part 23

1.8K 166 1
                                    

Unicode

အပိုင်း ၂၃။ ပန်းရှုစားခြင်း တွေ့ဆုံပွဲ(၁)
သူမက လုကျင်းကို ဘာမှ မလုပ်ထားသော်လည်း လုကျင်းက သူမတို့ စတွေ့သည့် နေ့ကတည်းက သဘောမကျကြောင်း ခံစားမိသည်။ နောက်ဆုံးတွင် လုကျင်းကို ဟန်ပါပါ ကြည့်လိုက်မိ၏။ သူမက မြို့ပေါ်တွင် ကြီးပြင်းလာသောကြောင့် နယ်မြို့တွင် လုယောင်ယောင် လွတ်လပ်စွာ ရှင်သန်ခဲ့ခြင်းကို အထင်သေးနေခဲ့သည်။
လုကျင်းက ငါ့ကို မနာလို ဖြစ်နေတာလား။
"စတုတ်ထညီမက ဘာကို ဆိုလိုတာလဲ"
ယဲ့ကျန်းက စိတ်ရှုပ်ထွေးပြီး လျစ်လျူရှု ခံရသော အမူအရာမျိုးဖြင့် ကြည့်လိုက်သည်။
သို့သော် ထိုအထဲတွင် ဒေါသ မပါပေ။
သူမ၏ နှလုံးသားထဲမှတဆင့် လုကျင်းက ယဲ့ကျန်းကို စိတ်ပျက်နေမိသည်။ ဆရာမရှန်းက သူမကို သင်ကြားပေးကြောင်း ကြားသောအခါ အခန်း တစ်ခုလုံးကိုပင် ဖျက်ဆီး ချင်မိခဲ့သေး၏။
သူမက ဆရာမရှန်းထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့သေးကာ သူမ၏ ဆရာမ ဖြစ်လာစေရန် တောင်းဆို ခဲ့သေးသည်။ သို့သော် ထိုအချိန်က သူမကို ဘာကြောင့် သူမ၏ ကျောင်းသူ ဖြစ်ရန် အရည်အချင်း မပြည့်မီကြောင်း မပြောဘဲ ငြင်းဆန်ခံ ခဲ့ရ၏။
လုယောင်ယောင်က ဘာတွေများ လုပ်နိုင်စွမ်းအားရှိနေလို့လဲ။ ငါ့ထက် ဘယ်နေရာကများ သာနေလို့လဲ။
ထိန်းချုပ်၍ မရသော မနာလိုမှုများနှင့် လက်မခံနိုင်လိုမှုများက သူမ၏ ရင်ထဲ ပြည့်ကျပ် လာခဲ့သည်။ လုမိသားစုတွင် အကျော်ကြားဆုံး ဖြစ်သော လုဝူရှန်းကို သူမ အလွန် မနာလိုဖြစ်၏။ သူမက လက်ရှိတွင် ချင်မင်းဆက်၏ ဝမ်ဖေး ဖြစ်သည်။ အခု လုယောင်ယောင်ဟု ခေါ်သော နောက်ထပ် ကောင်မလေး တစ်ယောက် ရောက်လာပြန်ကာ သခင်မကြီးလု၏ သူမအပေါ် ဂရုစိုက်မှု အားလုံးကို ခိုးသွားပြန်သည်။
"မြို့တော်က သူတွေ အားလုံးက ဆရာမရှန်းရဲ့ ကျောင်းသူတွေက အရမ်း ထူးခြားတယ် ဆိုတာကို သိထားတယ်လေ။ အခြားသူတွေကသာ နင်က သူမရဲ့ ကျောင်းသူအဖြစ် ပွဲတော်ကို တက်လာမယ် ဆိုတာကို သိသွားခဲ့မယ် ဆိုရင်..."
လုကျင်းက ပါးစပ်ကို အုပ်သည်။ သူမက ရယ်ရသော တစ်စုံတစ်ရာကို တွေးမိဟန်ဖြင့် ဆက်ပြောလာ၏။
"...အရေး အကြီးဆုံးက နင်က သူတို့နဲ့ တိုက်ခိုက်ဖို့ အဆင့် မမီသေးတာပဲ"
သူမ၏ စတုတ္ထညီမက သူမကို လှောင်နေကြောင်း သိရန် အချိန်မယူရပေ။ အသက် ပြင်းပြင်း ရှူပြီးနောက် သာမန် အပြုံးကိုတောင် မထုတ်ဖော်ဘဲ စိုက်ကြည့်လိုက်၏။
လုကျင်းက သူမထက်ပိုပြီး ဟာသတွေ နားလည် နေတာပဲ။
"စတုတ္ထ ညီမက သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဆရာမရှန်းက သေချာပေါက် ဘာမှ ဆိုးရွားတာတွေ ဖြစ်မလာအောင် ငါ့ကို ကာကွယ်ပေးမှာပေါ့"
လုကျင်း၏ မျက်နှာက ဒေါသကြောင့် ပြာနှမ်း သွားသည်။ သူမက ယဲ့ကျန်းကို ခက်ထန်စွာ ကြည့်ပြီးနောက် အကြည့် လွှဲလိုက်တော့၏။
"တတိယ ညီမ ဆရာမရှန်းရဲ့ ကျော်ကြားမှုက နယ်မြို့အထိ မရောက်တော့ ညီမလေးကတော့ သိမယ် မထင်ဘူး၊ ဆရာမရှန်းက အရမ်းကို ကျော်ကြားတဲ့ ပါရမီကြီးတဲ့ အမျိုးသမီး တစ်ယောက်လေ။ ဒီနှစ်တွေမှာ သူမမှာ တပည့် နှစ်ယောက်ပဲ ရှိခဲ့တယ်။ တစ်ယောက်က ချင်မင်းဆက်ရဲ့ ယခင် ဝမ်ဖေးပေါ့၊ တခြား တစ်ယောက်ကတော့ ကျူး နယ်မြေက ကျောက်ယန်လို့ ခေါ်တဲ့ တစ်ယောက်ပဲ။ ကံဆိုးစွာနဲ့ ဝမ်ဖေးက အသက်တိုတယ်၊ ကျောက်ယန်ကတော့ မုဆိုးမ ဖြစ်သွားပြီ"
ဆိုလိုနေသည်မှာ ဆရာမရှန်း၏ ကျောင်းသူတိုင်းက ကံကောင်းခြင်း မရှိကြပေ။ ယဲ့ကျန်းက မင်းသမီး ကျောက်ယန်အကြောင်း တွေးမိသောအခါ ပြုံးလိုက်သည်။ သူမ ဘာစကားမှ မဆိုပေ။
သူမနှင့် ကျောက်ယန်၏ ဆက်ဆံရေးက အကောင်းကြီး မဟုတ်ပေ။ သို့တိုင်အောင် အချင်းချင်း နားလည်မှုတော့ ရှိနေကြ၏။ သူတို့ အားလုံးက အဆင့်အတန်း မြင့်မားသည်၊ တော်သည်၊ အပြုအမူလည်း ကောင်းကြပြီး ဉာဏ်ပညာ မြင့်မားကြသူများ ဖြစ်သည့် အလျောက် တစ်ယောက်ကို တစ်ယောက် ထိခိုက်အောင် တစ်ခါမှ မလုပ်ခဲ့ကြပေ။
တစ်စုံတစ်ယောက်ကသာ အခြား တစ်ယောက်၏ ဒေါသကို သွားစမည် ဆိုလျှင် သူတို့က တပြေးတည်း ပြန်လည် တိုက်ခိုက် ကြမည်သာ ဖြစ်ကာ အခြားသူက သူတို့ အပေါ် ကျောခွင့် ပြုလိမ့်မည် မဟုတ်ပေ။
နှစ်ယောက်လုံးက တူညီသော အပြုအမူ ရှိကြသည်။ အခြားသူများ သိထားသည့် အကြောင်းအရာ အရဆိုလျှင် ကျောက်ယန်က မည်သို့သော အချိန်ကမှ အခြားသူများ ကျေနပ်အောင် လုပ်မည့် သူမျိုး မဟုတ်ပေ။ သူမ၏ ဘဝတွင် သင့်တော်သော ရှုထောင့်များကို ကိုင်စွဲထားကာ ဒါကိုသာ အမှန်ဟု လက်ခံထားပြီး အခြား အရာများကို ငြင်းဆန်ပေလိမ့်မည်။
"ဒုတိယ အစ်မ ဒုတိယ အစ်မ ဆိုလိုတာက ညီမက မုဆိုးမ ဖြစ်လာမှာကို စိုးရိမ်တယ်လို့လား"
ယဲ့ကျန်းက လုဖန်းကို ကြည့်ကာ မေးလိုက်သည်။
လုဖန်းက ရယ်ပြီးနောက် သူမ၏ မျက်ဝန်း ထောင့်များက ကွေးညွတ်သွားကာ ပြန်ဖြေလိုက်သည်။
"တတိယ ညီမ ငါက ဒီအတိုင်း ပြောလိုက်တာပါ၊ တစ်မျိုး မထင်ပါနဲ့"
ယဲ့ကျန်းက ပြုံးပြီး ခေါင်းကို ခါသည်။
"ဒုတိယ အစ်မက တို့ကို အရမ်း ဂရုစိုက်မှန်း တို့သိပါတယ်။ တို့က ဘာလို့ တစ်မျိုး မြင်ရမှာတဲ့လဲ"
သည်တွေ့ဆုံပွဲတွင် ကျောက်ယန်နှင့် တွေ့မည်လား သူမ မသေချာပေ။ သို့သော် အခွင့်အရေးက နည်းပါးခြင်းလည်း မရှိပေ။ အချို့ကိစ္စများကို တွေးတောပြီးနောက် သူမ သတိထားမိလိုက်ရသည်မှာ သူမက မည်သို့သော အချိန်မှ အခြားသူများကို အကူအညီ တောင်းလိမ့်မည် မဟုတ်ကြောင်းဖြစ်သည်။ သူမ ကိုယ်တိုင်သာ ကြိုးစားမည် ဖြစ်သည်။ သူမက ပြန်လည် မွေးဖွားလာပြီး ဘာမှကို မလုပ်နိုင်နေသည့်အတွက် လက်ရှိတွင် သူမက အားအင်မဲ့နေ၏။
ငါက ယဲ့ကျန်းပါလို့ အကူအညီ သွားတောင်းတော့ရော ဘယ်သူက နားလည်ပေးမှာလဲ။
ဘယ်သူမှ မရှိဘူး၊ ဒါပေမဲ့ လုယောင်ယောင်ရဲ့ ကိုယ်ထဲကို ရောက်နေတဲ့ အနေအထားမျိုးနဲ့ မိတ်ဆွေဟောင်း တစ်ယောက်ဆီက အကူအညီ သွားတောင်းရမယ်ဆိုရင် ငါ မွေးဖွား လာတာက အသုံးဝင်ပါဦးမလား။
လုဖန်းက ရယ်နေသည်။ ရထားလုံးက လမ်း အသစ်တစ်ခုသို့ ရုတ်တရက် ကွေ့သွား၏။
_________
နတ်ဆေးသမားတော် ယဲ့ကျန်း
အပိုင်း ၁၅မှ ၁၆၅ထိ
Kpay/Wave 3000ကျပ်
Ooredoo/Telenor/MPT 4000ကျပ်
Swae Nyoe Sales Channel တွင် ယခုဝယ်ယူနိုင်ပါပြီ။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now