Part 152

789 82 1
                                    

အခန်း ၁၅၂

အချိန်များက ဖြည်းညင်းစွာ ကုန်ဆုံးလာသည်နှင့်အမျှ လုဝူရွှမ်းက ယဲ့ကျန်းကို ဟိုဟိုဒီဒီမေးခွန်းများ စမေးလာသည်။ ယဲ့ကျန်းက မြုံနေသလိုမျိုး အဖြေများက ကပေါက်တိကပေါက်ချာဖြင့် ထိုင်းထိုင်းမှိုင်းမှိုင်း ရှိနေသော မြင်ရသောအခါမှသာ လုဝူရွှမ်း၏ မကျေနပ်မှုများက အဆင့်တစ်ခုအထိ လျော့ကျသွားတော့သည်။ သူမ၏ တတိယညီမဖြစ်သူက မည်မျှပင် ရုပ်ရည်ကြည့်ကောင်းနေစေကာမူ နိမ့်ကျသော မိသားစုတစ်ခုမှ သမီးတစ်ယောက်မျှသာ ဖြစ်ပြီး သူမအား မယှဉ်နိုင်ချေ။

လုဝူရွှမ်းအတွက် သူမ၏မိသားစုနောက်ခံက အမြဲတစေ ပြောစမှတ်တွင်သော အရာတစ်ခု ဖြစ်ခဲ့သည်။ ကျေးဇူးတင်စရာကောင်းသည်မှာ သူမဆရာ၏အကူအညီကြောင့် သူမက ငယ်စဉ်ကတည်းက အနုပညာတိုင်းကို တတ်မြှောက်အောင် သင်ကြားခဲ့သည်။ ယခုအခါ သူမက ထိုနယ်ပယ်များတွင် နိမ့်ကျနေခြင်း မရှိတော့ချေ။

ဒါပေမဲ့ ငါ့ရဲ့တတိယညီမက တောကြိုအုံကြားမှာ ကြီးပြင်းလာတာ။ လူတွေက ဘာလို့ ဒီလို နှိပ်စက်မှုမျိုးကို ခံနိုင်မှာလဲ။ သိချင်စမ်းပါဘိ...။ ဝင်ခွင့်စာမေးပွဲအတွက် သင်ပေးတဲ့ ဆရာမရှန်းကသာ မရှိခဲ့ရင် ဒီမိန်းကလေးက ဝင်ခွင့်အောင်မှာတဲ့လား။

"တတိယညီမကြည့်ရတာ ဒီနေရာမှာနေပြီး ပျင်းရိနေတဲ့ပုံပဲ။ တို့ရဲ့ အနီးကပ်ခစားတဲ့ အစေခံကို အဖော်ပြုခိုင်းပြီး နန်းတော်ခန်းမကို လမ်းလျှောက်ကြပါလား။ မင်းသာ ဆန္ဒရှိရင် အပြင်ဘက် ထွက်နိုင်တယ်။ ဒါပေမဲ့ နန်းတော်ထဲက အိမ်တော်ဝန်းတွေက အစောင့်အကြပ်တွေများသလို အန္တရာယ်လည်း များလို့ လျှောက်တော့ မသွားနဲ့.. ဒီလိုဆိုရင် တခြားအထက်တန်းလွှာပုဂ္ဂိုလ်တွေကို ရန်စမိရင် မကောင်းပေတော့ဘူး"

လုဝူရွှမ်းက အပြုံးဖြင့် ပြောသည်။ ဒါက အကြံပေးနေခြင်းနှင့် တူသော်လည်း အမိန့်ထုတ်နေခြင်း ဖြစ်သည်။

ယဲ့ကျန်းကလည်း ငြင်းဆန်ခြင်း မရှိဘဲ လုဝူရွှမ်း၏အနီးကပ်ခစားသော အစေခံနောက်မှ လိုက်ခါ ခန်းမထဲမှ ထွက်လိုက်လေသည်။ လုဝူရွှမ်းဟာ သခင်မကြီးလုနှင့် သီးသန့်စကားပြောစရာရှိ၍ သူမကို ပထုတ်နေကြောင်း သူမက နားလည်သည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now