Part 114

968 97 1
                                    

Unicode
အပိုင်း (၁၁၄)
ရွှီလောင်က ယဲ့ကျန်း၏ ခပ်တိုးတိုးရယ်သံကို မကြားရဟန်ရှိသည်။ သူက ဘုတ်ပြားကိုသာ ငုံ့ကြည့်လျက် စကားလုံးများ ပျောက်ရှသည်အထိ အံ့ဩနေခဲ့၏။
သည်သခင်မလေးက သည်ကစားပွဲတွင် ပိတ်ကာ သတ်ဖြတ်ခြင်း နည်းလမ်းထံ ချဉ်းကပ်လျက် ပြောင်းလဲလိုက်မည်ဟု မမျှော်လင့်ထားပေ။ သည်လိုစွမ်းရည် သူမတွင်ရှိနေခဲ့၏။ နဂိုက ဒါက အဆုံးမဲ့သော လမ်းကြောင်းဖြစ်နေ၏။ သို့ရာတွင် သူမ ထိုအကွက်နှင့်ပင် ရလဒ်တစ်ခုလုံးက ပြောင်းလဲသွားသည်။
သူက ဘုတ်ပြားမှတစ်ဆင့် သူမအား မော့ကြည့်လိုက်သည်။ ယဲ့ကျန်းကို သုံးသပ်နေသော အကြည့်မျိုးဖြင့် ကြည့်လာ၏။ ကြည့်ရသည်မှာ သူမကို သူအထင်သေးခဲ့ဟန်ရသည်။
“အရှင်ရွှီ ရှင့်အလှည့်လေ”
ယဲ့ကျန်းက အံ့အားသင့်မှုနှင့်ပိတိများမှ စိတ်ပြန်ငြိမ်သွားသည်။ ရွှီလောင်က သူမအား ကြည့်လာကြောင်း မြင်သောအခါ ပြုံးကာ တစ်ဖက်သူ၏ တိုက်ကွက်ကို မေးမြန်းလိုက်၏။
“ဒီကစားပွဲကို ဒီလိုကစားရမယ်လို့ မင်းကို ဘယ်သူ သင်ပေးခဲ့တာလဲ”
ရွှီလောင်က မေးသည်။
ယဲ့ကျန်း၏အပြုံးက ကျယ်ပြန့်သွားသည်။
“ကျွန်မ ကလေးအရွယ်တုန်းက ကျွန်မအဖေ ကော့ကို အခြားသူတွေနဲ့ ကစားတာကိုကြည့်ခဲ့ရုံပါပဲ၊ အဲဒီလိုကြည့်ရတာကိုလည်း ကျွန်မ သဘောကျခဲ့တယ်၊ ဒီလိုအတွေ့အကြုံကနေ သင်ယူခဲ့တာပေါ့”
ထို့နောက်ရွှီလောင်က ထပ်မမေးတော့ဘဲ ယဲ့ကျန်းနှင့်သာ စိတ်ဝင်တစား ဆက်ကစားနေခဲ့သည်။ အတုံ့အလှည့်အနည်းငယ်ပြီးနောက် သူ ပို၍ အံ့ဩလာရ၏။ သည်သခင်မလေး၏ကစားဟန်က ယဲ့ရီချင်နှင့်တူနေသည်။
“ငါ ကြားထားတဲ့အတိုင်းဆိုရင် လုလင်ကျစ်မှာ နယ်မှာနေတဲ့ ဦးလေးတစ်ယောက် ရှိတယ်ဆိုတာ မင်း အဖေလား”
“ဟုတ်ပါတယ်၊ သူ့နာမည်က လုရှီမင်ပါ”
ယဲ့ကျန်းက အပြုံးနှင့်ဖြေသော်လည်း တစ်ချိန်တည်းတွင်ပင် နောက်ထပ် ကျောက်ပြားတစ်ခုကိုချသည်။
သည်တစ်ကြိမ်တွင် သူမက ရွှီလောင်၏ခုခံမှုမှ အားနည်းချက်ကို ရှာဖွေရမည်ဖြစ်သည်။
“ဒါဆိုရင် သူ ဘယ်သူတွေနဲ့များ အတူကစားလေ့ရှိတာလဲ”
ယဲ့ကျန်းက ဘုတ်ပြားကိုကြည့်သည်။ သူမက သူ့အား သူမ၏ဖခင် အခြားသူများနှင့် ဆော့ကစားခြင်းအား ကြည့်ရသည်ကို နှစ်သက်သည်ဟုသာ ပြောခဲ့ခြင်းဖြစ်ပြီး ထိုသူကလည်း လုရှီမင် ဟုတ်မနေခဲ့ပေ။ ယဲ့ရီချင်သာဖြစ်သည်။
“ကျွန်မ မမှတ်မိဘူး”
သူမ၏အဖြေက မသေချာပေ။
“မင်း ရွှေ့လိုက်တဲ့အကွက်က ငါ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်နဲ့တူတယ်၊ သူ့သမီးက အသေစောသွားတာကြောင့်သာ မဟုတ်ရင် မင်းကို သူ့သမီးလို့ပဲ ထင်မိမှာပဲ”
အဖိုးကြီးက ပြောသည်။
“ရှင်ဆိုလိုတာက ယဲ့ရီချင်လား”
ယဲ့ကျန်းက သူမအဖေ၏နာမည်အား ဂရုတစိုက်ပြောသည်။
“ဖြစ်နိုင်တာက သူ့သမီးက ဆန္ဒမရှိဘဲ ဆိုးရွားစွာ သေဆုံးခဲ့ရလို့ စိတ်ဝိညာဉ်က ကျွန်မရဲ့ကိုယ်ထဲမှာ ပြန်လည်မွေးဖွားလာတာမျိုး ဖြစ်နိုင်တာပဲ”
ထိုမှတ်ချက်က ထိုအဖိုးကြီး၏အကြည့်က သူမထံရောက်လာသည်။ သို့သော် ထိုကောင်မလေး၏နှုတ်ခမ်းများက ကော့လျက် ဟာသတစ်ခုပမာ ဖြစ်နေကြောင်းကိုသာ သူ မြင်လိုက်ရသည်။ သူ ခေါင်းကိုသာ ခါမိပြီး သက်ပြင်းချမိ၏။
“ငါက ဒီလောကက အံ့အားသင့်ဖွယ်ဖြစ်ရပ်တွေကို မကြုံတွေ့ခဲ့ဖူးတာမှ မဟုတ်တာ၊ ဒါပေမဲ့ ဒီအဖိုးကြီးကလည်း ဒီလိုမမျှော်လင့်ထားတဲ့ ကံကောင်းမှုမျိုးကို ဖြစ်လာစေချင်ပါသေးတယ်”
ယဲ့ကျန်းက ရွှီလောင်ကို အမှန်အတိုင်းပြောချင်၏။ သို့သော် သူမ မပြောရဲပေ။ ဒီလောကတွင် သူမ ယုံကြည်နိုင်သူတစ်ယောက်မျှ မရှိသေးပေ။ အချိန်မတိုင်မီအထိ သတိထားရန် လိုအပ်နေသေးသည်။
“ကျွန်မကိုယ်တိုင်လည်း ဒီလိုအခြေအနေမျိုးကို မြင်ချင်ပါတယ်”
ယဲ့ကျန်းက ခပ်တိုးတိုးပြောသည်။
ဒါက ရွှီလောင်ထံမှ အပြုံးဖြစ်လာစေ၏။ သူတို့၏တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီးနောက် အဆုံးတွင် ထိုအဖိုးကြီးက သူ၏အဖြူရောင်ကျောက်တုံးကို ချလိုက်ကာ ရှုံးသွားကြောင်းဝန်ခံ၏။
“ငါ့ရဲ့ခုခံမှုက ပျက်စီးသွားပြီ၊ ဒီအဖိုးကြီးက ရှုံးပြီ”
ယဲ့ကျန်းက ရယ်သည်။
“ရှင် အကောင်းဆုံး မကြိုးစားခဲ့ဘူး”
မှန်သည်။ ရွှီလောင်က အရှုံးခံခဲ့ခြင်းဖြစ်၏။ သည်သခင်မလေးက ထိုအတွက် သူ့ကို ကျေးဇူးတင်သွားလေသည်။
“ဒါဆိုရင် ရှင်အခု ကျွန်မရဲ့အစ်ကိုကို ရှင့်ရဲ့ကျောင်းသားအဖြစ် လက်ခံချင်ပြီလား”
“လက်မခံနိုင်ဘူး”
ရွှီလောင်က တစ်ခွန်းတည်းနှင့်ငြင်းသည်။
“မင်းရဲ့စိတ်ထဲမှာ ယဲ့ရီချင်အတွက် မတရားဘူးလို့ ခံစားနေရပြီး ဒီလုလင်ကျစ်မိသားစုကို ကူညီနေတာလဲ”
“ဘာလို့လဲဆိုတော့ ကျွန်မရဲ့မျိုးရိုးနာမည်က လုဖြစ်နေလို့ပဲ၊ လုမိသားစုရဲ့ တတိယအိမ်တော်ခွဲက ကျွန်မအပေါ် အရမ်းကောင်းကြတာ”
“လုမိသားစုက ငါ့အပေါ် ကောင်းထားတာမျိုးမရှိသလို ငါကလည်း မင်းအစ်ကိုကို ကျောင်းသားအဖြစ် လက်ခံမယ်လို့ ကတိမပေးခဲ့ဖူးသေးဘူး”
ရွှီလောင်က လက်ကိုယမ်းကာ ငြင်းသည်။
သူက သည်လိုအရှက်မရှိ မျက်နှာပြောင်တိုက်ရသည့်အတွက်လည်း စိုးရိမ်ဟန်မရပေ။
“ဒါပေမဲ့ အရှင်ရွှီ …”
ယဲ့ကျန်းက ဘုတ်ပြားကို ညွှန်ပြပြီးနောက် ပြောသည်။
“ကျွန်မ ရှင့်ကိုနိုင်သွားပြီလေ၊ ရှင် ဘယ်လိုများ ဒီလိုလုပ်ရတာလဲ”
“ဒီလိုရှုံးသွားတဲ့အခါ အခြားကိစ္စတစ်ခုကိုငါ ကတိပေးနိုင်ပေမဲ့ ငါ ဒီကိစ္စအတွက်ကတော့ ကတိမပေးနိုင်ဘူး …”
ရွှီလောင်က အမူအရာမပြောင်းပေ။
စိတ်ပျက်သွားသောယဲ့ကျန်းက ကူကယ်ရာမဲ့စွာသူ့ကို အကျိုးအကြောင်း ပြောပြရှာသည်။
“အရှင်ရွှီ ကျွန်မရဲ့အစ်ကိုက တကယ်တော်ပါတယ်၊ ရှင် သူ့ကို ကျောင်းသားအဖြစ် လက်ခံလိုက်တာနဲ့ သူ ဘယ်လောက်တော်လဲဆိုတာ ရှင် သိရမှာပါ”
“ဆရာက အစ်ကိုကြီးကို လက်မခံချင်မှတော့ ထားလိုက်ပါ ညီမလေး သွားကြစို့”
လုရှန်းကျစ်က လာချောင်းကြည့်ရုံသာဖြစ်သည်။
မထင်ထားဘဲ သူ၏ညီမက သူ့အတွက် အသနားခံပေးနေခဲ့၏။ သည်လိုအခြေအနေမျိုးကို သူ မလိုချင်ပေ။
ယဲ့ကျန်းကလည်း လုရှန်းကျစ် လိုက်လာမည်ဟု မထင်ထားမိပေ။ သူမက သူ့ကို မျက်လုံးပြူးကျယ်စွာ ကြည့်လာ၏။
“အစ်ကိုကြီးက ဘယ်လိုရောက်လာတာလဲ”
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now