part 29

1.5K 149 1
                                    

Unicode

အပိုင်း (၂၉) တော်ဝင် ကိုယ်လုပ်တော်လု (၁)
လုဝူရှန်းက ခရမ်းရောင် ဂွမ်းသားဝတ်စုံ၌ လိပ်ပြာပုံများ ပျံသန်းနေဟန် ပါသော လန်းဆန်းတက်ကြွဖွယ် ဘရိုကိတ်ကို ဝတ်ဆင်ထားသည်။ သူမက ရွှေရောင် ဆံထိုး တစ်ခုထဲကိုသာ ထိုးထားပြီး လုဝူရှန်း၏ ပါးပြင် တစ်လျှောက်တွင် ပန်းရောင် ပုတီးစေ့များက အလှဆင်ထားလေရာ သူမ၏ ရုပ်ရည်ကို ကြည့်ကောင်း ချောမော သွားစေသည်။
ယဲ့ကျန်း ပြန်လည် မွေးဖွား လာပြီးကတည်းက လုဝူရှန်းနှင့် မဆုံရသေးပေ။ ယခင်က မြို့တော်တွင် ယဲ့ကျန်းကသာ ပထမတန်းစား အဆင့်အမြင့်ဆုံး အရေးအပါဆုံး သခင်မလေး တစ်ယောက် ဖြစ်ကာ လုဝူရှန်းက ဘာမှ မဟုတ်ပေ။ ထိုအချိန်ကဆိုလျှင် လုဝူရှန်းကဲ့သို့ သူမျိုးက သူမ၏ အာရုံကို တစ်ခါမှပင် ဆွဲခေါ်နိုင်စွမ်း မရှိခဲ့ပေ။ မည်သို့ပင် ဆိုစေ လုဝူရှန်းက ကုန်သည် မိသားစုမှ သမီးမျှသာ ဖြစ်သည်။ ထို့ကြောင့် သူမ၏ အဆင့်အတန်းမျှဖြင့် ယဲ့စံအိမ်ကိုသာမက ယဲ့ကျန်း၏ အဆောင် အနားသို့ပင် ချဉ်းကပ်နိုင်စွမ်း မရှိခဲ့ပေ။
ဒီလို မိန်းကလေး တစ်ယောက်ကို ကျော်ကြားတဲ့ ယဲ့မိသားစုက အကြီးဆုံး သခင်မလေးနဲ့ ဘယ် ယှဉ်နိုင်မှာလဲ။
သို့သော် ထိုကုန်သည် မိသားစုက သမီးတစ်ယောက်မျှက ယဲ့ကျန်းကို အလဲထိုးသွားသည်။
"အဖွား ကျေးဇူးပြုပြီး ထပါ၊ ဒီနေ့ နန်းတော်ကနေ ထွက်လာပြီး ပန်းတွေရဲ့ အလှကို လာကြည့်တာလေ။ အားလုံးပဲ ပုံမှန် အတိုင်းပဲ ပြုမူကြပါ။ ကျေးဇူးပြုပြီး အရမ်းကြီး ယဉ်ကျေးမနေကြပါနဲ့"
လုဝူရှန်းက သခင်မကြီးလုကို တွဲ ထူပေးလိုက်သည်။ သူမ၏ အကြည့်က ယဲ့ကျန်းထံသို့ ရောက်သွား၏။
သခင်မကြီးလု၏ မျက်နှာက ရယ်သံနှင့်အတူ ပွင့်လန်းသွားပြီးနောက် ဖြေလိုက်သည်။
"ဝမ်ဖေးက အဆင့်အတန်း မြင့်မားပါတယ်၊ ဒီအဖွားကြီးက သတိမထားဘဲ ဘယ်နေဝံ့ပါ့မလဲ"
"အဖွား ဒီလိုမျိုး မပြောပါနဲ့"
လုဝူရှန်းက ရယ်သည်။ သူမက တခစ်ခစ် ရယ်နေရင်းမှ အနားတွင် ရှိသော အစေခံကို အမူအရာ ပြလိုက်၏။
"ကျေးဇူးပြုပြီး ဒီဝမ်ဖေးရဲ့ အဖွားကို ထိုင်ခုံ ပြင်ဆင်ပေးလိုက်ပါ။ အားလုံးပဲ ထိုင်ကြပါ။ ဝမ်ဖေး အဝေးကတည်းက စိတ်လှုပ်ရှား ရယ်သံတွေကို ကြားနေရတယ်၊ တကယ်ပဲ ဘာများ ပြောနေကြတာလဲ"
ထိုစကားများကို ကြားသောအခါ ယဲ့ကျန်းက ဆရာမရှန်းသည် လူအုပ်၏ အနောက်တွင် ပုန်းကွယ်နေကြောင်း မြင်လိုက်သည်။ ရုတ်တရက် သူမ၏ မျက်ဝန်းထဲ မုန်းတီးမှုကို မြင်လိုက်ရ၏။
ထိုတစ်ခဏတွင် ယဲ့ကျန်း ကြောင်သွားသည်။ သူမ ထိုအမူအရာကို ရှင်းလင်းစွာ မြင်ရ၏။ သို့သော် ပြန်ကြည့်သောအခါ တည်ငြိမ်နေသော အမူအရာမျှသာ ရှိတော့သည်။
ငါ အမြင် မှားတာလား၊ မဟုတ်ရင် ဆရာမရှန်းက လုဝူရှန်းကို ဘာလို့ ဒီလို ကြည့်ရမှာလဲ။
"အရှင်မ အခု မင်းသမီးလျိုဟွားက ဆရာမရှန်းက ကျောင်းသူ အသစ်တစ်ယောက် လက်ခံတာကို ပြောနေတာပါ၊ ညီမတို့ရဲ့ တတိယ အစ်မက အမျိုးသမီး အကယ်ဒမီကို ဝင်ချင်နေတယ်လေ၊ ဒါပေမဲ့ ညီမတို့က ကုန်သည် သွေးတွေ စီးဆင်းနေလို့ မသင့်လျော်ဘူးလို့ မင်းသမီး လျိုဟွားက ပြောတယ်၊ ဆရာမရှန်းက တတိယ ညီမက သင်္ကေတ ၁၀၀၀ ကျမ်းကို နားလည်ထားပေမဲ့ ဝင်ခွင့် စာမေးပွဲကို အောင်မြင်နိုင်ခြေ ရှိသေးတယ်လို့ ပြောပါတယ်"
လုကျင်းက လုဝူရှန်း၏ရှေ့သို့ ရောက်သွားသောအခါ စိုးရိမ်လျက် အလွန် ရိုကျိုးပျူငှာ သွားသည်။ သူမက ချက်ချင်း မတ်တတ် ထရပ်ကာ ထိုအခွင့်အရေးကို သုံးပြီး မင်းသမီးကို ဖိနှိပ်လိုက်၏။
လုဝူရှန်းက ထိုစကားများကို ကြားသောအခါ သူမ၏ မျက်ဝန်းထဲ မနှစ်မြို့က ပြည့်နှက် သွားခဲ့သည်။ မင်းသမီး လျိုဟွားကို ဖျော့တော့စွာ ကြည့်ပြီးနောက်တွင် လုကျင်းကို ပြန်ကြည့်၏။
"အခု ငါတို့ လုမိသားစုကို ကုန်သည် မိသားစု သက်သက်ပဲလို့ ဘယ်သူကများ ပြောရဲရတာလဲ၊ အရှင်မင်းကြီးက အဖိုးကို အန်းယန် ဘွဲ့ကို ချီးမြှင့် ထားပြီးသား နင်တို့ အားလုံး ဒါကို မေ့သွားကြပြီလား"
လုကျင်းက လုဝူရှန်းကို ဒေါသထွက်စေခဲ့သည်။ သူမ၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီးနောက် မြေပြင်ကို တစ်ချက် ပြန်ကြည့်လိုက်၏။
ယဲ့ကျန်းက လုဝူရှန်းကို ကြည့်နေရင်းမှ စိတ်ထဲတွင် နှာခေါင်း ရှုံနေမိသည်။ လုဝူရှန်းသည် ကုန်သည် မိသားစု၏ သမီးတစ်ယောက်ဟု ပြောဆိုခံရခြင်းကို မည်မျှ မုန်းတီးကြောင်း ကောင်းစွာ နားလည်နေ၏။
အတိတ်အချိန်က သူမ၏ စိတ်ဝိညာဉ်က နန်းတော်အတွင်း လှည့်လည် သွားလာနေခဲ့သည်။ ထိုအချိန်က လုဝူရှန်းသည် မတော်တဆ ကုန်သည်ဆိုသော စကားလုံးကို မတော်တဆ ပြောမိသည့် အစေခံ တစ်ယောက်ကို အခန်းအပြင် ထုတ်ထားခဲ့ကြောင်း မြင်တွေ့ခဲ့ရသေးသည်။
ထိုင်ခုံကို အသာ လှုပ်ခါနေရင်းနောက် မင်းသမီး လျိုဟွား၏ မျက်နှာက ဖြူဖျော့လာသည်။ လုဝူရှန်းက အင်ပါယာ၏ မျက်နှာသာပေးခံရသည့်အတွက် သူမ အလွန် မနာလို ဖြစ်မိ၏။ သို့သော် လက်ရှိ အချိန်တွင် သူမ၏ မိခင်ကပင် အင်ပါယာထံမှ ယုံကြည်မှုကို လက်ခံ ရရှိထားခြင်း မရှိသေးပေ။
လက်ရှိ အနေအထားအရ လုဝူရှန်းက သူမ၏ လက်ချောင်းထိပ်များဖြင့် သူမကို ဖျက်ဆီးနိုင်စွမ်း ရှိနေခဲ့သည်။
လုဝူရှန်းက မင်းသမီး လျိုဟွားကို မုန်းတီး ရွံရှာစွာ ကြည့်ပြီးနောက် အခြားသူများကို ပြန်ကြည့်သည်။
"အဖွား ဒါက ဒီဝမ်ဖေးရဲ့ ညီမလား"
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now