အပိုင်း ၁၃၉
ယဲ့ကျန်း၏အတွေးများက ထိုရက်များတွင် သူ၏အသက်ကို ကယ်ဆယ်ခဲ့သည့်အချိန်ကို ပြန်တွေးမိသွားသည်။
ဖြစ်နိုင်တာက သူ့ကိုကယ်ခဲ့တဲ့လူက ငါမှန်းသာသိရင် မော့ရုန်ကျန်းအနေနဲ့ ငါ့မိသားစုကံကြမ္မာကို ဆုံးဖြတ်တဲ့အခါ ပြောင်းလဲကောင်းပြောင်းလဲသွားနိုင် လောက်လား။
ဒါမှမဟုတ် အမှန်တရားကို သိသိကြီးနဲ့ ပိုပြီးတော့တောင် မုန်းတီးသွားနိုင်လား။
ယဲ့ကျန်းက သူမ၏ရင်ထဲတွင် သူမ၏ကိုယ်ပိုင် ထိုအကြောင်းတရားများကို တွေးတောနေသည့်အချိန်တွင်ပင် ဖေးရှီက လုရှန်းကျစ်ကို ပြောလိုက်ခြင်းအား ကြားလိုက်ရသည်။
"ဝမ်ဖေးက အဲ့ဒီနာမည်ပြောင်ကိုမကြိုက်ဘူး မင်းအနေနဲ့ အခြားလူတွေရှေ့မှာ ထုတ်မပြောတာက အကောင်းဆုံးပဲ၊ အရှင့်နားထဲကို မရောက်သွားတာက အကောင်းဆုံးဖြစ်မယ်"
"အမေ ကျွန်တော်က ဂရုစိုက်မှာပါ"
အကြောင်းအရာကို ရှင်းလင်းပြီးနောက်တွင် ယဲ့ကျန်းက အနားသို့ကပ်သွားပြီး ဖေးရှီ၏လက်မောင်းကို ဖက်သည်။
"အမေ သမီးအနေနဲ့ အကယ်ဒမီကိုသွားဖို့ နှစ်ရက်တောင်ကျန်နေသေးတယ်၊ မနက်ဖြန်ကျရင် ဆရာမရှန်းဆီကို သွားတွေ့ချင်တယ်"
"အို ဟုတ်သားပဲ သမီးအနေနဲ့ ဆရာမရှန်းကိုလည်း သတင်းကောင်းပြောပြီး ကျေးဇူးတင်သင့်တယ်"
သူမက သဘောတကျခေါင်းညိတ်သည်။
"ဆရာမရှန်းက တုန်ချန်းမှာနေတယ်၊ မနက်ဖြန်ကျရင် အမေက သမီးနဲ့အတူ လိုက်ခဲ့မယ်"
"ဒါပေမဲ့ အမေက မနက်ဖြန်ကျရင် အဖေနဲ့အတူ အပြင်သွားမှာမဟုတ်ဘူးလား"
ယဲ့ကျန်းက နူးညံ့စွာရယ်သည်။
ဖေးရှီက ထိုစကားကိုကြားချိန်တွင် သူမ၏မျက်နှာအမူအရာက ပြောင်းလဲသွားတော့သည်။ သူမက မျက်နှာကို မနည်းတည်အောင်ထိန်းထား၏။ မနက်ဖြန်ဆိုလျှင် လုရှီမင်နှင့်သူမက သူ၏မိတ်ဆွေအိမ်တော်သို့ သွားရောက် လည်ပတ်ကာ တစ်လတာ လှောင်ထားသောဝိုင်ကို အရသာမြည်းစမ်းကြမည်ဖြစ်သည်။