Part 186

633 70 1
                                    

186 01

အပိုင်း ၁၈၆

ဒါက လက်ထပ်ဖို့ကိစ္စနဲ့များ ပတ်သက်နေမလား။

နောက်အတန်းဟာ ကျင့်ဝတ်ယဉ်ကျေးမှုအတန်းဖြစ်သည်။

အတိတ်တွင် အခန်းနံပါတ် ၁ မှ ကျောင်းသူများ၏အရေအတွက်ဟာ အခန်းနံပါတ် ၂ ထက်များပြီးအတန်းဟာလည်း တစ်သီးတစ်သန့်ခွဲလေ့ရှိသည်။ သို့ရာတွင် နောက်ပိုင်းတွင် တစ်နှစ်ထက်တစ်နှစ် ဆေးဝါးအကယ်ဒမီသို့ဝင်ရောက်နိုင်စွမ်းရှိသည့် ကျောင်းသူများ၏ပမာဏက နည်းသထက်နည်းလာပြီး နှစ်တန်းလုံးဟာ အချို့သောသင်ခန်းစာများတွင် အတန်းပေါင်းသင်ရသည်။ ယဲ့ကျန်းဟာ ကျင့်ဝတ်ထုံးတမ်းများ၏ယဉ်ကျေးမှုများကို ကျွမ်းဝင်ပြီးသားဖြစ်သော်လည်း ထိုအတန်းသို့လာရသေးသည်။

သည်နေ့ဟာ ထူးခြားသည်။ သူမဟာ မတွေ့ရတာကြာပြီဖြစ်သော သူမ၏ဆရာမရှန်းနှင့် ပြန်တွေ့ရမည့်ရက်ဖြစ်သည်။ ယဲ့ကျန်းဟာ သူမဝမ်ဖေးယဲ့ဘဝတွင် မိတ်ဆွေတစ်ယောက်အဖြစ် ခင်မင်ရင်းနှီးခဲ့သူလည်းဖြစ် ဆရာမတစ်ယောက်လည်း ဖြစ်သော ထိုဆရာမရှန်းအပေါ် အလွန်ကျေးဇူးတင်စိတ်ဖြစ်နေလေသည်။ သူမအနေနှင့် သူမ လိုအပ်သည့်အချိန်တိုင်း ဆရာမရှန်းဟာ အမြဲတစေကူညီခဲ့ကြောင်း နားလည်နေသည့်အတွက် အမြဲတစေကျေးဇူးတင်စိတ်ကို ခံစားမိနေသည်။ သူမ၏ယခင်ဘဝတွင်ပင် ကိစ္စများစွာကို ကူညီပေးခဲ့သည်။

ဆရာမရှန်း အကယ်ဒမီသို့ပြန်လာခြင်းက လူအများ၏အာရုံစိုက်ခံရသည်။ ယခင်ရက်များတွင် သူမဟာ သည်နေရာတွင် အမွေအနှစ်များကို ချန်ထားရစ်ခဲ့သည်။ ပြောရန်ပင်မလိုလောက်အောင် ကျောင်းသူတိုင်းဟာ သည်အတန်းကို အလွန်အာရုံစိုက်နေကြသည်။

အခန်းနံပါတ် ၁ နှင့်အခန်းနံပါတ် ၂ ဟာ အတန်း ပေါင်းတက်ရမည်ဖြစ်သည်။ အခန်းနံပါတ် ၁ ဟာ ပုံမှန်အားဖြင့် အခန်းနံပါတ် ၂ ထက် အဆင့်မြင့်သည်ဟု အလိုလိုနားလည်ထားကြသည်။ ထို့ကြောင့် ယခုလိုအတန်းပေါင်းသည့်အခါ အခန်းနံပါတ် ၂ မှလူများကသာ ထောင့်များတွင်ထိုင်ရသည်။

မျှော်လင့်ထားသည့်အတိုင်း ဟွမ်ဖူရှန်းက ကောင်းရွယ်ပင်းနှင့် အတောမသတ်နိုင်အောင် စကားပြောနေသည်။ ဟွမ်ဖူရှန်းဟာ သူမ၏ဒေါ်လေးဖြစ်သူ ကြောင့် အကယ်ဒမီတွင် ထူးခြားသောနောက်ခံရှိလာသည်။ သူမ၏ဒေါ်လေးဟာ ဆေးဝါးနယ်ပယ်တွင် ကျော်ကြားကတည်းက မည်သူကမျှ သူမအား အထင်မသေးရဲတော့ချေ။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now