Part 99

1.1K 96 1
                                    

Unicode
အပိုင်း (၉၉) ဂရုစိုက်မှု ၂
“ဟ”
လုလင်ကျစ်က နာကျင်မှုဖြင့် ညည်းသည်။
သူမ၏သွယ်လျသောလက်များကို ကြည့်လိုက်၏။ ထို့နောက် သူက ရယ်သည်။ သူကသာ အမှားလုပ်မိလိုက်သော အမူအရာမျိုးဖြင့် အသနားခံလိုက်၏။
“ယောင်ယောင် ဒီအစ်ကိုကြီးကိုတော့ ညှာတာပေးပါ”
လုရှန်းကျစ်က တောင်းပန်ဟန်ဖြင့် ကြည့်ပြီးနောက် မျက်ဝန်းထောင့်မှတစ်ဆင့် ယဲ့ကျန်းကို ကြည့်သည်။
“ယောင်ယောင် ဂရုစိုက်လေ”
“ညီမက အတွေ့အကြုံမှ မရှိတာ၊ ပြီးတော့ ပတ်တီးလဲတာကို ဘယ်တော်မှာလဲ”
ယဲ့ကျန်းက ထိုသို့ မည်းမှောင်စွာ ပြန်ဖြေ၏။
“ဟုတ်တယ် ဟုတ်တယ်၊ ဒီအစ်ကိုကြီး မနာတော့ပါဘူး”
လုလင်ကျစ်က နူးညံ့စွာပြုံး၏။
သူ၏စိတ်ရှည်သည်းခံစွာ ချဉ်းကပ်မှုနှင့်တောင်မှ ယဲ့ကျန်းက သူ့အားမကြည့်ပါပေ။ သူမက သူ၏ဒဏ်ရာအပေါ်မှ ဆေးပတ်တီးကို ဖယ်ပြီးနောက် ဆေးကိုထည့်ပေးသည်။ ထို့နောက် ပတ်တီးကို တင်းကျပ်စွာ ပြန်ချည်ကာ နဂိုအတိုင်းပြန်ထားပေး၏။
“အရိုးကတော့ သက်သာသွားပြီ၊ ဒါပေမဲ့ မသန်မာသေးဘူး၊ အကြီးဆုံးအစ်ကိုအနေနဲ့ ကောင်းကောင်းအနားယူပြီး မလှုပ်ရှားတာက ကောင်းပါလိမ့်မယ်”
ကောင်းပြီ၊ လုရှန်းကျစ်က သူ့ကိုသာ ငါ့ဆေးမပေးခဲ့ရင် သူ့ရဲ့အရိုးက အခုအချိန်အထိ ကောင်းနေစရာကို မရှိဘူးပဲ။
“စတုတ္ထညီလေး ဒီရက်တွေမှာ ငါ ဘယ်မှမသွားနိုင်ဘူး၊ ဘာလို့ မင်း ဒီနေရာကိုလာပြီး လာမလေ့လာတာလဲ၊ ငါ မင်းကို သင်ပေးနိုင်တယ်မဟုတ်လား”
လုလင်ကျစ်က ကမ်းလှမ်းလိုက်သည်။
သူ နေ့တိုင်းလိုလို သူ၏အဆောင်အတွင်း တိတ်ဆိတ်စွာနေရခြင်းကို သဘောမကျပေ။
လုရှန်းကျစ်၏မျက်ဝန်းများက တောက်ပသွားတော့သည်။
“ကောင်းပြီ၊ အကြီးဆုံးအစ်ကို ကျွန်တော့်မှာ စာအုပ်တွေ အများကြီးရှိနေတယ်”
တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် စာသင်သားတစ်ယောက်ဖြစ်သော လုရှန်းကျစ်အနေဖြင့် သည်အခွင့်အရေးကို လက်လွတ်ခံလိမ့်မည်မဟုတ်ပေ။ လုလင်ကျစ်ကသာ သင်ကြားပေးမည်ဆိုလျှင် အခြားသောစာသင်သားများထံတွင် လေ့လာခြင်းထက် ပို၍ကောင်း၏။
ယဲ့ကျန်းက လုရှန်းကျစ် စိတ်လှုပ်ရှားစွာ ထွက်ပြေးသွားခြင်းကိုကြည့်နေကာ ခေါင်းကိုသာ ခါ၏။
“ယောင်ယောင် ဒီအကြီးဆုံးအစ်ကိုကို ပတ်တီးလဲပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်”
လုလင်ကျစ်က သူမ ထွက်သွားဟန် ပြင်နေသည့်အချိန်တွင် ကမန်းကတမ်း ကျေးဇူးတင်လိုက်သည်။
“ရပါတယ်၊ ဒါက ဘာမှ မဟုတ်ပါဘူး”
ပြောရလျှင် လုလင်ကျစ်က လုရှန်းကျစ်ကို ကယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သည်အတွက် သူမ ပြန်ပေးဆပ်သင့်သည်။ သူမ တံခါးသို့ ရောက်တော့မည်အချိန်တွင် လုလင်ကျစ်က ထည့်ပြောလာပြန်သည်။ သူမ၏ခြေလှမ်းများကို ရပ်လိုက်ရ၏။
“ယောင်ယောင် ယောင်ယောင် မင်းရဲ့အစ်ကိုကြီးကို အရမ်းမုန်းနေတာတော့ မဟုတ်ဘူးမလား”
လုလင်ကျစ်က ကူကယ်ရာမဲ့စွာ မေးလာသည်။
ထိုလူ့ပါးစပ်မှ ထိုသို့သောစကားများ ထွက်လာခြင်းက သူမကို ထူးဆန်းသလိုခံစားရစေ၏။ ယဲ့ကျန်းက သူ့ကို လှည့်ကြည့်ရန်ငြင်းဆန်သည်။ သူ့ကိုသာ ကျောပေးလျက် သူ၏မေးခွန်းကို ဖြေ၏။
“ညီမလေးကိုဘာလို့ အကယ်ဒမီကို မလွှတ်သလဲဆိုပြီး အတွန့်မတက်ချင် ဘူးလား”
လုလင်ကျစ်က ရယ်ကာဆက်မေးလာပြန်သည်။ ဒါက သူတို့ ပထမဆုံးတွေ့ချိန်တွင် ဖြစ်ခဲ့သော ကတောက်တဆဖြစ်၏။
ယဲ့ကျန်းက သူမ ဝိညာဉ်ကူးပြောင်းပြီးမှ ပထမဆုံးတွေ့သော ထိုနေ့ကို မှတ်မိနေသေး၏။ ထိုအချိန်မှစပြီး ယခုအချိန်အထိ သူမ သူ့အား အကြီးဆုံးအစ်ကိုတစ်ယောက်အဖြစ် မဆက်ဆံခဲ့ဖူးပေ။
ယဲ့ကျန်း တိတ်ဆိတ်သွားသည်။ သူမ လုလင်ကျစ်ကို  နှစ်နှစ်တိုင်တိုင် မုန်းတီးခဲ့၏။ သည်မုန်းတီးမှုများကိုပင် မနည်းထိန်းချုပ်နိုင်အောင် သူမ ကြိုးစားနေခဲ့ရခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၏ရှေ့တွင် ကပ်ဖားသည့်အမူအရာမျိုးဖြင့် ဟန်ဆောင်မနေချင်ပေ။
“ဒါမှမဟုတ် တစ်စုံတစ်ယောက်ကများ ယဲ့မိသားစုအကြောင်း တစ်ခုခု ပြောလိုက်လို့များလား”
လုလင်ကျစ်က သူမ အချိန်တစ်ခုကြာသည်အထိ ဘာမေးခွန်းကိုမျှ ပြန်ဖြေမလာကြောင်း မြင်သောအခါ သူ၏သံသယကိုသာ ခပ်တိုးတိုး မေးလိုက်တော့၏။
ခြေထောက်များကို ရွေ့လျားလျက် ယဲ့ကျန်းက သူ၏မျက်နှာကို ချက်ချင်း လှည့်ကြည့်လာသည်။
သူ ဘာကိုဆိုလိုတာလဲ။
“အဲဒီဆရာမရှန်းကများ မင်းကို တစ်ခုခုပြောခဲ့လား”
လုလင်ကျစ်က သူ တွေးသည်မှာ မှန်ကန်သည်ဟုထင်သွားကာ လေးလံစွာ ဆက်မေးလာ၏။
“ယဲ့မိသားစုနဲ့ဘာပတ်သက်လို့လဲ”
ယဲ့ကျန်းက လှည့်ကြည့်လျက် သူ့ကို ထိုးဖောက်မတတ် စူးရှစွာကြည့်လာသည်။ လုလင်ကျစ်က ခပ်တိုးတိုးပြောလာသည်။
“အစ်ကိုကြီး ဘာပဲလုပ်ခဲ့လုပ်ခဲ့၊ အဲဒါတွေက အစ်ကိုကြီးရဲ့ မူလရည်ရွယ်ချက် မဟုတ်ပါဘူး”
ယဲ့ကျန်း စိတ်ထဲတွင် နှာခေါင်းရှုံ့နေမိ၏။
မူလရည်ရွယ်ချက် မဟုတ်ဘူး၊ ငါ့ရဲ့ယုံကြည်မှုကိုယူပြီး ငါ မော့ရုန်ကျန်းကို ဘယ်လိုကယ်ဆယ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကိုသုံးပြီး လုဝူရှန်း လုပ်သမျှကို ထောက်ပံ့ပေးခဲ့တာတွေ အားလုံးက မူလရည်ရွယ်ချက် မဟုတ်ဘူးတဲ့လား။
“ချင်မင်းဆက်ရဲ့အရင်ဝမ်ဖေးက ဆရာမရှန်းရဲ့ အရင်ကျောင်းသူတစ်ယောက်ပဲ၊ ဒါကြောင့် ကျွန်မရဲ့အစ်မကြီးလို့ ပြောလို့ရတယ်၊ သူမ ဘယ်လိုသေသွားခဲ့တာလဲ”
ယဲ့ကျန်းက သူ့အားတည်တင်းစွာမေးသည်။
သူမ၏အမူအရာကို သူ မသိနိုင်စေရန် တည်ငြိမ်အောင်ဟန်ဆောင်ထား၏။
လုလင်ကျစ်က ရုတ်တရက် ယဲ့ကျန်းက သူ ပေးသောအဆိပ်ဝိုင်ကို သောက်ခဲ့သည့်မြင်ကွင်းကို ပြန်သတိရသွားပြီး ကူကယ်ရာမဲ့စွာ မျက်လုံးများကို မှိတ်လိုက်မိသည်။
“ဝမ်ဖေးရဲ့နန်းတော်က မီးလောင်သွားတာ၊ သူမ မီးလောင်ပြီး သေသွားခဲ့တာပဲ”
ယဲ့ကျန်းက ဖျော့တော့စွာပြုံးသည်။
“ဒီသခင်မလေးက တကယ်ကံဆိုးတာပဲ ဖြစ်နိုင်ပါတယ်”
“သူများတွေပြောသမျှကို လိုက်နားမထောင်ပါနဲ့၊ အချို့အမှန်တရားတွေကို ညီမလေးကိုယ်တိုင်ပဲ ရှာဖွေသင့်တယ်”
လုလင်ကျစ်က ပြောသည်။
လူတိုင်းထက် ငါက ပိုသိနေတာပဲ။
“ကျွန်မ ပြန်ပြီး လက်ရေးမူလေ့ကျင့်ရတော့မယ်၊ အကြီးဆုံးအစ်ကို အမြန်ဆုံး ပြန်ကောင်းပါစေ”
ယဲ့ကျန်းက တစ်ဖက်လှည့်သွားသည်။
ယဲ့မိသားစုနှင့်ပတ်သက်၍ မကျေနပ်မှုကို ဖော်ပြခြင်းမရှိတော့ပေ။ သို့မဟုတ်လျှင် သူမက သံသယကို လောင်ကျွမ်းသွားစေပေလိမ့်မည်။
ထျန်းကျန့်၏ရှေ့တွင်ဖြစ်ခဲ့သော ထိုနေ့က သူမ ထိန်းချုပ်မှု လွတ်ကင်းသွားခဲ့ရုံမျှသာဖြစ်၏။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now