part 21

1.8K 175 1
                                    

Unicode
အပိုင်း (၂၁) ညီမက အတော်ဆုံး (၁)
သူ၏ ငြင်းဆန်မှုကြောင့် ပြောင်းလဲသွားသော ညီမ ဖြစ်သူ၏ အမူအရာကို ကြည့်ပြီးနောက် သူ၏ ရှေ့မှ ကောင်မလေးက ရုတ်တရက် ခက်ထန်လွန်းလှသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူ ဂရုတစိုက် ကြည့်လိုက်သောအခါ အပြစ်ကင်းစင်ပြီး စိတ်ပျက်လက်ပျက် ဖြစ်ပြီး နာကျင်နေသော သူမလေးကိုသာ မြင်ရ၏။
ငါ အမြင်မှားတာလား၊ ဒါမှမဟုတ် ဒါက အလင်းရဲ့ ယောင်ပြန်ဟပ်မှုကြောင့်လား။
သူ သက်ပြင်း ချလိုက်သည်။ သူ သိပ်မကြာခင်ကမှ လူသတ်မှုများစွာကို ကျူးလွန်ခဲ့၍ ဖြစ်နိုင်၏။ ထို့ကြောင့် ထိုကိစ္စများကိုပင် မှားယွင်းစွာ မြင်နေခဲ့ချေပြီ။ သူ့ကိုယ်သူပင် လှောင်ရယ်မိ၏။
"ယောင်ယောင် ဘာမှ မမှားပါဘူး၊ အစ်ကိုကြီးက ဒီအတိုင်း ဒီအချက်ကို နားမလည်ရုံပါပဲ။ တကယ်လို့ ညီမလေး အကယ်ဒမီကို မသွားနိုင်ဘူး ဆိုရင်တောင်မှ ညီမလေးကို အနိုင်မကျင့် ရဲအောင် တစ်ချိန်မှာ ညီမလေးရဲ့ ယောကျာ်း ဖြစ်လာမဲ့သူကို အစ်ကိုကြီးက သွန်သင် ဆုံးမပေးမှာပါ။ ညီမလေးက လုမိသားစုရဲ့ တတိယ သခင်မလေးပဲ၊ ဘယ်သူကို ညီမကို လက်ထပ်ဖို့ ငြင်းဆန်ရဲသလဲ။ ညီမရဲ့ အစ်ကိုကြီး အနေနဲ့ ညီမလေး အတွက် ကောင်းတဲ့ ကိစ္စကိုတွေကိုပဲ လုပ်ပေးမှာပါ"
လုလင်ကျစ်က ငြင်သာစွာ ပြောသည်။
သူ၏ အဖွားနှင့် တွေ့ပြီးသား ဖြစ်ကာ သူ၏ ညီမက အမျိုးသမီး အကယ်ဒမီသို့ တက်ချင်ကြောင်း နားလည်ထားပြီးသား ဖြစ်၏။ သူမကသာ ယဲ့ကျန်းနှင့် တူမနေခဲ့လျှင် သူကလည်း ကန့်ကွက်လိမ့်မည် မဟုတ်ပေ။
ယဲ့ကျန်းက စိတ်ထဲတွင် နှာခေါင်း ရှုံ့လိုက်သည်။
သို့သော် အပြင်တွင်မူ နှုတ်ခမ်းစူကာ ပြော၏။
"အစ်မနှစ်နဲ့ စတုတ္ထညီမ တို့ကလည်း အကယ်ဒမီကို သွားကြတယ်လေ၊ အဖွားကလည်း ညီမသာ အကယ်ဒမီကို သွားရင် ကောင်းမှာပဲလို့ ပြောတယ်။ ညီမကို မလိမ်ပါနဲ့"
ငါ့ကို လိမ်မနေနဲ့။
လုလင်ကျစ်၏ အမူအရာက သူ့ရှေ့မှ လှပသော ညီမငယ်၏ အမူအရာကြောင့် ဝမ်းနည်းသွားရသည်။ ညီမဖြစ်သူ၏ မျှော်လင့်ချက်ကိုလည်း သူ နားလည်၏။ သူမကို မလိမ်ရန် သူ့ကို ပြောလာသည်။ သူ ယဲ့ကျန်းကို ၂ နှစ်တိုင်တိုင် လိမ်ခဲ့မိခြင်းကိုပင် သတိရသွား၏။ လက်ရှိအချိန်တွင် သူ လုယောင်ယောင်ကိုလည်း လိမ်မိပြန်လေပြီ။
"တကယ်ပဲ အကယ်ဒမီကို အရမ်း သွားချင်တာပဲလား"
လုလျင်ကျစ်က အသံ တိုးတိုးဖြင့် မေးသည်။
"အင်း ညီမ သွားချင်တယ်"
ယဲ့ကျန်းက ခေါင်းညိတ်ကာ နွေးထွေးသော မျက်ဝန်းများဖြင့် ကြည့်၏။
ငါ မသွားနိုင်ရင် ငါ ဆေးဝါးပညာရှင် ဘယ်လို ဖြစ်လာမှာတဲ့လဲ၊ ဒီလိုဆိုရင် တော်ဝင်နန်းတော်ထဲကို ဘယ်လို ဝင်ရမှာလဲ၊ ငါ ဘယ်လို ကလဲ့စား ချေရမှာလဲ
လုလင်ကျစ်က သက်ပြင်းချသည်။ သူ၏ မျက်နှာတွင် မောပန်း နွမ်းနယ်မှုများကို မြင်ရ၏။ သူက သူမ၏ နှလုံးသားကို မနာကျင်စေလိုပေ။ ထို့ကြောင့် ထိုအကြောင်းအရာကို လက်လျှော့ ပေးရန်သာ ဆုံးဖြတ်လိုက်၏။
သို့သော် အမျိုးသမီး အကယ်ဒမီကို သူ သူမကို မသွားစေလိုသေးပေ။ လူအများ သူမကို မြင်သွားမည်ကို သူ မဖြစ်စေလိုပေ။ သူမ၏ ရုပ်ရည်က ယဲ့ကျန်းကို သိသောသူများကို ပြန်လည် အောက်မေ့ စေပေလိမ့်မည်။ သူ ဒါကို ကြောက်၏။
လူ မည်မျှများများ သူမ၏ ရုပ်ရည်ကို မှတ်မိ နေသေးကြောင်း သူ မသိသော်လည်း ယဲ့ကျန်းက နန်းတော် အတွင်းတွင် တစ်သီးတစ်သန့် နေခဲ့သော အချိန်များအရ လူတွေ့ခြင်း နည်းပါး ခဲ့သော်လည်း သူမ၏ ဂုဏ်သိက္ခာ၊ သူမ၏ အဆင့်အတန်း၊ သူမ၏ အလှတရားက မေ့ရန် ခက်ခဲလွန်းသည်။
သူမက သေဆုံး သွားပြီးသည့် တိုင်အောင် သူမ၏ အလောင်းက မီးထဲပါသွားသည့် တိုင်အောင် သူမ၏ အိမ်တော်ကလည်း မီးရှုံ့ခံလိုက်ရသည့် တိုင်အောင် လူအများစုက သူမကို လွမ်းနေကြသေး၏။ သူမကို စာနာ သနားနေကြသေး၏။
ထိုအချက်ကြောင့် ယောင်ယောင် အကယ်ဒမီသို့ ရောက်သွာသည့်အခါ သက်ရောက် ခံရနိုင်သည့် အခြေအနေများကို သူ မတွေးဝံ့ပေ။
"တတိယညီမက ကိုယ်ပိုင် စွမ်းရည်နဲ့ စာမေးပွဲကို အောင်မြင်နိုင်မယ်ဆိုရင် သွားပါ၊ အစ်ကိုကြီးက မတားတော့ဘူး"
လုလင်ကျစ်က ပြောသည်။
ထိုကလေးမလေး စာမေးပွဲတွင် ကျရှုံး သွားခဲ့ပြီး ကံဆိုးရန်သာ မျှော်လင့်မိသွား၏။
ယဲ့ကျန်း၏ မျက်နှာက နီရဲသွားသည်။ အထူးသဖြင့် လုလင်ကျစ်၏ ဖိအားကြောင့် ဖြစ်၏။ သူ သူမကို အကယ်ဒမီသို့ မဝင်နိုင်ရန် တားဆီးနေသည့် ရည်ရွယ်ချက်ကို သိလိုသည်။
"ညီမကသာ ညီမရဲ့ စွမ်းရည်နဲ့ စာမေးပွဲကို အောင်မြင် သွားမယ်ဆိုရင် အကြီးဆုံး အစ်ကိုက မတားတော့ဘူး မဟုတ်လား"
သူမက မေးသည်။
အရာအားလုံး ကမူးရှူးထိုး လုပ်ပြီး အသက် အသေခံရမည့် အဖြစ်ကို မဖြစ်လာစေချင်ပေ။ ဒီလူ၏ လုပ်နိုင်စွမ်းကို သူမ ကောင်းကောင်း နားလည်၏။ ထို့ကြောင့် ကိစ္စအားလုံးကို ရှင်းလင်းအောင် လုပ်ထားသည်က အကောင်းဆုံး ဖြစ်သည်။
"သေချာတာပေါ့၊ အစ်ကိုကြီးက ဒီလောက် နှလုံးသား မမဲ့ပါဘူး"
သူ၏ စကားက ယဲ့ကျန်းကို အန်ချင်သွားစေသည်။ သူမ၏ စိတ်အတွင်းတွင် ရွံ့ရှာမှုက မြင့်တက်လာခဲ့၏။ ထိုစကားက သူနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
"ဒါ့အပြင် ယောင်ယောင် စာမေးပွဲက မလွယ်ဘူးနော်"
သူက သူမကို သတိပေးလိုက်သေးသည်။
သူမ၏ ယဲ့ကျန်းနှင့် တူညီသည့် ရုပ်ရည်ကြောင့် သူ ထိတ်လန့် ရသည့်အပြင် လုလင်ကျစ်က သူမ၏ အနာဂတ်ကို မနာကျင်စေလိုပေ။ ထို့ကြောင့် စာမေးပွဲ ကျရှုံးသွားသည့်အခါ ဖြစ်လာမည့် အကျိုးဆက်က သူမအပေါ် သက်ရောက်မှု ပြင်းထန်သွားမည်ကိုလည်း သူ စိုးရိမ်မိ၏။
သူမက နယ်မြို့မှ လာကြောင်း သူ ကြားထားသည်။ ထိုနေရာမှ လူများက ရိုးရှင်းသော ဘဝကို ပိုင်ဆိုင်ထားကြ၏။ ရှုပ်ထွေးမှု၊ အကောက်ကြံမှု၊ ဒုက္ခပေးမှုများ မရှိဘဲ ရိုးရှင်းစွာဖြင့်သာ နေထိုင် ဖြတ်သန်းကြခြင်းလည်း ဖြစ်သည်။ အခြား သူများ၏ အကောက်ကြံမှု အောက်တွင် သူမ ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် အကယ်ဒမီတွင်လည်း သူမ၏ အမှားများက လူတိုင်း သတိထားမိကာ လက်ညှိုး ထိုးပြလာသော ကိစ္စများ ဖြစ်လာနိုင်သေး၏။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now