Part 175

703 76 1
                                    

175 01

အခန်း (၁၇၅)

အန္တရာယ်များသော တည်ရှိမှု (၂)

ယဲ့ကျန်းက လုလင်ကျစ်၏ မျက်နှာချင်းဆိုင်တွင်ထိုင်ပြီး ခေါင်းကိုမော့ကာ သူ့အား သံသယအပြည့်ဖြင့် ကြည့်သည်။

"အကြီးဆုံးအစ်ကို ကျွန်မအနေနဲ့ အကယ်ဒမီကို တစ်ယောက်ထဲသွားလို့ ဖြစ်ပါတယ်။ အကြီးဆုံးအစ်ကိုရဲ့ ဒဏ်ရာကလည်း အပြည့်အဝ သက်သာသေးတာ မဟုတ်ဘူး။ ကိုယ်တိုင်ကိုယ်ကျ ဒုက္ခခံကာ လိုက်ပို့ဖို့အထိ မလိုပါဘူး"

လုလင်ကျစ်က အချိန်တိုအတွင်း ပြင်းပြင်းထန်ထန် ပြောင်းလဲသွားသော ဝမ်းကွဲဖြစ်သူကိုကြည့်သည်။ ဒီနေ့သူမဟာ ခါးနားတွင် အနည်းငယ် ကြပ်သွားသော အစိမ်းရောင်နှင်းဆီပုံ ဘရိုကိတ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ အသားအရည်ဟာ ရွှေသားကဲ့သို့ ဖြူဖွေးပြီးသားဖြစ်ပြီး တောက်ပသော မျက်ဝန်းများဟာလည်း ညလယ်ခေါင် ကြယ်စင်များ ထင်ရှားစွာရှိနေသလို ဝင်းလက်နေသေးသည်။ သူမ၏မျက်နှာတွင် ဖျော့တော့သောအပြုံးက ရှိနေသည်။ နွေဦးရာသီလိုမျိုး သဘာဝဆန်ကာ လှပလွန်းနေလေသည်။

ဒီမိန်းကလေးငယ်လေးက လုဝူရွှမ်းကို ခြိမ်းချောက်သလို ခံစားမိစေသည်မှာ အံ့သြစရာမရှိချေ။

"အကြီးဆုံးအစ်ကိုကြီးက ဒီနေ့ ရှီရှန်းစခန်းကို သွားမှာဆိုတော့ တတိယညီမလေးကို လမ်းကြုံချထားပေးခဲ့မလို့ပါ"

လုလင်ကျစ်က သူမကိုပြောပြသည်။

"မနေ့က နန်းတော်ထဲမှာ မကောင်းတဲ့အရာတွေများ ဖြစ်ခဲ့သေးလား"

တကယ်ကိုပဲ မျှော်လင့်ထားတဲ့အတိုင်း သူကမနေ့ကကိစ္စကို စမေးပြီပဲ။

ယဲ့ကျန်းကသူ့အား အံ့အားတကြီးကြည့်သည်။

"အကြီးဆုံးအစ်ကိုက ဘာလို့ဒီလိုပြောတာလဲ။ မနေ့ကဘာမှ မဖြစ်ခဲ့ပါဘူး"

လုလင်ကျစ်က သူမ၏အံ့သြကာ အထိတ်တလန့်ဖြစ်သွားဟန်ကို ထင်ရှားစွာ ဖမ်းဆုပ်မိလိုက်သည်။ နန်းတော်ရှိ ဝမ်ဖေးက သူမအား နားလည်မှု လွဲမှားမည်ကို စိုးရိမ်နေဟန်ရသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းजहाँ कहानियाँ रहती हैं। अभी खोजें