part 43

1.5K 141 5
                                    

Unicode

အပိုင်း (၄၃) တွန့်ဆုတ်မှု(၁)
ယဲ့ကျန်းက သခင်မကြီးလု၏ ပြန်အလာကို စောင့်ဆိုင်းနေခဲ့သည်။ သူမက ထိုင်ခုံပေါ်တွင်ထိုင်နေရင်းမှ ရင်းနှီးကျွမ်းဝင်သောရထားလုံး နီးကပ်လာခြင်းကို မြင်လိုက်ရ၏။
“အဖွား ပြန်လာပြီလား”
ယဲ့ကျန်းက ဉာဏ်ကောင်းကာ သခင်မကြီးလုကို ကိုယ်တိုင်ကိုယ်ကျ သွားခေါ်ကာ သူမ၏ မသက်မသာဖြစ်မှုများကို ဘေးဖယ်ထားသည်။
“သမီးက အဖွားနဲ့ အချိန်မဖြုန်းနိုင်ခဲ့တာကို ခွင့်လွှတ်ပါ၊ သမီး အမဲလိုက်ဖို့ ဖိတ်ကြားခံခဲ့ရလို့ပါ”
“အို ဒီကလေးကတော့ စိတ်မကောင်းမဖြစ်ပါနဲ့၊ ဒီအဖွားက မြေး သဘောကျတာတွေကို လုပ်ခွင့် ဘာလို့ မပြုရမှာလဲ၊ ဆရာမရှန်းဆီက ကြားထားတဲ့အတိုင်းဆိုရင် မြေး နောက်လမှာ ဝင်ခွင့်စစ်ဆေးပွဲဖြေရတော့မှာလေ၊ အဲဒီအချိန်ကျရင် မြင်းစီးနဲ့ လေးအတတ်ကလည်း လိုအပ်သေးတာပဲ၊ ဒီတော့ လေ့ကျင့်တယ်လို့ပဲ သဘောထားသင့်တယ်”
သခင်မကြီးလုက သူမကို စိတ်အေးအောင် နှစ်သိမ့်ပေးသည်။ သူတို့၏ လက်မောင်းများက ချိတ်ဆက်လျက် စံအိမ်အတွင်းသို့ ဝင်ရောက်လာခဲ့၏။
“ဒီအဖွားမမေ့ခင် မေးပါရစေဦး၊ မင်းရဲ့အဖွားအတွက် သမင်ကို မြားနဲ့ပစ်ခဲ့တာဆို”
သခင်မကြီးလုက ကျေနပ်စွာမေးသည်။
သူမ၏အသံကပင် ချိုသာနေ၏။ သူမတွင် ရိုးရှင်းသောနှလုံးသားရှိကာ ယဲ့ကျန်းက သူမအတွက် လုပ်ပေးခြင်းကို သူမ အလွန်သဘောကျ နှစ်ခြိုက်နေသည်။ သူမ၏သည်မြေးက သူမကို အရမ်းချစ်သလို သူမကလည်း သည်မြေးကို ချစ်သည်။ ထို့အပြင် သူမ အချစ်ဆုံးသားက လုရှီမင် ဖြစ်လေရာ နှစ်ပေါင်းများစွာ ဝေးကွာနေပြီးမှ ပြန်ရောက်လာသည့်အတွက်လည်း အချစ်ပိုရသေး၏။
“ဟုတ်ပါတယ် အဖွား သမင်အထီးပါ၊ သူနဲ့ဆိုရင် အပေါ်ဝတ်တစ်စုံအပြည့်အဝ ဝတ်လို့ရတယ်၊ သမီးအဖွားအတွက် အပေါ်ဝတ်တစ်စုံနဲ့ အခြားယုန်သားမွှေးတွေနဲ့ အင်္ကျီလက်တွေ၊ လည်ပင်းတွေမှာ အလှဆင်ပေးဖို့ ဆုံးဖြတ်ထားတယ်”
ယဲ့ကျန်းက ပြုံးနေသည်။ သူမက သခင်မကြီးလု၏ လက်မောင်းကိုပင် မှီထားသေး၏။
သခင်မကြီးလုက သူမ၏မြေးမ ချွဲနေပုံကိုကြည့်ပြီး ပို၍ သဘောကျသွားသည်။ သည်မြေးက လိမ္မာကာ သိတတ်သော ကလေးတစ်ယောက် ဖြစ်သည်။
“ကောင်းပြီ၊ ဒီအဖွားက သမီးရဲ့အပေါ်ဝတ်ကို မျှော်နေပါ့မယ်၊ နောက်ပြီး သမီးရဲ့အမေအတွက်လည်း တစ်ခုလုပ်ပေးဖို့ မမေ့နဲ့နော်”
“သမီးက မေ့ပါ့မလား အဖွားရဲ့”
“ကောင်းတယ်”
သခင်မကြီးလု၏ မျက်လုံးများက အပြုံးကြောင့်ကွေးနေသည်။ သူမက ယဲ့ကျန်းကို လက်ချင်းကိုင်လျက် ထောင့်တစ်နေရာသို့ခေါ်သွားကာ အရေးကြီးသောတစ်စုံတစ်ရာကို ပြောလိုဟန်ရသည်။
“ဒီနေ့ ဝမ်ဖေးက သမီး အမျိုးသမီးအကယ်ဒမီမှာ ဝင်ခွင့်စစ်ဆေးပွဲအတွက် ဘယ်လိုတွေ ပြင်ဆင်နေသလဲလို့ မေးခဲ့တယ်၊ သမီး ဒီထက်ပိုပြီး ကြိုးစားရမယ်နော်၊ အင်ပါယာနန်းတော်အတွင်းမှာ ဝင်ရောက်ပြီး အလုပ်လုပ်ခွင့်ရဖို့ ရှိဖို့ လိုအပ်တယ်”
ယဲ့ကျန်း၏မျက်ဝန်းရှိအလင်းက အနည်းငယ်မှိန်သွားသည်။ သို့သော် သခင်မကြီးလု ကျေနပ်စေရန် အလို့ငှာ ပြောလိုက်သည်။
“အရှင်မက ကြင်နာလိုက်တာ”
ယဲ့ကျန်းက ထိုသို့ဖြေလိုက်သည်။
သခင်မကြီးလုက ပြုံးပြီးခေါင်းညိတ်သည်။
“ဝမ်ဖေးက အဖွားတို့မိသားစုရဲ့ ကံကောင်းခြင်းကြယ်ပါပဲ”
“အဖွား အဖွား တစ်နေ့လုံး အပြင်မှာနေရတာ မမောပန်းဘူးလား၊ အဖွားရဲ့ခြေထောက်တွေတော့ ပင်ပန်းနေတော့မှာပဲ”
ယဲ့ကျန်းက လုဝူရှန်းဆီမှ အကြောင်းအရာကို ပြောင်းလိုက်သည်။ လုလင်ကျစ်၏ မတော်တဆမှု ပြီးသောနောက်တွင် သူမ ကိုယ့်ကိုယ်ကိုပင် ဆက်မယုံချင်တော့ပေ။
ထိုနိမ့်ကျသောအမျိုးသမီး၏နာမည်ကို ထည့်ပြောရုံမျှဖြင့် သူမကို ဒေါသ ထွက်လာစေသည်။ သူမ ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်ဘဲ သခင်မကြီးလု၏အရှေ့တွင် ရွံရှာမှုကို ထုတ်ပြမိမည်ကို စိုးရိမ်နေ၏။
“အဖွားကြားတာတော့ မင်းရဲ့အစ်ကိုက အမဲလိုက်ရင်း သစ်ကိုင်းနဲ့ထိုးမိပြီး ဒဏ်ရာရသွားခဲ့တယ်ဆိုပဲ၊  သမီး ဆေးဝါးအကယ်ဒမီကျောင်းတော်မှာ ဝင်ခွင့်စစ်ဆေးပွဲ ဖြေဖို့ လိုအပ်နေတယ်မဟုတ်လား၊ သမီးရဲ့အစ်ကိုကို အရင်ဆုံးကြည့်ပြီး ဒဏ်ရာကို ပတ်တီးစည်းပေးလိုက်ပါလား”
သခင်မကြီးလုက သူမကိုပြောသည်။ သည်မတော်တဆဖြစ်ရပ်ကို သံသယဝင်ဟန်ပင် မရပေ။
ယဲ့ကျန်းက ထိုအကြံပြုချက်ကို လက်ခံလိုက်၏။ သခင်မကြီးလုဆီမှ လက်တလော မျက်နှာသာရထားလေရာ လုလင်ကျစ်ကြောင့်နှင့် သူမ မရှောင်ရှားချင်တော့ပေ။ သို့သော် သခင်မကြီးလုက သူမ၏မြေးကို ယဲ့ကျန်းအတွက် သက်ရှိလေ့ကျင့်ဖက်အဖြစ် ပေးနေခြင်းလည်း ဖြစ်သည်။
ထို့အပြင် ဖေးရှီကို သူမ ကတိပေးထားခြင်းကိုလည်း မှတ်မိလိုက်သေးသည်။ မည်သို့ပင်ဆိုစေ သူမ သေချာပေါက် ထိုနေရာကို သွားရတော့မည်ဖြစ်သည်။
“ဟုတ်ကဲ့အဖွား သမီး ဆေးတွေယူပြီး အစ်ကိုကြီးဆီကို သွားလိုက်ပါ့မယ်”
ယဲ့ကျန်းက ပြောသည်။
သခင်မကြီးလုက သူမ၏ အနည်းငယ်ငုံ့ကျနေသော ခေါင်းကို ကြည့်ပြီးနောက် ရှက်နေသည်ဟု ထင်သွားကာ ပြောလိုက်သည်။
“သွားပါ၊ ဒါက မင်းရဲ့အစ်ကိုအကြီးဆုံးပဲ၊ မကြောက်နဲ့၊ မင်းရဲ့အစ်ကိုအကြီးဆုံးက အတူရှိဖို့ အကောင်းဆုံးလူဆိုတာ သိလာပါလိမ့်မယ်”
ယဲ့ကျန်းက စိတ်ထဲတွင် နှာခေါင်းရှုံ့မိသည်။
အတူရှိဖို့အကောင်းဆုံးလူဆိုတာ မျက်တောင်တောင်မခတ်ဘဲ လူသတ်တဲ့ သူမျိုးလား။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now