part 64

1.4K 139 1
                                    

Unicode
အပိုင်း (၆၄)
သူ့ကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေသောအမျိုးသမီးတစ်ယောက်ရှိကြောင်း သိလိုက်ရသောအခါ ထိုအမျိုးသားသည်လည်း မသက်မသာ ခံစားရပေလိမ့်မည်။ မည်သို့ပင်ဆိုစေ လုရှိမင်က ယောကျာ်းတစ်ယောက် ဖြစ်နေသေးသည်။
အမှန်စင်စစ်ဆိုရာသော် ဒါက ပြသာနာကြီးဖြစ်သည်၊ သမီးတစ်ယောက်အနေဖြင့် လုယောင်ယောင်က လုရှီမင်၏ကိစ္စများတွင် ၀င်ရောက်မစွက်ဖတ်ချင်ပေ။ သို့သော် ရှန်လျိုကမူ ၀င်နှောင့်ယှက်ဟန်ရှိနေ၏။
ဖေးရှီကလည်း ထိုကိစ္စကို ဖြေးရှင်းနိုင်မည့်ဟန် မရပေ။ လုရှီမင်၏စိတ်၀င်စားမူအရ ရလဒ်ကသာ ပြောင်းလဲသွားမည်ဖြစ်သည်။
ယခုအခါ အကြောင်းပြချက်ကို သိသွားပြီဖြစ်သဖြင့် ယဲ့ကျန်းလည်း တစ်စုံတစ်ရာ ဆုံးရှုံးသွားသလို ခံစားနေရ၏။ လေးလံစွာ သက်ပြင်းချပြီးနောက်တွင် အချိန်ကုန်လွန်နေပြီဖြစ်ကြောင်း သိလိုက်ရကာ မျက်မှောင်ကိုကျုံ့သည်။ နောက်ထပ် သက်ပြင်းထပ်ချပြီးနောက် ယဲ့ကျန်းက မတ်တတ်ထရပ်ကာ အနည်းငယ် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“အမေက အခုအချိန်ထိပြန်မလာသေးဘူး။ ဆရာမရှန်းက ငါ့ကို စောင့်နေလိမ့်မယ်။ ငါပြန်သွားဖို့လိုအပ်နေပြီ’’
“အမေ ပြန်လာမှပဲ ငါ ပြန်လာတော့မယ်’’
ဟိုင်ထျန်းကလည်း အခြေအနေကို နားလည်သည့်အတွက် တတိယသခင်မ ပြန်ရောက်လာသည်နှင့် တတိယသခင်မလေးကို လာပြောပါမည်ဟု ကတိပေးလိုက်သည်။ထို့နောက် သူမကိုလိုက်ပို့၏၊ သူတို့အခန်းမှ ထွက်လိုက်သည်နှင့် ခြံ၀န်းထောင့်နေရာတွင် ရှန်လျို ရပ်နေကြောင်း မြင်ရပြန်သည်။
သူတို့ရှိရာဘက်သို့ ဖျော့တော့စွာဖြင့်ပြုံးပြလာပြီး ယဲ့ကျန်းက နှုတ်ဆက်စကားပြောဆိုကာ သူမ၏ခြံ၀န်းထဲသို့ ပြန်လာခဲ့လိုက်သည်။
ညနေခင်းတွင် ဖေးရှီကိုယ်တိုင် သူမကိုလာရှာသည်။
“အမေ သမီးလည်း အခုပဲ အမေပြန်လာတယ်ကြားလို့ လာရှာတော့မလို့ပါ’’
ယဲ့ကျန်းက ပြုံးကာရိုကျိုးစွာ နှုတ်ဆက်လျက် ဂါ၀ရပြုလိုက်သည်။ ဖေးရှီက သူမသမီး၏ တောက်ပသောအပြုံးကို ကြည့်ပြီးနောက် အားနည်းစွာ ပြန်လည်ပြုံးပြလိုက်သည်။
“ဒီနေ့ခင်း သမီးစာလေ့လာမယ်ဆိုတာကိုသိလို့ အမေက အနှောက်အယှက် မပေးတော့တာပါ’’
သူမက ပြန်ဖြေပြီးနောက် ယဲ့ကျန်း၏လက်ကိုကိုင်သည်။ထို့နောက်အနီး စားပွဲတွင် ၀င်ထိုင်စေ၏။
ခေါင်းကိုခါပြီးနောက် ယဲ့ကျန်းကချက်ချင်းလိုလို အစေခံကို ဖယ်ထုတ်လိုက်ကာ သူမ၏မိခင်ကို အနှောင့်အယှက်မပေးရန် ပြောလိုက်တော့သည်။
“တကယ်တော့ ဒီနေ့ အမေကိုပြောစရာကိစ္စရှိနေတယ်’’
ယဲ့ကျန်းက ဖေးရှီကိုမျက်လုံး ပြူး ပြူးလေးများဖြင့် ကြည့်ကာ နှုတ်ခမ်းစူပြလိုက်ပြီး မျက်တောင်ကို တဖြတ်ဖြတ်ခတ်သည်။
ဖေးရှီလည်း သမီးဖြစ်သူ၏ အမူအရာကြောင့် သဘောကျသွားသည်။ ယဲ့ကျန်းက အသနားခံနေသော အကောင်ငယ်လေးနှင့် တူနေ၏။
"အမေ သမီးကြားတဲ့ အတိုင်းဆိုရင် မြို့ဆင်ခြေဖုန်းထက်မှာ ရေပူစမ်းရှိတယ်လို့ ကြားထားပါတယ်။ လက်ရှိမှာ သမီးတို့ မိသားစုက ကျွင်းကျစ်ကို ပိုင်နေတာပဲ။ သမီးတို့ ရက်အနည်းငယ်လောက် အဲဒီမှာ သွားနေကြရင် မကောင်းဘူးလား"
ယဲ့ကျန်းက ညင်သာစွာဖြင့် မျက်တောင်တဖြတ်ဖြတ်ခတ်ကာ ပြောသည်။
"ရေပူစမ်းကိုလား’’
ဖေးရှီက မေးသည်။သူမက ခေါင်းစားပြီးနောက် သမီးဖြစ်သူ၏ အမူအရာကိုကြည့်လိုက်သည်။
“ဘယ်လိုဖြစ်ပြီး ရေပူစမ်းကို သွားချင်ရတာလဲ’’
ယဲ့ကျန်းက ချက်ချင်းပြုံးလိုက်ကာ ပြောသည်။ "ရေပူစမ်းမှာ ရေစိမ်တာက ရုပ်ပိုင်းဆိုင်ရာအတွက်ရော စိတ်ပိုင်းဆိုင်ရာ အတွက်ပါကောင်းမွန်စေတယ်လေ။ ဒါက ခနွာကိုယ်ကို အားဖြစ်စေတာလို့လည်း ပြောလို့ရပါတယ်။ သမီးတို့ အဲဒီမှာ ရက်အနည်းငယ်လောက် သွားနေသင့်တယ်လို့ ထင်တယ်’’
“သမီးဆရာမချန်းနဲ့ စာလေ့လာဖို့ မလိုအပ်ဘူးလား’’ျ
ဖေးရှီက သူမ၏သမီးက တတ်ကြွမှုကို သိသည်။ သူမ၏ရင်ထဲ နွေးထွေးသွားသလို ခံစားလိုက်ရသည်။ ဒါက သူမအတွက်ဖြစ်ကြောင်း သိသည်။ သည်ရက်ပိုင်းအတွင်း သူမ ခံစားနေရသော စိတ်ဓာတ်ကျမူများကြောင့်ပင် အပြစ်မကင်းသလို ခံစားလိုက်ရသေးသည်။
အမှန်အတိုင်းဆိုရသော် လုရှီမင်က ရှန်လျှိုကို မမှတ်မိပေ။ သူက သူမထံသို့ပင်လာကာ မေးမြန်းခြင်း မရှိသည့်အပြင် ဂါ၀ရ ပြုခိုင်းခြင်းလည်း မရှိပေ။
ထိုအမျိုးသမီးကို စကားပြောချင်စိတ်ပင်မရှိမှန်း သိသာနေခဲ့၏။ သို့ရာတွင် အမျိုးသမီး တစ်ယောက်အနေဖြင့် သူတို့၏ဆက်ဆံရေးကြောင့် ၀င်ရောက်နှောင့်ယှက်လာမည်ကို စိုးရိမ်မိနေသည်။ ဒါတွေအားလုံးက လုရှီမင် ငယ်ရွယ်စဉ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသာ ဖြစ်လေသည်။
သူမက ၀မ်းနည်းခြင်း၊ ဒေါသထွက်ခြင်း တို့ကို မပြမိသည့်အတွက် ထိုခံစားချက်များ ဖြစ်မလာစေရန်အတွက် လုရှိီမင်းက လက်ရှိရက်ပိုင်းတွင်းအတွင်း သူ၏ ခြံ၀န်းအတွင်းတွင်နေခဲ့သည်။ သို့သော် ထိုသို့နေနေသည့်အခါ သူတို့၏ စုံတွဲကြားမှ ချစ်ခြင်းက လျော့ပါးသွားနိုင်သေးသည်။
"ဆရာမရှန်းက သမီးတို့နဲ့အတူ လိုက်ပါလိမ့်မယ်။ အဲဒီမှာနေတာက သမီးတို့ အားအင်တစ်၀က်လောက် ကုန်ဆုံးပြီး နှစ်ဆလောက် ပိုအားရှိတာပေါ့"
ယဲ့ကျန်းက ခပ်မြန်မြန်ပြောသည်။
ဖေးရှီက ပြုံးပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ။  သမီးရဲ့အဖေနဲ့ ဆွေးနွေးလိုက်မယ်’’
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now