Part 184

662 75 1
                                    

184 01

အပိုင်း ၁၈၄

လက်ထဲတွင် အဖြေစာရွက်များကိုကိုင်ထားလျက် အခန်းနံပါတ် ၂ မှ ထွက်လာသော ချင်ဖူကျစ်ဟာ ဆေးဝါးအကယ်ဒမီ၏ တောင်ဘက်ခြမ်းတွင်ရှိသည့် ကျဉ်းမြောင်းသောခြံဝန်းလေးထံ ဦးတည်လိုက်သည်။ ထိုနေရာတွင် အတန်းပြီးချိန်တွင် ကျောင်းအုပ်နှင့်ဆရာ၊ ဆရာမများ အနားယူနိုင်သောနေရာဖြစ်လေသည်။ ထိုခြံဝန်းလေး၏အပြင်အဆင်ဟာ အိုဟောင်းနေပြီး ဆောင်းတွင်းဒဏ်ကြောင့် ငြိမ်းအေးနေဟန်ပေါ်နေသေးသည်။ သို့သော် ထိုအဆောက်အဦတွင် လေးစားဖွယ်ကောင်းသော နဂါးနှင့်ဖီးနစ်များ လေထဲကခုန်နေသည့်သဏ္ဍာန်များကို ထွင်းထုထားကာ ရုံးတွင်းကျောင်းဆောင်ဆိုသော စကားလုံးများကို ထင်ရှားမြင်နိုင်လေသည်။ ထိုစကားလုံးများဟာ ကျင်းတိုင်းပြည်၏ အခမ်းနားကြီးကျယ်ဆုံးသော ဧကရာဇ်ဟွမ်ဖူရှို့ကိုယ်တိုင် ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ထိုအဆောက်အဦတွင် ခြံဝန်းငယ်သီးသန့်စီပါသည့် အဆောင်ငယ်သုံးခုရှိပြီး အလယ်တွင် သုံးထပ်ဆောင် ဗဟိုအဆောင်ကြီးရှိနေသေးသည်။ ပထမထပ်ဟာ အလွန်ကျယ်ပြီးခမ်းနားသည်။ အပြင်ဘက်နံရံများက ဆေးခြယ်ထားမှုနှင့် လက်ရာမြောက်သောအနုပညာလက်ရာများကြောင့် ရှေးကျနေသည်ဟု ခံစားရသည့်တိုင်အောင် ခန့်ထည်ဝါနေသေးလေသည်။ ဂရုတစိုက်သာကြည့်မည်ဆိုလျှင် ထိုဆေးရေးခြယ်ထားမှုများနှင့် အနုပညာလက်ရာများဟာ သမိုင်းတစ်လျှောက်ကို ကိုယ်စားပြုနိုင်စွမ်းရှိပြီး မည်သူမှမထိရဲလောက်အောင် ခမ်းနားသော အဖိုးတန်ရတနာများဖြစ်ကြောင်း သတိထားမိကြမည်ဖြစ်သည်။ ထိုသို့အသေးစိတ် ပုံဖော်ထားရန်အတွက် အားအင်အလွန်စိုက်ထုတ်ခဲ့ရလောက်သည်။

"ချီကျင်း"

ချင်ဖူကျစ်၏စိတ်လှုပ်ရှားမှုဟာ သူ၏မြင့်သွားသောလေသံကို ကြည့်ရုံဖြင့် သတိထားမိနိုင်သည်။ သူကရပ်တန့်ခြင်းမရှိလေဘဲ အလယ်ဗဟိုရှိအဆောင်ထံသို့ တိုက်ရိုက်ဝင်သွားလိုက်ပြီး ဒုတိယထပ်သို့တက်သည်။

ဆေးဝါးအကယ်ဒမီကျောင်းဆောင်မှ ခေါင်းဆောင်ပါမောက္ခလည်းဖြစ်သလို နန်းတော်ထဲတွင် အမြင့်ဆုံးအမျိုးသမီးသမားတော်ရာထူးရထားသော ချီကျင်းဟာ ပညာသင်ကြားရေးတွင် ခေါင်းဆောင်ကျောင်းအုပ်ထက် တစ်ဆင့်သာလျှင် နိမ့်လေသည်။ မှတ်တမ်းများနှင့် သုတေသနစာရွက်များအားလုံးကို ဒုတိယထပ်တွင်ထားသည်။ ထို့ကြောင့် ဒုတိယထပ်သို့တက်ကာ ရှာလိုက်ရုံမျှဖြင့် သူမကိုမြင်နိုင်လေသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းOù les histoires vivent. Découvrez maintenant