part 17

1.9K 191 2
                                    

unicode

အပိုင်း (၁၇) တပည့် (၁)
ယဲ့ကျန်း၏ သမန်ကာလျှံကာ အပြုမူက လုကျင်းကို ပိုမိုဒေါသထွက်စေသည်။သူမ၏စကားများက ဓားသွားများကဲ့သို့ ထင်ရကာ ကြောက်မက်ဖွယ်ကောင်းလာသည်။
သူမက ဘာလို့ မစိုးရိမ်တာလဲ နည်းနည်းလေးတောင် မစိုးရိမ်ဘူးလား။
လုကျင်း အံ့သြသွားသည်။
“ကောင်းပြီလေ နင်က ငါ အကြံပေးတာကို နားမထောင်ဘူးဆိုမှတော့ အရှက်ခွဲခံရမှ သူများကိုအပြစ်မတင်နဲ့’’
"စတုတ္ထညီမလေး တို့သေချာပေါက် သူများကို ဘယ်အပြစ်တင်၀ံ့ပါမလဲ"
ယဲ့ကျန်းက ကြည်သာစွာဖြင့်ပြောသည်၊
ငါ စာမေးပွဲကို ကျရှုံးသွားရင် ထပ်သေတာနဲ့အတူတူပဲ။
သူမ၏ယခင်ဘ၀တွင် သူမကအမျိုးသမီးအကယ်ဒမီထံမှ ပထမအဆင့်ဖြင့် ဘွဲ့ယူနိုင်ခဲ့သည်။ ဆေး၀ါးပညာကို လေ့လာရခြင်းက မုန့်စားရသလောက်လွယ်ကူနေခဲ့မည်မဟုတ်မှန်း သူမ နားလည်နေခဲ့၏။ သူမက သူမ၏ဥာဏ်ကိုယုံသည်။ ဒါကကောင်းမွန်စွာ လုပ်နိုင်မည်ဟုလည်း သူမ နားလည်နိုင်၏။ လုကျင်းက သူမ၏အရှေ့မှ ကောင်မလေးကို ဆွံ့အစွာ ကြည့်လိုက်သည်၊၊ ထိုမိန်းမက ကြည်သာစွာပြုံးပြနေ၏။
လုကျင်း၏စိတ်အတွင်းတွင် တောကျုံအုံကြားမှ တတ်လာသော လူရိုင်းမက သတိလက်လွတ် နိုင်လွန်းသည်။ ဖြစ်နိုင်သည်မှာ သူမ၏ အိမ်မက်က သူမ ရှိခဲ့သောနေရာကဲ့သို့ တောရိုင်း ဆန်ချင်ဆန်နေလိမ့်မည်။ မြို့တော်က နယ်စပ်မြို့နှင့်မတူပေ။ သူမအလိုရှိသမျှ လုပ်ဆောင်၍မရနိုင်ပေ။
သူမ ဘာမှဆက်၍ မလုပ်နိုင်ကြောင်းသိသောအခါ လုကျင်းက သူမ၏အစေခံနှင့်အတူ  ထွက်သွားသည်။ လုဖန်းကလည်း လိုက်သွားခဲ့၏။ သို့သော် သူမ၏ညီမငယ်၏ စိတ်တိုတတ်သော အပြုအမူကြောင့် တောင်းပန်သွားသေးသည်။
“စတုတ္ထညီမလေးက ဒီရက်တွေမှာ အရမ်းသွေးပူနေတယ်’’
သိုင်မေ့က ခပ်တိုးတိုး ပြောသည်။
“ပါရမီကြီးတဲ့အမျိုးသမီးတွေက ထူးဆန်းတဲ့ စိတ်နေသဘောထားကို ပိုင်ဆိုင်ထားတာပဲ’’
ယဲ့ကျန်းကိုယ်တိုင်က သူမကိုယ်သူမ ပါရမီရှင် တစ်ယောက်ဟု မသတ်မှတ်ဖူးပေ။ ထိုအချက်ကြောင့် သူမ၏စိတ်သဘောထားကြီးခြင်း သေးခြင်းကို လူအများရှေ့တွင် ထုတ်ပြခဲလှ၏။ သူမငယ်စဥ်ကတည်းက ထိုအတိုင်း ဖြစ်သည်၊၊
အမျိုးသမီးများအတွက် အသင့်တော်ဆုံးက အထက်တန်းဆန်မှု ဖြစ်သည်။ တည်ကြည်နေရမည်။ သို့မှသာလျှင် ဂုဏ်သိက္ခာရှိမှန်း သိသာနိုင်၏။
ယဲ့ကျန်းက ဖေးရှီ၏ ခြံ၀န်းအတွင်းသို့ ၀င်သွားသည်။ ရိုးရှင်းသော ၀တ်စုံများကို ၀တ်ထားပြီး ဆံပင်ကို ထုံးထားသော ဖေးရှီက သားမွေးထိုင်ပေါ်တွင် ထိုင်နေသည်။ သူမက ဖုန်တတ်နေသော စာအုပ်များကို စီနေ၏။
ယဲ့ကျန်း နားမလည်နိုင်ပေ။ သို့သော် ဒီလိုအဝေးမှ ကြည့်ခြင်းက အမျိုးသမီး၏တည်ငြိမ်မူကို မြင်ယောင်လာနိုင်စေသည်။
သူမ၏မိခင်အတိုင်းဖြစ်၏။
သူမ၏သမီး ၀င်လာကြောင်းမြင်သောအခါ ဖေးရှီက သာမန်အတိုင်း ပွေ့ဖက်ကာ ကြိုဆိုသည်။ အခြားသော သားမွေးအခင်းတစ်ခုကို ထုတ်ခါ သူမကို ထိုင်စေ၏။
“သမီးရဲ့အဖွားကို နှုတ်ဆက်ပြီးပြီလား’’
“ဟုတ်ကဲ့ အမေ’’
ယဲ့ကျန်းက ဖေးရှီ၏ အရှေ့တွင် အလွန်ဂရုစိုက်သည်။ သည်အမေနှင့်သမီးတို့က ပူးကပ်နေကြ၏။ သူတို့ကြားတွင်ခိုင်မာသော ဆက်သွယ်မူရှိသည်။
လောကကြီး မည်သို့ပင် ပြောင်းလဲသွားစေကာမူ သူမက လုယောင်ယောင် မဟုတ်ပေ။ ဘယ်တော့မှ လုယောင်ယောင်ဖြစ်လာမည်မဟုတ်ပေ။ ထို့ကြောင့် ဒါက ဖေးရှီကို သံသယ၀င်သွားစေမည်ကို စိုးရိမ်သည်။
"အဖွား ပြောတဲ့အတိုင်းဆိုရင် သမီးတို့ကို ရက်အနည်းငယ်ကြာရင် ပန်းရှုစားခြင်းတွေ့ဆုံပွဲကို ခေါ်သွားမယ်တဲ့’’
ဖေးရှီက သူမ၏သမီးကို သေးသွယ်သောကျောက်စိမ်းတုံးကဲ့သို့ မြတ်နိုးစွာကြည့်ပြီး ပြုံးလိုက်သည်။
“ဒါဆိုလည်း ကောင်းပါတယ်၊၊ သမီးရဲ့စိတ်နေသဘောထားက ဒီမြို့တော်နဲ့ လိုက်ဖက်မှု ရှိမရှိ သွားကြည့်ပေါ့၊ ဒါပေမဲ့ မှတ်ထားရမှာက ချစ်သမီးလေး ဒီနေရာမှာ သမီး ဘာကိုမှ စိုးရိမ်ဖို့ မလိုအပ်ဘူးနော်"
ယဲ့ကျန်းကလည်း ရှင်းလင်းစွာ နားလည်သည်။
“အမေ သမီးက တောကျိုအုံကြားက လူရိုင်းမလေးလို့ထင်နေတာလား’’
“မင်းက တောကျိုအုံကြားက လာတာတော့အမှန်ပဲ။ လူရိုင်းမတော့ မဟုတ်ဘူးပေါ့။ ဒီအတိုင်း အိမ်မှာ တနေ့လုံးမနေနိုင်ဘဲ အပြင်ကို လျှောက်သွားရတာကိုနှစ်သက်နေတာလေ’’
ဖေးရှီက တခိခိရယ်သည်။
ယဲ့ကျင်းက သက်ပြင်းအရှည်ကြီးချလိုက်၏။
“မြို့တော်က နယ်မဟုတ်မှန်း သမီးသိပါတယ်။ ဒါကြောင့် သမီးက ပိုပြီးလိမ်မာပြီး ကောင်းကောင်း ပြုမူနေတာပေါ့’’
သူမက ဆေးစာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီးနောက် ဂရုမစိုက်သလို တချက်ကြည့်လိုက်သည်။ သူမညီမ၏ ဆေးပညာသီအိုရီများအပေါ် နားလည်သဘောပေါက်ထားမှုအရ သူမ၏ကိုယ်အတွင်းတွင် အရေးပေါ်အခြေအနေကို တုံ့ပြန်နိုင်စွမ်း ရှိနေခဲ့ပြီဖြစ်သည်။ သူမ ယခင်က တခါမှမရှိခဲ့ဖူးသော ဗဟုသုတများကလည်း ဝေဝါးဝါး ရှိနေခဲ့ရာ သူမအချိန်တိုင်းသင်ယူရာတွင်အကောင်းဆုံး လုပ်ဆောင်နိုင်မည်ဟု ခံစားမိနေခဲ့သည်။
ဆေးစာအုပ်များကို ကြည့်နေသော အမူအရာကို သတိထားမိသောအခါ ဖေးရှီက ပြုံးသည်။ သို့သော် ဘာစကားမှ မဆိုပေ။
“အမေ’’
ယဲ့ကျန်းက စာအုပ်ကို ဖတ်နေရင်းမှခေါင်းမော့လာကာ ပြောသည်။
" ဒါကို သမီးရဲ့ အဆောင်ထဲကို ယူသွားလို့ရမလား’’
“အို အချစ်ကလေးရယ်  အချစ်ကလေးတကယ် ပြောင်းလဲသွားပြီပဲ။ အရင်က ဒီစာအုပ်တွေ ဖတ်ဖို့ ပြောခဲ့တုန်းက သဘောမကျခဲ့ဘူး မဟုတ်လား။ မျက်လုံးတောင် နာတယ်လို့ ပြောခဲ့သေးတာလေ။ နောက်ပြီးရုတ်တရက်ကြီး ခေါင်းကိုက်သေးတယ်ဆိုပဲ။ အခုတော့ ဖတ်ချင်သွားပြီပေါ့။ ဘယ်လိုမျိုးဖြစ်တာလဲ’’
ဖေးရှီကိုယ်တိုင်လည်း အံ့သြသွားသည်။
“အဖွားက သမီးကို အမျိုးသမီးအကယ်ဒမီကို သွားစေချင်နေတယ်။ သမီးအတွက် ဆေး၀ါးအကယ်ဒမီကျောင်းတော်က ရွေးချယ်မူအကောင်းဆုံးနေရာပဲ’’
ယဲ့ကျန်းက ဖေးရှီကို ကြည့်လိုက်သည်။ သူမကထိုစကားကြောင့် ပျော်သွားမည်ဟု သူမထင်သည်။ သို့သော် ဖေးရှီ၏ နှုတ်ခမ်းများက မဲ့ကျသွားသည်။ ယဲ့ကျန်း အမြင်မှားသည်ဟုပင် ခံစားလိုက်ရ၏။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now