Part 191

723 77 4
                                    

အပိုင်း ၁၉၁

သိထားရမည်မှာ ထိုဆေးပင်များဟာ အလွန်အဖိုးတန်နေခြင်းက အကြောင်းပြချက် ကောင်းကောင်းရှိနေသည်။ သူတို့၏စိုက်ပျိုးချိန်မှစပြီး ကြီးထားလာချိန်အထိ အပင်က ကိုယ်တိုင်ပင် စိန်ခေါ်သလိုဖြစ်နေသည်။ မီးကြာပန်းကပင် ချွင်းချက်မရှိပေ။ အထူးသဖြင့် သူ၏အဖူးငယ်လေးဟာ ပွင့်ရန်အခက်ခဲဆုံးဖြစ်နေသည်။ သည်နေရာတွင် စိုက်ပျိုးထားသော ဆေးပင်များဟာ မည်သူကမျှ မလျော်နိုင်လောက်အောင် အဖိုးထိုက်တန်လွန်းလေသည်။ ထို့ကြောင့် ဖန်လုံအိမ်ဟာ ကျောင်းသူများအတွက် တားမြစ်နေရာဖြစ်နေသည်မှာ အံ့ဩစရာ မရှိချေ။ သို့ရာတွင် ယဲ့ကျန်းကမူ ထိုစည်းမျဉ်းရှိကြောင်း မသိထားသေးချေ။

ထိုစည်းမျဉ်းကိုလည်း သူမထံ ဖုံးကွယ်ထားခြင်းဖြစ်သည်။ သည်အကယ်ဒမီတွင် သူမ ကျရှုံးသွားမည့်အရေးကို မြင်ချင်သူများစွာရှိနေသည်။ လူတိုင်းက သူမ ဒုက္ခရောက်မည့်အချိန်ကို စောင့်ကြည့်လိုနေကြသည်။

လေးနက်သောခန့်မှန်းမှုနှင့်အတူ ယဲ့ကျန်းဟာ မထိန်းနိုင်သွားသလို ထွက်ပြေးရန်လည်း မကြိုးစားချေ။ ဒါက လုပ်ကြံခံရခြင်းဖြစ်ကြောင်း သူမ ကောင်းကောင်းသိနေသည်။ ထိုအချိန်တွင်ပင် ဟွမ်ဖူရှန်းဟာ ဆုရှင်းမိန်နှင့်ချင်ဖူကျစ်တို့ကို ခေါ်လာကြောင်းကိုပင် လှမ်းမြင်လိုက်ရသည်။

ဒါဟာလှည့်စားသောအခြေအနေတစ်ခုဖြစ်လေသည်။ သူမဟာ ပျက်စီးနေသော ကြာပန်းနှင့်အတူ ဖန်လုံအိမ်ထဲတွင် တစ်ယောက်တည်းရှိနေသည်။ ပျက်စီးမှုဟာ ဖြစ်သွားပြီဖြစ်ပြီး မည်သို့ပင်ဆိုစေကာမူ သူမဟာ အပြစ်တင်ခံရတော့မည်ဖြစ်သည်။ သို့ရာတွင် သူမက ဖန်လုံအိမ်ထဲမှသာ သည်အချိန်ထွက်လိုက်မည်ဆိုလျှင် မဟာပြစ်မှုကြီးကို ကျူးလွန်ခံရသူဖြစ်သွားပေလိမ့်မည်။ ဆင်ထားသော ထောင်ချောက်ထဲ သူမ အပြည့်အဝရောက်သွားပေလိမ့်မည်။

လုယောင်ယောင်က သူမမျက်စိရှေ့မှ မီးကြာပန်းကိုကြည့်ပြီးနောက်တွင် ဒေါသထွက်လာသည်။ အချိန်တိုင်းလိုလို သူတို့ဟာ သူမကို ဒုက္ခပေးရန် ကြံစည်နေကြသည်။ သူမကိုယ်တိုင်ကသာ သူတို့၏ထောင်ချောက်ထဲ ဝင်သွားမိခြင်းဖြစ်ကြောင်းကိုလည်း သူမက သိထားသည်။ သို့သော် ထိုလူများဟာ သာမန်မီးကြာပန်းအပင်လောက်နှင့် သူမကို သိက္ခာချရဲသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now