Part 180

644 66 2
                                    

အခန်း ၁၈၀ အပြစ်မကင်းမှု။

လုလင်ကျစ်က ယဲ့ကျန်းကို အကယ်ဒမီသို့ ပို့ပြီးသည့်နောက်တွင် တော်ဝင်နန်းတော်သို့ဝင်ရောက်ကာ ညီမဖြစ်သူ လုဝူရွှမ်းထံ အခစားဝင်သည်။

"အကိုကြီး အကိုကြီးက ရှီရှန်းစခန်းမှာ စစ်ပွဲတွင်ပြင်ဆင်နေသင့်တာ ဘလိုဖြစ်ပြီးဒီနေရာကို ရောက်လာတာလဲ"

သူမက အရူးမဟုတ်ချေ။ အကိုဖြစ်သူက ရုတ်တရက်လာလည်သည့် အကြောင်းအရာကို နားလည်သည်။ စိတ်ထဲ တွင် လောင်းကြေးထပ်လိုက်ပြီးနောက် လုဝူရွှမ်းက အဆောင်တော်အတွင်းရှိ လုလင်ကျစ်၏ တည်ရှိမှုကို ခန့် မှန်းရန်ကြိုးစားသည်။

" စခန်းကိုသွားဖို့က စောင့်နိုင်ပါတယ် ဝမ်ဖေး။ ကျွန်တော်ဝမ်ဖေးကို လာရောက်တွေ့ဆုံတာက ပြောစရာရှိ နေ လို့ ပါ" ။"ဒီဝမ်ဖေးရဲ့အကိုတော်က ဘာများပြောချင်တာပါလဲ"

သူမ၏လေသံနှင့်တင် သူမ၏ စိတ်မရှည်မှုကို မြင်နိုင်သည်။

သူက လုယောင်ယောင်ကိုယ်စားပြောဖို့လာတာလား။ အဘွားက သေချာပေါက်ပြောပြမှာဘဲ မဟုတ်ရင်ဘာလို့ဒီ အတွက်ကြောင့်နဲ့ ငါ့ကို တကူးတက လာလည်နေမှာလဲ။ "အဘွားက အကို့ကိုပြောလိုက်တယ်မဟုတ်လား မစိုး ရိမ်ပါနဲ့ ဒီဝမ်ဖေးက ထပ်ပြီး အလျင်စလို မပြုမူတော့ဘူး မယ်တော်ကြီးက နန်းတော်ထဲကို နောက်ထပ် ကိုယ်လှုပ် တော်တစ်ယောက်ကို တင်မြှောက်ချင်နေမှတော့ တင်မြှောက်ပါစေ။တို့လည်းမတားနိုင်ဘူး။"

လုလင်ကျစ်က သူမ၏ စကားကို ပြန်ဖြေသည့်အနေဖြင့် ခေါင်းညိတ်သည်။ လုဝူရွှမ်း၏ စိတ်ရင်းကသာ ထိုမျှ အဆင်ပြေလျှင် သူငြိမ်းငြိမ်းချမ်းချမ်း ထားခဲ့နိုင်သည်။

သို့ရာတွင် မတ်တပ်ရပ်နေတဲ့ လုလင်ကျင်းက မရွေ့လျားသေးချေ။ သူ့တွင် နောက်ထပ် ပြောစရာကိစ္စရှိနေ၍ လာရပ်နေသည်။ " ဝမ်ဖေး ကျွန်ုပ်အနေနဲ့ ဝမ်ဖေးရဲ့အပြုအမူ ပြစ်ချက်တွေအားလုံးကို ဖာထေး နိုင်တဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ ဒါပေမဲ့ ကျွန်ုပ်အနေနဲ့ ဆွေးနွေးစရာအခြားကိစ္စတစ်ခုရှိနေပါသေးတယ် ယောင်ယောင်ရဲ့ကိစ္စပါ"

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now