part 31

1.6K 152 1
                                    

Unicode
အပိုင်း ၃၁။ ယဲ့ကျန်းနှင့် ဧကရာဇ်လေး (၁)
သူမသည် ငယ်စဉ်က ချိုမွှေးသည့် သစ်သီး ကိုယ်သင်းရနံ့ကို ပိုင်ဆိုင်သည်။ ဒါက ပတ်ဝန်းကျင်ရှိလူတိုင်းကို သူမအနားတွင်ရှိလျှင် အလိုလို စိတ်အေးစေကာ သူမ၏တည်ရှိမှုက ရုပ်ပိုင်းဆိုင်ရာအရပင်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရပင်ဖြစ်စေ အားလုံးကို စိတ်အေးစေသည်။ သူမ၏အသံက ချိုမြိန်ကာ နူးညံ့သည့်အတွက် လူတိုင်းကို အလိုလို စိတ်အေးစေပြန်၏။
“မင်း ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်လာခဲ့တာလဲ”
သူက မေးသည်။
"ဘယ်သူလဲ"
သူက ချင်မင်းဆက်မှ ဧကရာဇ်လေးဖြစ်ကာ အတိတ်အချိန်က သာမန်မင်းသားတစ်မျှသာ ဖြစ်ခဲ့သူလည်းဖြစ်သည်။ ထို့ကြောင့် အမြဲတမ်း သတိအနေအထားနှင့်နေရ၏။ သို့သော် အချို့သောအကြောင်းပြချက်များကြောင့် သည်ကလေးမနှင့် ဆုံခဲ့သောအချိန်တွင် သူ၏သတိက အလိုလိုနိမ့်ကျသွားပြီး အသံကပင် နူးညံ့သွားရ၏။
သူမဟာ ငယ်စဉ်ကတည်းက ဖခင်၏သင်ကြားပေးမှုများကို နှလုံးသားထဲ ထည့်သွင်းထားခဲ့သည်။ ထို့ကြောင့် သူစိမ်းများကို သူမက မည်သူဖြစ်ကြောင်း မပြောသင့်မှန်းလည်း နားလည်နေ၏။ ဒါက အရေးကြီးဆုံးအချက်ဖြစ်ကြောင်းလည်း သူမ နားလည်နေသည်။ ထို့ကြောင့် သူမ၏နာမည်ကို မပြောခဲ့ပေ။ ယဲ့မိသားစုက အထက်တန်းလွှာမိသားစုဖြစ်ကာ သူမက အထီးကျန်ကလေးဖြစ်ကြောင်း သိသွားသည်နှင့် သူတို့က အခွင့်ကောင်း ယူကြပေလိမ့်မည်။ အထူးသဖြင့် သူမက ယဲ့မျိုးရိုးဖြစ်နေ၏။
သူမက ထိုဆယ်ကျော်သက်လေးကို ရင်ဆိုင်ရသောအချိန်တွင် ဘေးဘက်သို့ ခေါင်းလေးကိုစောင်းကာ မေးလိုက်၏။
“နင်က ဘယ်သူလဲ၊ ရေတွင်းထဲကို ဘယ်လိုကျသွားတာလဲ”
“ဒီမင်းသားရဲ့မျိုးရိုးနာမည်က မော့၊ ငါ့ရဲ့နာမည်အရင်းကတော့ ရုန်ကျန်း၊ ဒီမင်းသားက အမြင်အာရုံကို ဆုံးရှုံးထားရပြီး မတော်တဆ ဒီထဲကိုကျသွားခဲ့တာပဲ”
ဧကရာဇ်လေးက ခပ်တိုးတိုး ပြောသည်။ သူ၏မျက်နှာမှ အမူအရာကမူ သေလုအောင် ဖြူဖျော့နေကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်လည်း မည်းမှောင်လာပြန်သည်။
ငယ်ရွယ်သေးသော ယဲ့ကျန်းက သူ၏အခြေအနေကြောင့် အံ့ဩသွားခဲ့ရသည်။ သူမက လက်လေးကို ဆန့်ထုတ်ပေးပြီး သူ၏မျက်နှာကို ထိတွေ့လိုက်ကာပြောလိုက်၏။
“နင့်ရဲ့မျက်လုံးတွေ နာနေတာလား၊ မစိုးရိမ်နဲ့၊ ငါက နင့်ရဲ့အသံဖြစ်ပေးမယ်၊ ငါ နင့်အတွက် အော်ပေးမယ်”
မော့ရုန်ကျန်းသည်လည်း အံ့ဩသွားခဲ့ရသည်။ သူ၏ပါးပြင်ကို ထိတွေ့နေသော နူးညံ့သောလက်ဖဝါးတစ်စုံကို သူ ခံစားရ၏။ သူ၏လက်မောင်းအတွင်းသို့ ဝင်ရောက်လာသော နူးညံ့သည့်သစ်သီးရနံ့၊ ကိုယ်သင်းနံ့ကိုလည်း ရသည်။ သူ လက်ဆန့်ထုတ်ကာ သူမကို ထိတွေ့လိုက်၏။ ထိုကလေးမလေးက သူ ထင်ထားသည်ထက် အကောင်သေးနေခဲ့သေးသည်။
အသက်ဘယ်လောက်လဲ ၈ နှစ်လား၊ ၇ နှစ်လား။
သူ စတင်ကြောင်အသွားချိန်မှာပင် သူ၏မျက်ခွံများပေါ်သို့ ညင်သာသော ထိတွေ့မှုတစ်ခု ကျဆင်းလာခဲ့သည်။ သူ၏ပူပန်မှုများစွာကို လျော့ကျသွားစေ၏။ ဒါက သူမ၏နှုတ်ခမ်းဖြစ်သည်။ ချိုမြိန်ကာ ပျားရည်နံ့သင်းသော သစ်သီးရနံ့က နူးညံ့စွာဖြင့် ကပ်ပါလာခဲ့၏။ ဒါက သူ့ကို အချိန်တစ်ခုကြာ မတုံ့ပြန်နိုင်အောင် ဖြစ်သွားစေသည်။
ထို့နောက် သူ၏လက်မောင်းကြားထဲမှ သူမက ပြန်ထကာ ပြုံးလိုက်သည်။
“အစ်ကိုမော့ အစ်ကိုက တကယ်ခံ့ညားတာပဲ၊ အစ်ကိုသာ မျက်လုံးတွေ ပြန်ကောင်းပြီး မြင်နိုင်မယ်ဆိုရင် မြို့တော်မှာ ကြည့်အကောင်းဆုံးလူဖြစ်တယ်ဆိုတာကို နားလည်လာလိမ့်မယ်၊ မဟုတ်ဘူး၊ တကယ်တော့ အစ်ကိုက ဒုတိယမြောက် အကြည့်ကောင်းဆုံးပဲ၊ အဖေက ပြောထားတယ်၊ ငါ့ယောင်ယောင်က တစ်လောကလုံးမှာ အလှဆုံးတဲ့လေ”
ဧကရာဇ်လေးက အော်ရယ်မိသွားသည်။
“မစိုးရိမ်ပါနဲ့၊ ဒီမင်းသားရဲ့မျက်လုံးတွေက သိပ်မကြာခင်မှာပဲ ပြန်ကောင်းသွားမှာ၊ မင်းရဲ့နာမည်က ယောင်ယောင်လား”
“အာ ငါဘာလို့ ငါ့ရဲ့နာမည်ပြောင်ကို ပြောလိုက်မိတာလဲ”
ကောင်မလေးက ပါးစပ်ကိုအုပ်သည်။
“မစိုးရိမ်ပါနဲ့ မင်းက လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားချင်တယ်ဆိုရင် ဘယ်သူကမှ မင်းရဲ့နာမည်ကို မသိစေရဘူး”
ဧကရာဇ်လေးသည် ရယ်နေလေ၏။
ငယ်ရွယ်သေးသောယဲ့ကျန်းက ခေါင်းလေးကိုငုံ့သည်။
“ငါ ဗိုက်ဆာတယ်၊ ငါတို့ကို ဘယ်သူမှ ဘာလို့ လာမရှာသေးတာလဲ”
“တောအုပ်ထဲမှာ သစ်သီးပင်တွေရှိတယ်၊  ငါတို့ ဆာလောင်တာကို သက်သာအောင် နည်းနည်း သွားရှာရအောင်၊ သိပ်မကြာခင်မှာ ငါတို့ လူရှာတွေ့မယ်လို့ ငါတော့ ယုံတယ်”
သူမက သူ၏မျက်လုံးများဖြစ်ပေးသည်။ သူ၏ကြီးမားသောလက်ကြီးများက သူမ၏သေးငယ်သောလက်များကို ဆုပ်ကိုင်လျက် သူတို့၏လက်ချောင်းများက လိမ်ယှက်နေကြ၏။ ထို့နောက် တောအုပ်ထဲသို့ ဝင်လိုက်ကြသည်။
သူတို့ သစ်အယ်သီးပင်ကို ရှာတွေ့သွားသည်။ မော့ရုန်ကျန်းက မမြင်နိုင်သော်လည်း တွဲလောင်းကျနေသော သစ်သီးများကို လှမ်းခူးရန်က မခက်ခဲပေ။ ထိုအချိန်တွင် ယဲ့ကျန်းက ခူးပြီးသော သစ်သီးများကို ကိုင်ထားပေးသည်။ သစ်သီးမှ အရည်များက သူမ၏မျက်နှာပေါ် ဖိတ်စင်ကုန်၏။
ဧကရာဇ်လေးက ထိုကလေးမလေး မည်သို့ရုပ်ရည်ရှိကြောင်း မမြင်နိုင်သော်လည်း သူမက အလွန်တက်ကြွပြီး ချစ်စဖွယ်ကောင်းသော ကောင်မလေးမှန်း နားလည်နေသည်။ ထို့ကြောင့် သူတို့ တစ်နေ့လုံးနီးပါး သည်တောအုပ်ထဲတွင် စကားများပြောနေခဲ့ကြ၏။
အရေးကြီးဆုံးအပိုင်းက ယဲ့ကျန်းက စကားအလွန်များခြင်းဖြစ်သည်။ သူမက သူ့ကို လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရှေ့သွားတစ်ချောင်း ပျောက်ဆုံးသွားကြောင်းပြောသည်။ သူမ၏ဝမ်းကွဲက သူမ ကျိုးသွားသော ထိုသွားကြားမှ စကားပြောလျှင် လေထွက်သည်ဟုပြော၍ လှောင်ရယ်ခဲ့ကြောင်းပြောပြ၏။
သူမဖခင် အိပ်ပျော်နေစဉ် သူမ ဖခင်၏ မျက်နှာတွင်ဝက်ပုံဆွဲပေးခဲ့ကြောင်း သူ့ကိုပြောပြသည်။ ထို့နောက် သူမအစ်ကို၏လက်ရာမြောက်သော လက်ရာဟု ပြောခဲ့လေရာ သူမ၏ဖခင်က သူမအစ်ကိုကို ဆက်တိုက်ရိုက်နှက်လိုက်၏။
ဧကရာဇ်လေးက သူမ၏မျက်နှာတွင် ပေါ်နေလောက်သော တက်ကြွသောအမူအရာကို တွေးမိပြီး ဘာကြောင့်ရယ်မသိ ပထမဆုံးအကြိမ် ရှင်သန်ရခြင်း၏ ကောင်းမွန်သောအချက်ကို သူ ရှာတွေ့သွားခဲ့သည်။ သူ အလင်းရောင်ကို မြင်ချင်လာ၏။ ထိုကလေးမလေး၏ရုပ်ရည် မည်သို့ရှိနေပြီး မည်မျှချစ်မြတ်နိုးဖွယ်ကောင်းနေမည်ကို သူ သိချင်လာသည်။
“သုံးလနေရင် ငါ့ကို ဒီနေရာမှာ လာတွေ့ပါလား”
မော့ရုန်ကျန်းက ကောင်မလေး၏ နူးညံ့သောလက်ကလေးကို ကိုင်ကာ မေးလိုက်သည်။
“ဘာလို့ သုံးလနေရင်လဲ”
ကောင်မလေးက မေးလိုက်သည်။
ဧကရာဇ်လေးက ပေါ့ပါးစွာပြောသည်။
“အဲဒီအချိန်ကျရင် ငါ မင်းကို မြင်ချင်မြင်နိုင်လောက်ပြီ”
ငယ်ရွယ်သေးသောယဲ့ကျန်းက ရယ်သည်။
“ငါ ဘယ်လိုရုပ်ရည်ရှိမှန်းတောင် မသိဘဲနဲ့ အနာဂတ်မှာ ငါ့ကို ဘယ်လိုမှတ်မိမှာလဲ"
“ဟုတ်သားပဲ မင်း ပြောတာမှန်တယ်၊ ငါ ဘယ်လိုမှတ်မိမှာလဲ”
လူငယ်ယဲ့ကျန်း၏အပြုံးက ပျောက်ဆုံးသွားသည်။
ဒါပေမဲ့ သူ ဘယ်လိုမမှတ်မိဘဲ နေမှာလဲ။
သူမရဲ့အသံ၊ သူမရဲ့ရယ်သံက သူ့ကိုဘယ်လောက်တောင် စိတ် တက်ကြွစေလိုက်သလဲ၊ ဒီအသံက သူ့ရဲ့နှလုံးသားထဲမှာ စွဲထင်သွားတော့မှာ၊ သူ ဘယ်လိုများ မေ့လို့ရမှာတဲ့လဲ။
“အနာဂတ်မှာ နင် ငါ့ကိုမမှတ်မိဘူးဆိုရင် ငါ ဒါပြောပြမယ်၊ ကောင်းကင်ရဲ့ဘုရင်၊ မြေကြီးရဲ့ကျား ဘုရားမြို့ရဲ့နတ်ဆိုးမြစ်၊ ဒါက နင်နဲ့ငါနဲ့ကြားက လျှို့ဝှက်စကားပဲ၊ နင် ဒါကို ဘယ်သူ့ကိုမှ မပြောပြရဘူးနော်၊ ဒါက ငါတို့ရဲ့လျှို့ဝှက်ချက်ပဲ”
ယဲ့ကျန်းက သူမနှင့်သူမ၏ဖခင်ကြားမှ လျှို့ဝှက်ချက်ကို အပြစ်ကင်းစင်စွာ ပြောပြလိုက်သည်။ သူမ၏ဖခင်က သည်လောကတွင် တတိယလူက သည်လျှို့ဝှက်စကားကို မသိရဟု ဆိုခဲ့သော်လည်း ယခုမူ မော့ရုန်ကျန်းက သိသွားခဲ့လေပြီ။
ဧကရာဇ်လေးက ထိုစကားကို ထူးဆန်းသည်ဟု ခံစားရသည့်တိုင်အောင် ဘာမှ ထပ်မဆိုပေ။ သူက ခါးမှ ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်လိုက်၏။
“မင်း ဒါကိုသိမ်းထားပါ၊ သုံးလနေလို့မှ ငါ မင်းကို လာမတွေ့နိုင်ခဲ့ရင် အနာဂတ်မှာ မင်း ငါ့ကို ဒါနဲ့လာရှာပါ၊ ဒါကိုပြလိုက်ရုံနဲ့ ငါ မင်းပြောသမျှ လုပ်ပေးမယ်၊ ငါ မင်းအပေါ် အကြွေးတင်တာကို သေချာပေါက် ပြန်ဆပ်မှာပါ”
“ကောင်းပါပြီ”
ကောင်မလေးက အပြစ်ကင်းစင်မှုဖြင့် ကျောက်စိမ်းတံဆိပ်ပြားကိုယူကာ သူမ၏နှလုံးသားအနီးတွင် ကိုင်ထားလိုက်သည်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now