Part 163

917 95 2
                                    

163 01

အပိုင်း ၁၆၃

ယဲ့ကျန်းက မော့ရုန်ရီကို အံ့အားသင့်သော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။ မင်းသားငယ်က သူမဘက်မှ ထိုမျှအထိ ရပ်တည်ပေးမည်ဟု မထင်ထားမိချေ။

တော်ဝင်မင်းသမီးက မော့ရုန်ရီဟာ သူ၏မိခင်အတိုင်း ထိတ်လန့်လွန်းသော ငကြောက်တစ်ယောက် ဖြစ်မည်ဟု ထင်ခဲ့သည်။ သူမအတွက် ထိုနှစ်ယောက်ဟာ ဒီလောကတွင် တစ်ကြိမ်သော်မျှ တည်ရှိသောသက်ရှိတစ်ခု အဖြစ်ပင် မသတ်မှတ်ခဲ့ဖူးချေ။ အနည်းဆုံး ယခုအချိန်အထိ ဖြစ်ခဲ့သည်။ သူမအနေနှင့် ဒီလိုအဆင့်အတန်းမျိုးနှင့်ပင် သူမပင် ပြန်မဖြေနိုင်အောင် မေးခွန်းပြန်မေးရဲလိမ့်မည်ဟု မထင်ထားခဲ့ဖူးချေ။

ပထမဦးဆုံးအကြိမ် ငြင်းခုန်မှုတွင် သူမကသာ တိတ်ဆိတ်ရသူ ဖြစ်သွားရသည်။

အခြားတစ်ဖက်ခြမ်းမှ မော့ရုန်ကျန်းက သူ၏ညီငယ်ထံ လက်ကမ်းလိုက်ပြီး အသာငုံ့ချကာ အရပ်ကွာခြားမှုကို နိမ့်လျက် မော့ရုန်ရီကို မေးသည်။

"မင်းက နေမကောင်း ဖြစ်နေတာ မဟုတ်ဘူးလား။ ဘာလို့ အပြင်ကို ရောက်နေတာလဲ"

"အစ်ကိုတော်.. ဒီမင်းသားက ပြန်ကောင်းသွားပါပြီ"

မော့ရုန်ရီက အစ်ကိုဖြစ်သူက နီးကပ်လာသည်ကို မြင်သောအခါ ချက်ချင်းလိုလို သူ၏ဒေါသများကလည်း ပျောက်ကွယ်သွားတော့သည်။

"တော်ဝင်သမားတော် ပေးတဲ့ဆေးကို မင်းက သောက်ဖို့ ငြင်းဆန်ခဲ့တာ မဟုတ်ဘူးလား။ အခုအချိန်အထိ နေမကောင်းသေးဘူးပဲ"

မော့ရုန်ကျန်းက မပျော်မရွှင် ဖြစ်နေသော လေသံမျိုးဖြင့် ပြောသည်။ အစ်ကိုတော်ဖြစ်သူ၏ စိတ်ပျက်မှုကို သတိထားမိသော မော့ရုန်ရီက ပြောလိုက်သည်။

"ဟုတ်.. ဟုတ်ပါတယ် အစ်ကိုတော်.. ကျွန်တော် ဆေးကို လိမ်လိမ်မာမာ သောက်ခဲ့ပြီးလို့ပါ"

သူက ခေါင်းကို ဆက်တိုက်ညိတ်ပြသည်။

"မင်းသားရဲ့နန်းဆောင်ကို ပြန်တော့"

မော့ရုန်ကျန်းက သူ့ကို တစ်ချက် ကြည့်ပြီးနောက် အနားတွင် ရှိသော မိန်းမစိုးကို ပြောကာ မော့ရုန်ရီကို အဆောင်တော်သို့ ပြန်ပို့စေသည်။ ထို့နောက် သူက တော်ဝင်မင်းသမီးကို ပြန်ကြည့်ကာ ပြောလိုက်သည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now