part 71

1.4K 125 2
                                    

Unicode
အပိုင်း (၇၁) လရောင်အောက်မှ နတ်ဆိုးဆန်တဲ့အလှလေး (၁)
သစ်သားနံရံကို ကျော်လိုက်သောအခါ အခြားသော လောကအပြင်ဘက်သို့ ရောက်သွားမည်ဖြစ်သည်။
တောက်ပသောမျက်ဝန်းများဖြင့် ယဲ့ကျန်းက ရေထဲမှ ထိုးထွက်လာသည်။ သူမ၏ရှည်လျားသော မျက်တောင်များက ရင်းနှီးကျွမ်းဝင်သော မြင်ကွင်းကို ကြည့်ရင်း လေးလံလာခဲ့၏။
အံ့အားသင့်စရာကောင်းလောက်အောင် သည်နေရာက သူမ ငယ်စဉ်မှတ်ဉာဏ်များထဲကအတိုင်း ပြောင်းလဲသွားခြင်း မရှိသေးပေ။
အသက် ငါးနှစ်အရွယ်တွင် သူမက မိခင်ဖြစ်သူ၏လျစ်လျူရှုခြင်းကို ခံရမှုကြောင့် မှားယွင်းခံရသည်ဟု ခံစားမိပြီး သူမက အလိုမရှိခြင်းခံရသောကလေးတစ်ယောက်ဟု သတ်မှတ်ခဲ့မိသည်။ သို့ရာတွင် သူမအိမ်တွင် ကြောက်လန့်မှုကြောင့် မငိုရဲခဲ့ပေ။ သူမ မိခင်က သူမကို ပို၍မုန်းတီးသွားမည်ကို စိုးရိမ်ခဲ့၏။
ထို့ကြောင့် သူမ၏ဖခင်က သူမကို သည်နေရာသို့ ခေါ်လာပေးခဲ့သည်။ သည်နေရာတွင် မည်သူကမျှ ချောင်း၍ နားမထောင်နိုင်ပေ။ ည၏အဖော်ပြုမှုကသာ ရှိနေခဲ့ပြီး သူမကို သူမ၏ဖခင်က မည်သို့ရေကူးရမည်ဖြစ်ကြောင်း သင်ကြားပေးခဲ့သည်။ သူမကို အသားကုန် အော်ဟစ်ငိုယိုစေခဲ့၏။
ထို့နောက် သူမ၏ ဖခင်သည် သူမ၏မိခင်က သူမကို မချစ်၍မဟုတ်ကြောင်း၊ သူမ၏နှလုံးသားက ကွဲကြေရန် မလိုအပ်ကြောင်း ညင်သာစွာ ပြောပြခဲ့သည်။ သူမမိခင်က သူမကို အလွန်ချစ်မြတ်နိုးကြောင်းကိုသာ ပို၍ ပြောဆိုခဲ့၏။ သူမ၏ဖခင်က ယင်းကို အမြဲလိုလို သတိပေးလေ့ရှိသည်။
သူမ လျစ်လျူရှုခံရသည်ဟူသော ခါးသီးမှုကို ခံစားရချိန်တိုင်း သူမ သည်နေရာသို့လာကာ ငိုလေ့ရှိသည်။ အကျယ်ကြီးအော်ငိုလိုက်ရုံမျှဖြင့် သူမ၏ စိတ်အခြေအနေက ပြန်ကောင်းသွားလေ့ရှိ၏။ သူမ၏စိတ်က ပေါ့ပါးသွားပေလိမ့်မည်။ ထို့နောက် သူမ အိမ်ပြန်သွားပေလိမ့်မည်။ ထိုနောက် တစ်ချိန်လုံး သူမ ပြုံးနေနိုင်ပြီဖြစ်၏။
အရင်ကဆိုလျှင် သူမ နာကျင်မှုများကို သည်လိုလွှတ်ထုတ်ပြီးသည်နှင့် နွေးထွေးကာသန်မာသော လက်များက သူမကို အိမ်ပြန်ခေါ်သွားရန် စောင့်ဆိုင်းနေလေ့ရှိသည်။ သို့ရာတွင် ယခုအချိန်တွင်မူ အနားမှာ မည်သူမျှ မရှိတော့ပေ။
မြူထုကို ကျော်ဖြတ်ပြီးနောက် ယဲ့ကျန်း၏ မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူမ သည်ထူထပ်သိပ်သည်းသော မြူထုကို ဖောက်မြင်နိုင်အောင် ကြိုးစားလိုက်သည်။
အာ
တကယ်ကိုခမ်းနားတဲ့မြင်ကွင်းပဲ။
စမ်းရေ၏အထက်တွင် တောင်တန်းများရှိသည်။ လရောင်က ဂုဏ်ယူစွာဖြင့် တောက်ပနေခဲ့ကာ ပတ်ဝန်းကျင်တိမ်စိုင်များကို မင်ရည်ကဲ့သို့ ဆေးခြယ်နေခဲ့၏။
အကြည့်ကို အဝေးသို့ရွှေ့လိုက်သောအခါ အဝေးရှိတောင်တန်းများကို မြင်ရသည်။ သို့မဟုတ် တိမ်စိုင်များကို မြင်ရ၏။ သူမ၏နေရာမှဆိုလျှင် သူမ တိကျသေချာစွာပြောနိုင်ခြင်း မရှိတော့ပေ။ သို့တိုင်အောင် အလွန်အမင်းလှပသော အလှတရားဟုတော့ဖြင့် ခံစားမိနေသေး၏။ ဒါက သူမကို အသိပြန်ဝင်လာစေသည်။
ပြင်းထန်သောအထီးကျန်ဆန်မှု၊ မတရားခံရမှု ဟန်ချက်ညီမှုနှင့် ပြင်းထန်သော သည်ညီမ၏ခန္ဓာကိုယ်ကို ယူထားခြင်းနောက် ဖြစ်ခဲ့သောခံစားချက်များက ထိုးထွက်လာခဲ့သည်။ ယဲ့ကျန်း သူမ၏မျက်နှာကိုလက်များဖြင့် အုပ်လိုက်ကာ စတင်ငိုကြွေးတော့၏။
အဖေ သမီးနာကျင်နေပြီ အဖေက ဘယ်မှာလဲ။
သူမ၏ခံစားချက်က အလွန်ဆိုးရွားလာခဲ့၏။ သူမ မော့ရုန်ကျန်းကို သူမ၏ကိုယ်ပိုင်ဆန္ဒကြောင့် လက်မထပ်သင့်ခဲ့ပေ။ ထို့အပြင် သူမ သူ့ကို ချစ်ကို မချစ်သင့်ခဲ့ပေ။
သို့ရာတွင် အရာအားလုံးက နောက်ကျသွားခဲ့ချေပြီ။ လက်ရှိအချိန်တွင် သူမ မည်သို့ ကလဲ့စားချေရမည်ပင် မသိတော့ပေ။ သူမ၏ လက်ရှိအဆင့်အတန်းက ဘာမှမဟုတ်ပေ။ သူမ၏ ဖခင်နှင့်အစ်ကိုဖြစ်သူအတွက် ကလဲ့စားချေရန် မဖြစ်နိုင်ပေ။
ယဲ့ကျန်းက အချိန်အတန်ကြာသည်အထိ ငိုကြွေးနေခဲ့၏။ သို့သော် သူမ အငိုရပ်သွားသောအခါ သူမရင်ထဲတွင်ရှိသော စိုးထိတ်မှုများက အတန်ငယ် ပျောက်ကွယ်သွားခဲ့သည်။ လက်ရှိအချိန်တွင် သူမ နှလုံးသားထဲ ပြည့်နှက်နေခဲ့သော မုန်းတီးမှုနှင့် ဝမ်းနည်းမှုများက သူမကို မကြီးစိုးသွားသင့်သေးပေ။
သူမက ခေါင်းကိုမော့ပြီး တောက်ပသောလမင်းကိုကြည့်သည်။ လက်မောင်းများကို ဆန့်ထုတ်ပြီးနောက် ရှေ့နောက်ပြန်ကူးကာ ရွှေ့လျားသွားခဲ့၏။ သူမ၏စိတ်အခြေအနေ နစ်မြုပ်သွားခဲ့သောကြောင့် အခြားသော ရေကန်တစ်ဖက်ခြမ်းမှ ထိုးထွက်လာသော မြင့်မားသော ပုံရိပ်တစ်ခုကို သတိမထားမိခဲ့ပေ။
နက်ရှိုင်းကာ တောက်ပသောမျက်ဝန်းများက သူမကို စိုက်ကြည့်လာခဲ့၏။ မော့ရုန်ကျန်းအနေဖြင့် သည်လိုတောင်တန်းထဲတွင် မင်သက်ဖွယ်ကောင်းသော မိန်းမတစ်ယောက် ပေါ်လာမည်ဟု မထင်ထားမိပေ။ မှောင်နေသော်လည်း လရောင်က လင်းနေသေးသည်။ သူ့လို သိုင်းကျင့်ကြံသူတစ်ယောက်အနေဖြင့် မြင်နိုင်စွမ်းရှိ၏။ သူ၏မျက်ဝန်းများက အဝေးသို့ ထိုးဖောက်နေခဲ့ကာ သာမန်လူများထက်ပင် ရှင်းလင်းစွာမြင်နေရ၏။
သူက အခြားသော ရေကန်တစ်ခုတွင် ရေချိုးနေခဲ့ခြင်းဖြစ်ပြီး မိန်းမတစ်ယောက်၏ ငိုသံကို ကြားခဲ့ရ၍ဖြစ်သည်။
ဒီမိန်းမက ဘယ်သူလဲ၊ ဘယ်အရာရှိကများ ငါကိုယ်တော် ကျေနပ်အောင် တမင်စီစဉ်ပေးထားတာလဲ။
မော့ရုန်ကျန်း၏မျက်ဝန်းများက အနည်းငယ်လေးလံကာ အေးတိအေးစက်ဖြင့် ရှေ့နောက်စုန်ပြန်ကူးနေသော ထိုမိန်းမကို ကြည့်သည်။ သူမက ရေထဲတွင် ရေသူမကဲ့သို့ ထင်ရ၏။
သူမ၏ခန္ဓာကိုယ်ကို ကွေ့ကောက်ကာ ကူးခပ်နေခဲ့သည်။ မင်သက်ဖွယ်ကောင်းလွန်းသည်ဟု မော့ရုန်ကျန်း တွေးလိုက်၏။
ဒါက သူ၏အာရုံကိုအမှန်ပင် ဆွဲဆောင်နိုင်သည်။ ယခင်က သူ့ကိုဆွဲဆောင်ရန် စေလွှတ်ခဲ့သော အများစုက သူ့ကို စိတ်ပျက်စေခဲ့သည်သာဖြစ်သည်။
သူ့ရှေ့မှာ ဒီလိုသနားစဖွယ်ငိုပြရုံနဲ့ သူ့ရဲ့သနားကြင်နာမှုကို ခိုးယူချင်လို့လား။
ကံဆိုးသည်မှာ သူ့မှာ ထိုသို့စာနာစိတ်က ရှိမနေခဲ့ပေ။ လှပလွန်းသော သနားစဖွယ် ပန်းများအတွက်ဆိုလျှင်ပင် သူ့တွင် ထိုသို့ခံစားချက်မျိုးက မရှိပေ။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now