Part 105

1K 90 1
                                    

Unicode

အပိုင်း (၁၀၅)
“လုမိသားစုက ဒီနေ့လိုအခြေအနေကို ရောက်နေခဲ့ရတာက နင့်ရဲ့အိမ်တော်စုကြောင့်လို့ ထင်နေတာလား၊ တခြားသူတွေက မတန်ဘူးလို့ ထင်တယ်ပေါ့၊ နင် အခြားသူတွေကို မမြင်ချင်ရင် ကိုယ့်ခြံဝင်းထဲမှာပဲ ကိုယ်နေလေ၊ ထွက်မလာခဲ့နဲ့”
လျှိုရှီက ဒေါသတကြီးမတ်တတ်ထရပ်သည်။ သည်နေ့လိုအခြေအနေတွင်ပင် သခင်မကြီးက သူမ၏အိမ်တော်စုကို မျက်နှာသာမပေးမည်ဟု မထင်ထားမိပေ။
“မပြောနဲ့တော့အမေ”
လုလင်ကျစ်၏ မျက်နှာက တည်ငြိမ်နေသေးကာ သူ့မိခင်၏အနောက်တွင်ရှိသော အစေခံတစ်ယောက်ကို ပြောလိုက်သည်။
“အကြီးဆုံးသခင်မလုက မသက်မသာဖြစ်နေတယ်၊ ကျေးဇူးပြုပြီး သူမကို ပြန်ပို့ပေးပါ”
“ငါ့သားကတောင်မှ သူ့ရဲ့အမေကို ဒီလိုဆက်ဆံတာတဲ့လား၊ ငါတို့ရဲ့အိမ်တော်စုကို သူတို့တွေ ဘယ်လိုဆိုးဆိုးရွားရွား ဆက်ဆံကြလဲဆိုတာ သားမသိလို့လား”
လျှိုရှီက ခြောက်ခြားဖွယ်လေသံဖြင့်မေးသည်။ သူမ၏မျက်ဝန်းများတွင် နာကျင်မှုနှင့်ဒေါသများက ပြည့်နှက်နေခဲ့၏။ သူမ၏သားကပင် သူမကိုမကူညီပေ။
လုလင်ကျစ်က မတ်တတ်ထရပ်ပြီး သူမ၏လက်ကိုဆွဲကာ သခင်မကြီးလုကို ပြောသည်။
“အဖွား ကျွန်တော် အမေ့ကို ခြံဝင်းထဲကို အရင်ဆုံးပြန်ခေါ်သွားလိုက်ပါ့မယ်”
“အင်း”
သခင်မကြီးလုက မည်းမှောင်သောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။ သူမကသာ မုဆိုးမတစ်ယောက် မဟုတ်နေခဲ့လျှင် သည်လောက်အလွယ်တကူ မလွှတ်ပေးပေ။
လျှိုရှီက ထွက်သွားရန်ငြင်းဆန်သည်။ သူမ၏မျက်ဝန်းများက လုရှီမင်ကို စိုက်ကြည့်နေ၏။ လုလင်ကျစ်က သူမ၏လက်ကို ဆွဲထားသည်။ သူမကို ထွက်သွားရန် ဆွဲခေါ်နေ၏။
“အမေ”
လုရှီမင်က တစ်စုံတစ်ရာပြောလိုသည်။
“မင်းတို့ကလေးတွေအားလုံး ထွက်သွားပြီး ညစာအရင်စားနေကြပါ၊ ငါ မင်းတို့ရဲ့တတိယဦးလေးနဲ့ စကားပြောချင်တယ်”
သခင်မကြီးလုက စကားပင် မပြောရဲလောက်အောင် ကြောက်လန့်နေသော ကလေးမကိုကြည့်သည်။
ယဲ့ကျန်းက သည်နေ့မှ တွေ့လိုက်ရသည်မှာ လုရှီမင်နှင့် အကြီးဆုံးအိမ်တော်စုကြား ရန်ငြှိုးက ရှိနေသည်။ ယခင်က ဘာတွေဖြစ်ခဲ့မှန်း သူမ မသိပေ။ သို့ရာတွင် လျှိုရှီ၏အမူအရာကို ကြည့်ရုံမျှဖြင့် သူမတို့၏မုန်းတီးမှုက မသေးနိုင်ပေ။
တိတ်ဆိတ်စွာဖြင့်သာ သူတို့သခင်မကြီးလု၊ လုရှီမင်နှင့် ဖေးရှီတို့ကို ချန်ထားရစ်ခဲ့ပြီး ထွက်ခဲ့လိုက်သည်။
“အကြီးဆုံးသခင်မက ဒီရက်အတောအတွင်းမှာ အပြင်ထွက်ခဲတယ်၊ ဒါက ဒီတစ်လအတောအတွင်းမှာ ပထမဆုံးအကြိမ် ပြန်မြင်ရတာပဲ”
လုဖန်းက ယဲ့ကျန်းကို ခပ်တိုးတိုးပြောသည်။
ယဲ့ကျန်းက မျက်ခုံးအနည်းငယ်ပင့်၏။
“အာ”
“အကြီးဆုံးသခင်မ ဒီနေ့ပြောသွားတဲ့ကိစ္စတွေက ဘာလဲဆိုတာ နင်သိလား”
လုဖန်းက ခပ်တိုးတိုးဖြင့် ပြောလာပြန်သည်။
အိမ်တော်အတွင်းတွင်ရှိသော လူတိုင်းက အကြီးဆုံးသခင်မက တတိယအိမ်တော်စုနှင့် ရန်ငြှိုးရှိကြောင်း သိနေကြ၏။
အကြီးဆုံးသခင်မတွင် အထက်တန်းလွှာ ကိုယ်လုပ်တော်ဖြစ်သွားသော သမီးတစ်ယောက်နှင့် လက်ထောက်စစ်ဝန်ကြီးဖြစ်သွားသော သားတစ်ယောက်ရှိသည်။ သူမ၏လုမိသားစုအတွင်းရှိ အဆင့်အတန်းက လူတိုင်းထက်သာ၏။
သူမကသာ တတိယအိမ်တော်စုကို မုန်းတီးလျှင် လုယောင်ယောင်တို့မိသားစု ကျရှုံးသွားမည်ကိုပင် သူမ ထိတ်လန့်မိသေး၏။
ယဲ့ကျန်းက ခေါင်းကို မထူးခြားနားစွာခါသည်။
“ညီမ မသိပါဘူး”
သူမအတွက် လျှိုရှီ၏အပြုအမူများက မည်မျှပင် ဆိုးရွားနေစေကာမူ သူမနှင့်မသက်ဆိုင်ပေ။ လုရှီမင်တို့မိသားစုကလွဲပြီး အခြားသူများအပေါ် သူမ ဘာခံစားချက်မျှ ရှိမနေခဲ့ပေ။
လုကျင်းက ယဲ့ကျန်းကို စာနာသနားသလိုကြည့်ပြီး ခပ်တိုးတိုးပြောသည်။
“ကောင်းပြီ ယောင်ယောင် ငါတို့ လုပ်သင့်တာက အဖွားကိုပြောပြီး တတိယဦးလေးကို အိမ်တော်ကနေ ရွှေ့ခိုင်းကြမလား”
သူမ၏လှောင်လိုသောလေသံကို သတိထားမိသော ယဲ့ကျန်းက မထူးခြားနားသလို ပြောလိုက်သည်။
“တို့ မသိဘူး”
လုကျင်းက တစ်စုံတစ်ရာ ထည့်ပြောပြီး ယဲ့ကျန်း၏ ဟန်ဆောင်ကောင်းမှုကို ပျောက်ဆုံးသွားစေလို၏။ သို့သော် အခြားတစ်ယောက်က ရုတ်တရက်ပေါ်လာလေရာ သူမ လျှာကိုသာကိုက်လိုက်မိသည်။
အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့သော လုကျန်းက အေးစက်စွာပြောလာ၏။
“ကျင်း တိတ်တိတ်နေစမ်း၊ ဒီကိစ္စကို ထပ်ပြောခွင့်မပြုဘူး”
လုကျန်းက လုကျင်း၏ ပထမအစ်ကိုဖြစ်သည်။ သူ၏စကားကိုကြားသည်နှင့် သူမ ဆက်မပြောရဲတော့ပေ။
....

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now