Part 133

818 70 1
                                    

အပိုင်း ၁၃၃

ယဲ့ကျန်းက လုစံအိမ်တော်သို့ ပြန်ရောက်လာပြီးနောက် အဝတ်အစားများ လဲလှယ်ပြီးသည်နှင့် သခင်မကြီးလုထံသို့ သွားကာ ဒီနေ့စာမေးပွဲအကြောင်းပြောပြသည်။ သခင်မကြီးလုကလည်း ယဲ့ကျန်းက အေလေးလုံး ရကြောင်း ကြားသောအခါ ပျော်ရွှင်သွားကာ ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်သည်။

"ဒါက တို့များရဲ့ ယောင်ယောင်လေး ဘယ်လောက်ဉာဏ်ကောင်းသလဲဆိုတာ သိသာသွားစေတာပဲ။ ရက်အနည်းငယ်လောက်လေ့ကျင့်လိုက်ရုံနဲ့ အေလေးလုံးတောင် ရလိုက်ပြီ"

သူမက ပျော်ရွှင်စွာပြောသည်။

သူ၏ညီမဖြစ်သူအတွက် ပျော်ရွှင်မိသည့်အပြင် ဂုဏ်ယူမှုကိုလည်း ခံစားနေရသော လုရှန်းကျစ်က ပြုံးကာကြည့်နေသည်။ သို့သော် သူ၏ညီမ၏အောင်မြင်မှုက သူမ ယနေ့ခံစားခဲ့ရသောအခြေအနေကြောင့် မနှစ်မြို့သလို ခံစားမိစေလေသည်။

"အဘွား အဘွားမသိလို့ ယောင်ယောင်က ဒီနေ့ အေတစ်လုံးလျော့တော့မလို့"

လုရှန်းကျစ်က အခက်အခဲများကို ပြောပြလိုက်ပြီး မင်းသမီးနှင့် ထိုဆရာမနှစ်ယောက်က လုယောင်ယောင်အား မည်သို့ဒုက္ခပေးကြောင်းကို ပြောပြလိုက်သည်။ သခင်မကြီးလုက ဒေါသထွက်သွားကာ သူမ၏ယပ်တောင်ဖြင့် စားပွဲကို ဖြောင်းခနဲရိုက်သည်။

"သူတို့က ငါတို့လုမိသားစုကို အလွယ်တကူ အနိုင်ကျင့်လို့ရမယ်လို့ ဘယ်လိုတောင်တွေးရဲတာလဲ"

စိတ်အခြေအနေကို ပေါ့ပါးစေလိုသော ယဲ့ကျန်းက ရယ်မောလျက် ချိုမြိန်စွာ ပြုံးလိုက်သည်။

"အဘွား သူတို့ ကျွန်မကို အနိုင်ကျင့်လို့မရခဲ့ပါဘူး။ ဒါ့အပြင် ကျွန်မက မင်းသမီးဆီကနေ ငွေလျန်းလေးသောင်းနှစ်ထောင်တောင် ရလိုက်တယ်။ ကျွန်မဆေးဝါးတွေရတာနဲ့ အဘွားကို ဈေးထဲက စားကောင်းသောက်ဖွယ် ခပ်စပ်စပ်အရသာတွေအားလုံး ဝယ်ဖိတ်ကျွေးမယ်"

"ဘယ်သူက ဘယ်သူ့ကို ဖိတ်မှာလဲ"

ထိုအချိန်တွင် အပြင်ဘက်မှ လုရှီမင်တို့ ဇနီးမောင်နှံက ဝင်လာသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းDonde viven las historias. Descúbrelo ahora