Part 126

963 83 1
                                    

Unicode
အပိုင်း ၁၂၆

မင်းသမီးလျှိုဟွားက ပိုက်ဆံရရန် လောင်းကြေးထပ်ခြင်းမဟုတ်ဘဲ ယဲ့ကျန်းကို လူအများရှေ့တွင် အရှက်ခွဲလို၍ဖြစ်သည်။ သူမက လူတိုင်း၏စိတ်အတွင်းတွင် လုမိသားစုက ဧကရာဇ်က နဂါးပလ္လင်ကိုရအောင် ကူညီခဲ့သောကိစ္စတစ်ကြောင့် မြင့်မြတ်နေသည့်အနေအထားမျိုးတွင် ရှိနေသည့်တိုင်အောင် သူတို့က သာမန်ကုန်သည်အဆင့်သွေးများသာ စီးဆင်းနေကြောင်း နားလည်သွားစေလိုသည်။
သူတို့လို သာမန်ကုန်သည်လူတန်းစားများက အထက်တန်းလွှာအစစ်အမှန် မိသားစုနှင့် နှိုင်းယှဉ်၍ မဖြစ်နိုင်သေးချေ။ ယဲ့ကျန်းကပင် ခြွင်းချက်မရှိရချေ။ ထိုသို့ ပြင်းပြစွာဆုံးဖြတ်ချက်ချပြီးသည်နှင့် လုဝူရွှမ်းက ဝမ်ဖေးဖြစ်လာပြီး တော်ဝင်ကိုယ်လုပ်တော်ဆိုလျှင်ပင် သူမက နိမ့်ကျစွာမွေးဖွားခဲ့သည့်အဖြစ်က ပြောင်းလဲ၍မရကြောင်း လူတိုင်းကို သတိရစေလိုသည်။
ပုံမှန်အားဖြင့် ဧကရာဇ်က သူမကိုကျော်ပြီး လုဝူရွှမ်းကို မျက်နှာသာပေးသည့်အတွက် လုဝူရွှမ်းကို အမြဲတစေ အရှက်ခွဲလိုနေခဲ့သည်။ လုယောင်ယောင်က အမျိုးသမီးအကယ်ဒမီမှသာ ပြက်လုံးဖြစ်လာခဲ့မည်ဆိုလျှင် သူမက သည်ပွဲတွင် ရှုံးသွားခဲ့ပြီး လုဝူရွှမ်းကို အရှက်ရစေလိမ့်မည်။
မင်းသမီးလျှိုဟွားက ကောင်းမွန်စွာ ပြင်ဆင်တွက်ချက်ထားသည်။ သို့သော် လုယောင်ယောင်က လူအများကပင် မနာလိုဖြစ်ရလောက်အောင် လှပနေမည်ဟု မထင်ထားမိချေ။ သို့သော် မင်းသားငယ်မော့ရုန်ရီကိုပင် လှည့်ဖြားကာ ယဲ့ကျန်းကို ထောက်ပံ့ပြီး လျန်း ၁၂၀၀ လောင်းကြေး ထပ်ခိုင်းရဲသေးသည်။
မော့ရုန်ရီနှင့် သူမတို့၏ ဖခင်နှင့်မိခင်တို့က ဝမ်းကွဲများဖြစ်ကြသည်။ သို့တိုင်အောင် သူမက မော့ရုန်ရီကို သဘောကျလေ့ မရှိချေ။ သူမက မိဖုရားခေါင်ကြီးနှင့်ဆက်ဆံရေးကို ဂရုစိုက်ခြင်းမရှိသည့်အပြင် သူမ၏မိခင်ကိုယ်တိုင်ကပင် မော့ရုန်ရီကို အထင်သေးလေရာ သမီးဖြစ်သူဆိုလျှင် ပို၍ဆိုးလေသည်။
တံခါးနောက်ကွယ်တွင် အမြဲအေးစက်လေ့ရှိသော အထက်တန်းလွှာမိသားစုများ ဖြစ်သည့်အလျောက် သူနှင့်ပတ်သက်၍ ပျော်ရွှင်မှုနှင့်နွေးထွေးမှုများကို မခံစားရခြင်းဟာလည်း ပုံမှန်သာလျှင်ဖြစ်သည်။ သူမက အလိုလိုက်ခံရပြီး ကြီးပြင်းလာခဲ့သည်။ သူမတွင် အစစ်အမှန်မိတ်ဆွေဟူ၍မရှိသလို မိသားစုကတည်း မြို့တော်အတွင်းမှ မည်သူနှင့်မျှ အစစ်အမှန်ရင်းနှီးခိုင်းခြင်းမရှိချေ။ သို့သော် မော့ရုန်ရီက ရုတ်တရက် ဝင်ရောက်စွက်ဖက်လာသည့်အခါ သူမက သူ့ကို ရန်စ၍မရပြန်ချေ။ မည်သို့ပင်ဆိုစေ သူ့တွင် အစ်ကိုတော်ဧကရာဇ်ရှိနေသည်။
“ရီ ဘယ်လိုဖြစ်ပြီး စိတ်ဝင်စားသွားတာလဲ”
သူမက မေးလိုက်ပြီး မကျေနပ်မှုကို တင်းကျပ်သောအပြုံးဖြင့် တောင့်ခံထားရသည်။
လုယောင်ယောင်က အေ သုံးလုံးများရမယ်လို့ သူ ထင်နေတာလား။
မော့ရုန်ရီက လျှိုဟွားကို စိတ်ပျက်လက်ပျက်ကြည့်ပြီးနောက် ရယ်လိုက်ကာ ပြောသည်။
“ဒီမင်းသားက မနောက်ဘူး၊ ဒီမင်းသားက လုယောင်ယောင်က အကယ်ဒမီကို ဝင်ခွင့်ရမယ်လို့ လောင်းတယ်၊ မင်းက လောင်းကြေးထပ်ဖို့ ဖွင့်ထားတဲ့လူလို့ ဒီမင်းသားကြားထားတယ်၊ ဒီမင်းသားရဲ့ လောင်းကြေးကိုတောင် မင်းက မလက်ခံရဲဘူးလား”
ထျန်းကျန့်က သဘောတူဟန်ဖြင့် သူ၏အနီးကပ်အစေခံကို လှမ်းခေါ်လိုက်ကာ လျန်း ၅၀၀ ပြင်ဆင်ခိုင်းလိုက်သည်။
“ဒီအမတ်ကလည်း တတိယသခင်မလေးလုက အေသုံးလုံးရမယ်လို့ လောင်းတယ်”
မင်းသမီးလျှိုဟွား၏မျက်နှာက ပြာနှမ်းလာသည်။ သူမက လောင်းကြေးဖွင့်ခဲ့ချိန်က လုယောင်ယောင်ဘက်မှ လောင်းသူက အလွန်နည်းသည်။ လူအများစုက သူမကို မျက်နှာသာပေးရန် ဖားနေကြခြင်း ဖြစ်သည့်တိုင်အောင် ထိုလူများကလည်း လုယောင်ယောင်ကဲ့သို့သောလူမျိုးက အကယ်ဒမီကို ဝင်ရောက်ခွင့်ရမည်ဟု မထင်ကြချေ။
“ဒါကို ဘာလို့ မော့ရုန်ရီနဲ့အမတ်ထန်းက ပြောင်းတွေးနေတာလဲ”
“ကောင်းပြီ၊ ဒီမင်းသမီးက မင်းတို့ရဲ့လောင်းကြေးကို လက်ခံရဲတယ်၊ မင်းတို့ကသာ နောင်တမရစေနဲ့”
ပိုက်ဆံရှုံးရခြင်းက ပြဿနာမဟုတ်ချေ။ သို့သော် မျက်နှာပျက်ရခြင်းက အရေးကြီးသည်။ မော့ရုန်ရီက အနားတွင်ရှိသော မိန်းမစိုးကို မေးပြီး လျှိုဟွားအား လျန်း ၁၂၀၀ ပေးလိုက်ခြင်းဖြစ်သည်။ ထိုမင်းသားလေး၏မျက်နှာကမူ တောက်ပနေသည်။
“ယောင်ယောင်က ဝင်ခွင့်မှာကျရှုံးသွားမယ်ဆိုရင်တောင်မှ ဒီမင်းသားက နောင်တမရဘူး”
စိတ်ထဲတွင် အချဉ်ပေါက်နေသော မင်းသမီးလျှိုဟွား၏မျက်နှာက မည်းမှောင်သထက် မည်းမှောင်လာပြီး သူမ၏အစေခံကို ထိုပိုက်ဆံများကို လက်ခံစေသည်။
သူတို့က တစ်ဖက်သို့ ဦးတည်ရပ်ကာ လောင်းကြေးထပ်ရန်ပြင်လိုက်ပြီးချိန်တွင် ယဲ့ကျန်း၏ စာပေအရေးအသား စစ်ဆေးမှုမှ ရလဒ်များက ထွက်လာသည်။ သို့ရာတွင် သူမက စီသာလျှင် ရသည်။
“စီဟုတ်လား”
မင်းသမီးလျှိုဟွားက တခစ်ခစ်ရယ်ပြီး မော့ရုန်ရီကို လှည့်ကြည့်လိုက်သည်။
“အရမ်းနိမ့်ကျတဲ့ စီရတဲ့အခြေအနေမျိုး မကြုံရတာ တော်တော်ကြာပြီပဲ၊ အို ဘုရားရေ လုယောင်ယောင်က လူတိုင်းကို မျက်စိပွင့်နားပွင့်ဖြစ်စေတာပဲ”
မော့ရုန်ရီက သူမကို ဒေါသတကြီးကြည့်ပြီးနောက် သူ၏မျက်နှာက မည်းမှောင်နေသည်။
“မိန်းကလေးလုယောင်ယောင်က ဘာကိုထပ်ဖြေရမှာလဲ”
တော်ဝင်အထောက်တော်က တိုးလျသောလေသံဖြင့် ရိုကျိုးစွာဖြေသည်။
“အရှင်မင်းသားကို ပြန်ဖြေပါတယ်၊ ဒီတစ်ကြိမ် မိန်းကလေးလုယောင်ယောင်က အရှေ့ဘက် ဝါးတောထဲမှာကျင်းပမဲ့ ဂီတစစ်ဆေးပွဲကို ဖြေဆိုရမှာပါ”
ထိုအခါ ထိုမင်းသားက ထျန်းကျန့်၏အင်္ကျီလက်ကိုဆွဲကာ ထိုင်ခုံမှ ခုန်ထသည်။
“သွားစို့ ကြည့်ကြမယ်”
မော့ရုန်ရီက အလျင်စလိုပြောသည်။ လုယောင်ယောင်က အေသုံးလုံးမရနိုင်သည့် ဖြစ်စဉ်ကို မယုံကြည်နိုင်ချေ။
မော့ရုန်ရီ၏တက်ကြွသောစကားများကို ထျန်းကျန့်ကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားစေသည်။ အကြောင်းမူကား ဆေးဝါးအကယ်ဒမီကျောင်းတော်၏ ဝါးတောအုပ်သို့ အမျိုးသားများ ဝင်ရောက်ခွင့်ရှိမရှိ မသေချာသောကြောင့်ဖြစ်သည်။ သို့သော် ဆရာများက ထိုအမျိုးသား ဝင်ရောက်သွားခြင်းကို မတားကတည်းက သူ စိတ်အေးသွားရသည်။
ဒီနေရာက အမျိုးသမီးအကယ်ဒမီဖြစ်သည်။ အတန်းများစတက်ချိန်တွင် အမျိုးသမီးများက ဝင်ခွင့်ထွက်ခွင့်မရနိုင်ချေ။ သည်နေ့က စစ်ဆေးပွဲကျင်းပြနေသောကြောင့် ခြွင်းချက်ဖြစ်သွားခဲ့ခြင်း ဖြစ်လောက်သည်။ ထို့နောက် မော့ရုန်ရီက ဦးဆောင်ကာ ထန်းကျန့်အား ဆွဲခေါ်သွားခြင်းကို ဆရာများက မမြင်ချင်ယောင်ဆောင်ထားပြီးသားဖြစ်ကြသည်။
“လုယောင်ယောင်ရဲ့ပျော်ရွှင်မှုတွေက ကြာကြာခံမယ်လို့ ငါ မထင်ဘူး၊ အခုလောလောဆယ် သူ့ရဲ့စစ်ဆေးမှုကတ်မှာ C (၁) လုံးရသွားပြီ၊ ကဲ အားလုံးပဲ သွားကြည့်ကြရအောင်” 
မင်းသမီးလျှိုဟွားကလည်း စိတ်ကောင်းဝင်နေပြီး အနားရှိသခင်မလေးတိုင်းကို ဖိတ်ခေါ်လိုက်သည်။ သူမက ယဲ့ကျန်းဒီစာမေးပွဲတွင် ရှုံးမည်ဟုပို၍ယုံကြည်မှုရှိလာသည်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now