part 48

1.4K 156 3
                                    

Unicode
အပိုင်း (၄၈)
သူမ နှစ်ခါ တွေးစရာ မလိုပေ။ ထန်းကျန့်ကို သူမ သဘောကျ နေကြောင်း နားလည် လိုက်၏။
သည်စကားပြောခန်းက စိတ်ဝင်စားစရာ ကောင်းသည်ဟု ယဲ့ကျန်း ခံစား လာရသည့်အတွက် ပြုံးကာ အချို့အရာများကို အတည် ပြုပေးလိုက်၏။
"နင် ပြောတာက ထန်းကျန့် ဆိုရင်တော့ ဟုတ်တယ်၊ ငါတို့ အတူ ရှိခဲ့ကြတယ်။ ဘာလို့လဲ ဆိုတော့ ငါတို့က အပေါင်းအဖော်တွေပဲလေ။ နောက်ပြီး ငါတို့ ယှဉ်ပြိုင်ခဲ့ကြတယ်၊ သူ ရှုံးသွားတယ်"
လုကျင်းက မျက်လုံး ဝိုင်းကာ ယဲ့ကျန်းကို ကြည့်သည်။
"ဘာပြောလိုက်တယ်၊ နင်က အမတ်လေးနဲ့ ပြိုင်တယ် ဟုတ်လား၊ ဘယ်လို ဖြစ်ပြီး သူက နင့်ကို ရှုံးမှာလဲ"
"သူ ရှုံးတာကို သူကိုယ်တိုင် အတည် ပြုပြီးသားပဲ။ နောက်ပြီး ငါတို့ အမဲလိုက်ခဲ့ကြတာ၊ သူ့ရဲ့ အဖိုးတန်တဲ့ ငွေရောင် ကြာပွတ်ကိုတောင် ငါ့ကို ပေးခဲ့သေးတယ်"
မည်သို့ပင် ဆိုစေ ထိုသတင်းက သိပ်မကြာခင် တွင်ပင် ပျံ့နှံ့လာပေလိမ့်မည်။ ထို့ကြောင့် အမှန်အတိုင်း ပြောလိုက်လျှင်လည်း ပြဿနာ မရှိနိုင်ပေ။ ယခုကဲ့သို့ ပျက်ယွင်းနေသော လုကျင်း၏ မျက်နှာကို မြင်ရခြင်းက သူမကို ကျေနပ်စေသည်။
မနာလိုမှုများ ပြည့်နက်နေသော လုကျင်းက ယဲ့ကျန်း၏ အိပ်ဆောင် အခန်းထဲတွင် တွဲလောင်း ဆွဲထားသော အလှ ဆင်ထားသည့် ငွေရောင် ကြာပွတ်ကို ကြည့်သည်။ သူမ၏ မျက်နှာက ဖြူဖျော့သွားပြီး အကြံအစည် တစ်ခု ရလာ၏။ ထိုငွေရောင် ကြာပွတ်က အဖိုးတန်ကာ ရှားပါးသော ကျောက်စိမ်းဖြင့် လုပ်ထားသည်။ လုဝူရှန်း၏ ရတနာများကပင် ဒါကို မယှဉ်နိုင်ပေ။
"တတိယ ညီမ တတိယ ညီမက မြားပစ် တော်မယ်လို့ မထင်ထားဘူး။ အမတ်ကတောင် နင့်ဆီ ရှုံးသွားတယ်"
လုဖန်းကလည်း ရှုံးသွားသလို ခံစားလိုက်ရသည်။ ယဲ့ကျန်းက သူမ ထင်ထားသည်ထက်ပင် တော်နေ၏။
သူမ မူလက တွေးထားသည်မှာ တတိယ ညီမ ထိုရတနာများကို မြင်ပြီး မနာလို ဖြစ်သွားလိမ့်မည်။ ထိုသို့ အားဖြင့် သူမ၏ အဆင့်အတန်းကို သိသာသွားစေပေလိမ့်မည်။ သို့ရာတွင် လက်ရှိ အချိန်တွင်မူ သူမကသာ မနာလို ဖြစ်ရသူ ဖြစ်သွားသည်
ထန်းကျန့်က မြို့တော်တွင် အလွန် ထူးချွန်သော အနာဂတ်ကို ပိုင်ဆိုင် ထားသည့် လူငယ်အမတ် တစ်ယောက် ဖြစ်ကာ သခင်မလေး တိုင်း၏ အာရုံ စိုက်ခံရသူလည်း ဖြစ်သည်။ သူက လူပျို ဖြစ်နေသေး၏။ လက်ရှိအချိန်တွင် သူက အမြင့်မားဆုံး အဆင့်အတန်းကို ပိုင်ဆိုင်ထားလေပြီး အင်ပါယာ၏ ယုံကြည်မှုကို လက်ခံ ရရှိထားသူလည်း ဖြစ်သည်။ သူ့ကို ရူးလောက်အောင် လက်ထပ်ချင်နေသော မိန်းကလေး မည်မျှ များမည်ဟု ယဲ့ကျန်းပင် မတွေး နိုင်ပေ။
လုကျင်းက ပြုံးသည်။
"တတိယအစ်မ ဒီငွေရောင် ကြာပွတ်ကို ဘာလို့ လိုချင်တာလဲ
"ဘာရယ် မဟုတ်ပါဘူး၊ ကြည့်လို့ လှလို့ အလှထားမလို့လေ"
ယဲ့ကျန်းက ပြောသည်။
"နှမြောစရာပဲ၊ ဖြစ်ချင်တော့ တို့လည်း အရမ်း ကြိုက်နေတာ။  တို့ကို ပေးပါလား"
အသနားခံသော မျက်လုံးများဖြင့် လုကျင်းက ယဲ့ကျန်းကို ကြည့်လာသည်။ ယဲ့ကျန်း ငြင်းဆန်မည်မှန်း သူမ နားလည် ထား၏။
သေချာစွာပင် ယဲ့ကျန်းက ခေါင်းကို ခါသည်။ လုကျင်းက ပြုံးပြီးနောက် ထပ်မပြောတော့ပေ။
"ဒါဆိုလည်း  တတိယ အစ်မ နားတာကို မနှောင့်ယှက် တော့ပါဘူး"
လုကျင်းက ဒီနေရာတွင် ဆက်မထိုင်နိုင်တော့ကြောင်း ခံစား မိနေသည်။ ထို့ကြောင့် သူမ ထွက်သွား၏။ သူမ ထွက်သွားသည်နှင့် ယဲ့ကျန်းလည်း ငြိမ်းအေးသွားတော့သည်။
ထို မိန်းကလေးများကို ပို့ပြီးနောက်တွင် ငွေရောင် ကြာပွတ်ကို ဖြုတ်ယူလိုက်သည်။ ကြိမ်ဖန် အနည်းငယ် ယမ်းလိုက်ပြီးနောက် ထိုမျှ ကောင်းမွန်သော ပစ္စည်းက သူမ အပိုင် ဖြစ်ကြောင်း သိလိုက်ရ၏။
ညဘက် မအိပ်ခင် အချိန်တွင် ယဲ့ကျန်းက အစေခံများကို ပြောကာ သူမ မျက်နှာသစ်ရန် ရေယူခိုင်းလိုက်သည်။ ထို့နောက် သူမ၏ လက်ဖဝါးမှ ဖီးနစ်ဆေးမင်ကြောင်ကို ကြည့်ပြီး အနီရောင် အစက်တစ်စက်ကို ရေထဲသို့ ကျသွား စေလိုက်၏။
ဂရုတစိုက်ဖြင့် အမျိုးသမီးများ သုံးလေ့ရှိသော မက်မွန်ပန်း အဆီကို သူမ၏ မျက်နှာနှင့် လက်များကို လိမ်းလိုက်သည်။ သူမ ရေချိုးချိန်တိုင်း သူမက အရည်စက်ကို ရောထားလေ့ရှိ၏။
လွန်ခဲ့သော နှစ်ရက်ခန့်က သူမ၏ မသက်မသာ ဖြစ်မှုများ အားလုံးက ပျောက်ကင်းသွားကြောင်း  ခံစားလိုက်ရသည်။ ထို့အပြင် သူမက ပြန်လည် မွေးဖွားလာသကဲ့သို့ သူမ၏ အနံ့အာရုံ ခံစားမှုများက ပုံမှန်ထက် ပိုကောင်းလာခဲ့၏။ သို့ရာတွင် သူမ၏ နေလောင် ခံရသော အသားအရေများက အပြည့်အဝ ပြန်ကောင်းခြင်း မရှိသေးပေ။ သူမ အနေဖြင့် အနီရောင် အရည်စက်များကို များများ ထည့်ရန် လိုအပ်လောက်သည်။
စိတ်ရှည်ရမယ်၊ ငါ စိတ်ရှည်ဖို့ပဲ လိုအပ်တယ်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းМесто, где живут истории. Откройте их для себя