part 15

2K 204 1
                                    

unicode

အပိုင်း(၁၅) ချစ်ခြင်း၏ အလှတရား(၁)

လုညီအစ်မ နှစ်ယောက်လုံးက ယဲ့ကျန်းကို တစ်ချိန်တည်း ကြည့်လာသည်။ တစ်ယောက်က အထင်တသေး ကြည့်ခြင်း ဖြစ်ပြီး အခြားတစ်ယောက်ကမူ သဘောမတူဟန် အားတင်း ပြုံးနေရ၏။ လုမိသားစုဝင် အချို့သာ ဆေးပညာနယ်ပယ် အတွင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်မည် ဆိုလျှင် လုမိသားစုအတွက် မျက်နှာသာ ရပေလိမ့်မည်။ သို့သော် သခင်မကြီး၏ ချီးကျူးမှု အနည်းငယ်နှင့် စာမေးပွဲကို အမှန်တကယ် အောင်မြင်ပြီး အမျိုးသမီး အကယ်ဒမီမှ ဂုဏ်ယူရသော ကျောင်းသူတစ်ယောက် ဖြစ်လာရန်က ခက်ခဲ၏။
အထက်တန်းလွှာ မိသားစုမှ အမျိုးသမီးပေါင်း များစွာက ကြိမ်ဖန်များစွာ ကြိုးစားခဲ့ကြသော်လည်း ကျရှုံးခဲ့ကြသည်က များသည်။ ထို့အပြင် စတင် လေ့လာသော အမျိုးသမီးများက အသက် အစောပိုင်း နှစ်များကတည်းက အကယ်ဒမီအတွက် အားစိုက်ကာ ကြိုတင် ပြင်ဆင်ကြခြင်း ဖြစ်၏။ လုယောင်ယောင်က (၁၅)နှစ်သို့ ရောက်နေပြီ ဖြစ်ကာ ယခုမှ အကယ်ဒမီသို့ လူသစ်အဖြစ် ဝင်ရောက်ရန်ကား အသက် ကြီးလွန်းနေခဲ့ပြီ ဖြစ်သည်။
ထိုအချက်အပြင် သူတို့ ပြောနေသော နယ်ပယ်က ဆေးဝါးအကယ်ဒမီ ကျောင်းတော် ဖြစ်သည်။ ပြောရမည်ဆိုလျှင် အကယ်ဒမီတွင် အခက်ခဲဆုံး နယ်ပယ်ဖြစ်၏။
တစ်စုံတစ်ယောက်က ပါရမီပါပြီး အရိုးများ ကျိုးပဲ့ကုန်သည် အထိ ကျော်ကြားမှသာ အောင်မြင်နိုင်သော နယ်ပယ် ဖြစ်သည်။
အကယ်ဒမီမှ ကျောင်းသူတိုင်းက အနုပညာ(၆)မျိုးကို တတ်မြောက်ရသည်။ တစ်စုံတစ်ယောက်က ဆေးပညာ နယ်ပယ်တွင် ရှင်သန်လိုလျှင် ဆေးဝါး ဖော်စပ်နည်းကို သေချာပေါက် ကျွမ်းကျင်အောင် တတ်မြောက် ထားရပေလိမ့်မည်။ သူမညီမ၏ မှတ်ဉာဏ် အပေါ် မှီခိုပြီး လုယောင်ယောင်က ဖေးရှီထံမှ အသုံးဝင်သော ဆေးစွမ်းရည်များကို သင်ယူခဲ့ဖူး၏။ သို့သော် ဖေးရှီက အဆင့်အတန်း မြင့်စွာ မွေးဖွားလာသော အမျိုးသမီး တစ်ယောက် မဟုတ်သည့် အပြင် အကယ်ဒမီမှ ကျောင်းသူလည်း မဟုတ်ပေ။ သူမ၏ နည်းလမ်းများက အကယ်ဒမီမှ အမှတ်များရရန် မလုံလောက်ချေ။
လုယောင်ယောင်က ထိုသို့ ဂုဏ်ယူစွာ ပြောရန်ပင် အဆင့် မမီနေခဲ့ပေ။ သူမ အနေဖြင့် ဒီနယ်ပယ်တွင် ဘာအတွေ့အကြုံမှ ရှိမနေခဲ့ပေ။ ဒီအတိုင်း အမျိုးသမီး အကယ်ဒမီသို့ ဝင်ရောက်ရန် ကြိုးစား ကြည့်နေခြင်းသာ ဖြစ်၏။
ဒီမိန်းမက တကယ်ပဲ အစ်ကိုကြီးကို အကူအညီ တောင်းပြီး အကယ်ဒမီကို တိုက်ရိုက် ဝင်ခွင့်ရအောင် လုပ်တော့မှာလား။
လုဖန်းနှင့် လုကျင်းတို့ နှစ်ယောက်လုံး၏ ခံစားချက်များက တူညီနေလောက်၏။ သို့ရာတွင် သခင်မကြီးလုကမူ ထိုမြေးနှစ်ယောက် ခံစားချက်ကို တွေးတောမနေပေ။ သူတို့ အားလုံးက သခင်မကြီးလု ကျေနပ်အောင် နှစ်ပေါင်းများစွာ သုံးခဲ့ကြသည်။ သို့သော် ယဲ့ကျန်း ရောက်လာသော တစ်လခန့်ကပင် သူတို့၏ မျက်နှာကို ဖြတ်ရိုက်ခဲ့လေပြီ။ သူတို့၏ မုန်းတီးမှု များပြားလာသည်နှင့် အမျှ အချိန်တို အတွင်း ယဲ့ကျန်းက သခင်မကြီး၏ သဘောကျမှုကို ရှာဖွေနိုင်သည့် အချက်က ထင်ရှားလာခဲ့၏။
အတိတ်တွင် သခင်မကြီးလုက သာမန် စီးပွားရေး အမျိုးသမီးမျှသာ ဖြစ်သည်။ သူမက အလားအလာ ကောင်းသော အခွင့်အရေးများကို မြင်သောအခါ နှစ်ခါ မတွေးဘဲ ဖမ်းဆုပ်လေ့ ရှိ၏။ မည်သို့ပင်ဆိုစေ ယဲ့ကျန်း အောင်မြင်လျှင် မိသားစုအတွက် ဂုဏ်သိက္ခာ မြင့်လာပေလိမ့်မည်။ အချို့သော အင်အားကြီး နောက်ခံများက သူမကို လက်ထပ်ရန် ကမ်းလှမ်းလာနိုင်သေးသည်။
"နေပါဦး မင်းရဲ့ အစ်ကိုကြီး ပြန်လာတဲ့အထိပဲ စောင့်ပါ၊ ဒီအဖွားက သေချာပေါက် မင်းကို ထောက်ပံ့ပေးမယ်"
သခင်မကြီးလုက ကြေညာလိုက်သည်။
ယဲ့ကျန်းက ပျော်ရွှင်စွာ ကျေးဇူးတင် တုံ့ပြန်ကာ ဦးညွှတ်လိုက်၏။
ဒေါသများ ပြည့်နေသော လုကျင်းက ယဲ့ကျန်း အလွန် ယုံကြည်မှု ရှိနေသည့် အတွက် လှောင်ပြောင်လိုသည်။ သို့သော် သခင်မကြီးလု၏ ပျော်ရွှင်မှုကို မပြောင်ဝံ့ပေ။ ထို့ကြောင့် သူမက သူမ၏ လျှာကိုသာ ထိန်းထားလိုက်ရကာ အကောင်းဆုံး ရိုက်ချနိုင်မည့် အချိန်ကို စောင့်ဆိုင်း နေလိုက်၏။
သူမက မိသားစုမှ သခင်မလေး တစ်ယောက်မျှသာ ဖြစ်သည်။ ကိုယ်လုပ်တော်၏ သမီးဖြစ်၏။ သူက သခင်မကြီး၏ လေးစားမှုကို ပိုင်ဆိုင် ထားခြင်းမှာလည်း အကယ်ဒမီမှ လုပ်ဆောင်နိုင်မှု များကြောင့် ဖြစ်သည်။ သခင်မကြီးတွင် ကိုယ်ပိုင် သဘောထားများ ရှိသည်။ သူမသာ တစ်စုံတစ်ရာ မှားသွားလျှင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှက အလကား ဖြစ်သွားပေလိမ့်မည်။
သခင်မကြီးလုက မြို့တော်တွင် (၃)ရက် ကြာလျှင် ပန်းရှုစားခြင်း တွေ့ဆုံပွဲ ရှိကြောင်း ပြောလာသည်။ (၁)နှစ်လျှင် တစ်ကြိမ် ကျင်းပပြီး တော်ဝင် မိသားစု၏ ပိုင်ဟွားဥယျာဉ်တွင် ကျင်းပသည်။ ထိုနေရာကား အင်ပါယာ နန်းတော်၏ အဓိက နေရာတွင် တည်ရှိသော တော်ဝင်နန်းတော်နှင့် ကွာခြား၏။ ထိုနေရာက အမျိုးသမီး အကယ်ဒမီနှင့် နီးကာ တော်ဝင် မိသားစုမှ သခင်မလေးများ မကြာခဏ သွားရောက် လည်ပတ်ပြီး ပန်းများကို ရှုစားရာ နေရာလည်း ဖြစ်သည်။ ပွဲတော်များ အများစုက ထိုနေရာတွင် ကျင်းပလေ့ ရှိ၏။
ယခင်ကဆိုလျှင် လုမိသားစု၏ အဆင့်အတန်းအရ ပိုင်ဟွားဥယျာဉ်သို့ သွားရန် အရည်အချင်း မပြည့်မှီပေ။ သို့သော် လက်ရှိတွင် အရာအားလုံးက ကွာခြား သွားချေပြီ။
သခင်မကြီးလုက သူမ၏ ဒီမြေးမ (၃)ယောက်လုံးကို ပွဲတော်သို့ ခေါ်သွားပြီး လုမိသားစုက ကုန်သည် မိသားစု ဖြစ်သော်လည်း ဒီလောက် လိမ်မာယဉ်ကျေး သိမ်မွေ့သော မိန်းကလေးများကို ပျိုးထောင်နိုင်ကြောင်း ကြွားလိုသည်။
"ပန်းရှုစားခြင်း တွေ့ဆုံပွဲ ဟုတ်လား"
ယဲ့ကျန်း၏ စိတ်ထဲတွင် ထိုစကားလုံး(၃)လုံးက ခြိမ်းကနဲ မြည်ဟီးသွားသည်။သူမ မမေ့နိုင်သော အတိတ် အကြောင်းအရာကို ပြန်တွေးလိုက်မိ၏။
သူမ အသက်(၇)နှစ် အရွယ်တွင် သူမနှင့် မော့ရုန်ကျန်းတို့က ပန်းရှုစားခြင်း တွေ့ဆုံပွဲတွင် ဆုံခဲ့ခြင်း  ဖြစ်သည်။ ထိုအချိန်က သူက ကန်းနေပြီး ကျော်ကြားမှု မရှိသော မင်းသားတစ်ပါးသာ ဖြစ်၏။ သူမကမူ ယဲ့မိသားစုကဲ့သို့ မြို့တော်မှ အလွန်ကျော်ကြားသော မိသားစုကြီး၏ ပဏာမသမီး ဖြစ်သည်။ လူထောင်ပေါင်း များစွာက သူမကို ချစ်မြတ်နိုးကြ၏။
"မြို့တော်က အထက်တန်းလွှာ မိသားစုတွေက အဲဒီမှာ ရှိနေကြလိမ့်မယ်။ အဖွားရဲ့ အချစ်လေးတို့ ဒီအဖွားနဲ့ အတူ လိုက်ခဲ့ရမယ်၊ အထူးသဖြင့် ယောင်ယောင်ပဲ"
သခင်မကြီးလု၏ မျက်ဝန်းက တောက်ပနေသည်။
သခင်မကြီး၏ လေသံမှ စိတ်လှုပ်ရှားမှုကို ခံစားမိသောအခါ ယဲ့ကျန်းက မျက်လွှာ ချလိုက်သည်။ သူမ၏ နှုတ်ခမ်းများက တင်းကြပ်သွား၏။
"အဖွား သမီး သွားတဲ့အခါ အဖွားကို အရှက်ရစေမှာပဲ စိုးရိမ်မိပါတယ်"
"ပေါက်ကရတွေ"
သခင်မကြီးလုက အော်သည်။
"လုမိသားစုက သူတို့ တော်တန်ရုံ လိုက်မမီနိုင်တဲ့ အဆင့်မှာ ရှိနေတာပဲ"
လုကျင်းက သခင်မကြီးလု ယဲ့ကျန်းကို ထိုနေရာသို့ ခေါ်သွားလိုသည့် စကားကို ကြားသောအခါ စိတ်ထဲတွင် လှောင်ရယ်နေသည်။
ယဲ့ကျန်းလို ပိန်ပါးပြီး မည်းတူးနေတဲ့ တောကြိုအုံကြားက ဖရုံသီးမက ဘာလုပ်နိုင်မှာလဲ။
ယဲ့ကျန်း သူ့မျက်နှာ သူ ထိတွေ့လိုက်ကာ ပြောသည်။
"သမီးက ကြည့်မကောင်းဘူးလေ"
သခင်မကြီးလုက ရယ်သည်။ ယဲ့ကျန်း၏ စကားက ရူးနှမ်းလွန်းသည်ဟု ခံစားရ၏။
"နယ်စပ်မြို့က လာပြီး အသားမည်းနေတဲ့ မိန်းကလေးတွေ မတက်ရဘူးလို့ ဘယ်သူကများ ပြောလိုက်သလဲ၊ အချိန် အနည်းငယ် ကြာပြီး ကောင်းကောင်း အားဖြည့်လိုက်ရင် သေချာပေါက် ယောင်ယောင်လေးက မဟာ အလှလေး ဖြစ်လာမှာ။ ပြောရရင် အခုကတည်းက လှနေပါပြီ။ သံသယ မဝင်နဲ့"
တကယ်ကို ရှုံးနိမ့်နေတဲ့ တိုက်ပွဲပဲ။
ယဲ့ကျန်း တွေးလိုက်သည်။
သခင်မကြီးလုက သူမ၏ နည်းလမ်းများကို အမြဲတမ်း အာဏာသုံးကာ သူမ၏ ဆန္ဒများနှင့် စိတ်ဆန္ဒများကို အားလုံးကို အာမခံနိုင်စွမ်း ရှိနေခဲ့၏။ သူမက ယဲ့ကျန်းကို ပန်းရှုစားခြင်း တွေ့ဆုံပွဲသို့ တက်စေလိုလျှင် သူမ သေချာပေါက် တက်ရပေလိမ့်မည်။
ချီးကျူး ခံရသော အပြုံးကို ချိတ်ဆွဲထားသည့် ယဲ့ကျန်းက သခင်မကြီးလု၏ ချီးကျူးမှုကို ကျေးဇူး တင်လိုက်သည်။
"အဖွားက သမီး လှတယ်လို့ ပြောနေမှတော့ သမီး ယုံလိုက်ပါ့မယ်၊ ဒီလိုဆိုရင် အစ်မတွေ ညီမတွေနဲ့ အတူ အဖွားကို အဖော်ပြုပြီး တွေ့ဆုံပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ လိုက်ခဲ့ရတော့မှာပေါ့"
...

နတ်ဆေးသမားတော် ယဲ့ကျန်းNơi câu chuyện tồn tại. Hãy khám phá bây giờ