသဖြင့် သူတို့ရဲ့ ပညာရေးမှာပဲ။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပါရမီက သူတို့ကို ဖိနှိပ်တဲ့ လူတွေဆီကနေ ကာကွယ်ပေးနိုင်ခဲ့တယ်"

ပေါက်ကရတွေ။

လျိုဟွားက စိတ်ထဲတွင် အော်ဟစ်နေသည်။

လုယောင်ယောင်က အမျိုးသမီးအကယ်ဒမီကို ဝင်ခွင့်ရအောင် တစ်ခုခု လုပ်ခဲ့တာပဲဖြစ်မယ်။

မင်းသမီးလျိုဟွားက လုယောင်ယောင်၏ မျက်နှာကို ဖြတ်ရိုက်ချင်သည်။ သူမအတွက်ကြောင့် လျိုဟွားအနေနှင့် အရှက်ခွဲခံခဲ့ရသည်။ ထိုအတွက်ကြောင့်သာ မကလေဘဲ သူမ၏ ဂုဏ်သိက္ခာကိုလည်း ဆုံးရှုံးခဲ့ရသည်။

အခြားတစ်ဖက်တွင် တော်ဝင်မင်းသမီးက သူမ၏နှလုံးသားကို အထိုးခွဲခံနေရသလို ခံစားနေရသည်။ သခင်မကြီးလုဟာ အကယ်ဒမီ စစ်ဆေးပွဲတွင် လုယောင်ယောင်ကို ဖိနှိပ်ရန် ကြိုးစားခဲ့သည့် သူမ၏ သမီးဖြစ်သူအကြောင်း ပြောနေခြင်း ဖြစ်လောက်သည်။ သူမ၏သမီးက သိပ်မကြာခင်ကမှ ငွေထည် သောင်းပေါင်းများစွာကို ဆုံးရှုံးခဲ့ကြောင်းကို ပြန်တွေးချိန်တွင် ဒေါသထွက်လာပြန်သည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now