Part 195

1.4K 83 6
                                    

အပိုင်း ၁၉၅

ယဲ့ကျန်းဟာ ကျောင်းဆောင်ထဲမှထွက်ပြီးနောက်တွင် ဧကရာဇ်၏ အကြည့်အောက်တွင် နှလုံးသားမှ ပြင်းထန်သည့်တင်းအားကို ခံစားနေရသည်။ သူမ အသက်ရှူခြင်းကပင် မှားယွင်းမိတော့မတတ် ဒုက္ခများလာသည်။ ဘယ်လိုဖြစ်ရမှာလဲ... ကောင်းပြီလေ၊ ငါလည်း မော့ရုန်ကျန်းနဲ့တွေ့မယ်လို့ မထင်ထားတာ၊ သူမက မော့ရုန်ရီနှင့် တန်းတွေ့ရမည်ဟု ထင်မြင်ခဲ့ခြင်းဖြစ်သည်။

သူမက သူနှင့်တွေ့ရရုံသာမကလေဘဲ သူ၏ရှင်းပြ၍မရနိုင်သောအကြည့်များနှင့် ခြိမ်းခြောက်မှုများကိုလည်း ဆက်တိုက်ခံစားခဲ့ရသေးသည်။ သူမ သူ့ကို မြင်သည့်အချိန်တိုင်း သူ၏တည်ရှိမှုကြောင့် မသက်ရောက်ခံရသောအနေအထားမျိုးနှင့် ဆုံလိုသည်။ သို့သော် ယခုလိုအခြေအနေမျိုးကို သူမ မုန်းတီးမိသည်။ အကျိုးဆက်ကိုလည်း မုန်းတီးမိလေသည်။

သူမက သူမကိုယ်သူမ ဝန်ခံခဲ့ပြီး ထိုကိစ္စအတိုင်း လက်ခံခဲ့သည်။ အဓိကကိစ္စက အလောင်းအစားဖြစ်သည်။ မော့ရုန်ကျန်းကို ကျေးဇူးတင်ရမည်။ သူမ မလုပ်ထားသောကိစ္စအတွက် တောင်တန်းကြီးသမျှ ကြီးမားလှသောခြိမ်းခြောက်မှုမျိုးကို လက်သင့်ခံလိုက်ရသည်။ သူမအနေနှင့် မော့ရုန်ရီကို မေးမြန်းရန်ဆုံးဖြတ်ထားသည်။ သူက သူမ၏နောက်ကွယ်တွင်ပြောပြီး သေသပ်စွာဖြင့် သူမအား မော့ရုန်ကျန်း၏ခြေရင်းတော်သို့ ပေးပို့လိုက်ခြင်းရှိမရှိ မေးမြန်းရတော့ပေမည်။

သူမက မသိလိုက်ခင်မှာပင် ယဲ့ကျန်းဟာ မင်းသားငယ်၏အဆောင်ထံသို့ သွားသည်။ သူမက အစေခံမျာအားလုံး၏ ဝေခွဲမရဖြစ်နေသော အကြည့်များအောက်တွင် အထဲသို့ လျှောက်ဝင်သွားလိုက်သည်။ သူမက ဘာကိုမျှ စိတ်ထဲမထားချေ။ သို့ရာတွင် သူမက မော့ရုန်ရီကိုမြင်လိုက်ချိန်တွင် မေးခွန်းများအားလုံးဟာ လေထုထဲတွင် ပျောက်ကွယ်သွားသည်။ သူမ အရှေ့ရှိလူဟာ သူမ ယခင်က မြင်ဖူးနေကြ၊ ဝတုတ်ပြီး ချစ်စရာကောင်းသော ကောင်ငယ်လေးဟုပင် မထင်ရ‌လောက်အောင် ပိန်ကပ်လွန်းနေခဲ့သည်။

မင်းသားငယ်

သူမ ရင်ထဲစူးအောင့်သွားတော့သည်။ မော့ရုန်ရီဟာ အပ်စိုက်ကုသမှုကို ခံယူပြီးကာစဖြစ်သည်။ သူ၏ပါးပြင်များက ပုံမှန်အတိုင်းမဟုတ်လောက်အောင် နီရဲနေပြီး အားအင်ခြောက်ကပ်နေဟန်ရသည်။ ယဲ့ကျန်း ဝင်လာကြောင်းမြင်သောအခါ ပျော်သွားသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now