Part 90

1.2K 128 1
                                    

Unicode

အပိုင်း (၉၀) မင်းသားငယ်၏ငိုသံ
"ရပ်စမ်း"
မော့ရုန်ရီက ယဲ့ကျန်းကို ကြည့်ကာလှမ်းအော်၏။ သူက စိုးရိမ်စွာ ဖနောင့်ပေါက်နေသေးသည်။ သူ၏အသံက ကူကယ်ရာမဲ့သော ငိုသံအဖြစ် ပြောင်းသွား၏။
"ဒီမင်းသားက အစောင့် ... အစောင့်တွေမရှိခင် ထွက်ပြေးလာခဲ့တာ"
အစောင့်တွေ မပါဘူးပေါ့၊ ဒီလိုဘာမှ ခုခံနိုင်စွမ်းမရှိတဲ့ ကလေးတစ်ယောက်ကို တော်ဝင်မိန်းမစိုးတစ်ယောက်ကတောင်မှ မကာကွယ်ပေးဘူးလား၊ ဒီလိုဆိုရင် သူ့ရဲ့နေရာကို ဘယ်သူမှ မသိကြရင် ဒီကလေး သေသွားတော့မှာပေါ့။
ယဲ့ကျန်း ထွက်သွားချင်သည်။ သို့သော် ထိုစကားကို ကြားသောအခါ သူမ ရပ်တန့်လိုက်မိ၏။ သူမ ခြေထောက်ကို တရွတ်တိုက်ဆွဲကာ ထိုချိုင့်တွင်းနားသို့ ပြန်သွားပြီး ငုံ့ကြည့်လိုက်၏။
"အရှင်မင်းသားက ဒီမှာ တစ်ယောက်တည်း ဘာလာလုပ်တာပါလဲ"
မော့ရုန်ရီက နှုတ်ခမ်းဆူကာပြောသည်။
"ဒီမင်းသားက တစ်ယောက်ယောက်ကို လာရှာတာ"
သူ ဘယ်သူ့ကိုရှာချင်တာလဲ။
ယဲ့ကျန်းက မျက်မှောင်ကြုတ်သည်။ သူမ၏စိတ်ထဲတွင် လူတစ်ယောက်၏ပုံက ထွက်ပေါ်လာ၏။ သူ ရှာဖွေနေသည်မှာ ဧကရာဇ်ဖြစ်နိုင်သည်။
"အရှင်မင်းသားက ချန်းသဲ့တောင်စံအိမ်ကို သွားချင်တာလား"
"ဟုတ်တယ် ဟုတ်တယ်၊ ဒါပေမဲ့ ဒီမင်းသားက မတော်တဆ လမ်းပျောက်သွားတာ၊ ဒီမင်းသားရဲ့မြင်းကလည်း ထွက်ပြေးသွားပြီ၊ ကျေးဇူးပြုပြီး ဒီမင်းသားကို အပေါ်ကိုရောက်အောင် အမြန်ဆုံးကူညီပေးပါ၊ ဒီမင်းသားက သေချာပေါက် အနာဂတ်မှာ ကောင်းကောင်းပြန်ဆက်ဆံမှာပါ"
မော့ရုန်ရီက ငိုသည်။ သူ၏မျက်နှာတွင် ရွှံ့များက ပေကျံနေသေးကာ မျက်ရည်များက ရွှဲနေ၏။ ဒါကို သူ၏ဖောင်းကားသော လက်လေးများဖြင့်သုတ်နေသည်။
ယဲ့ကျန်းသည် ရယ်မိသွားသည်။
"ကျွန်မ ကယ်ပေးနိုင်ပါတယ်၊ ကံဆိုးစွာနဲ့ ကျွန်မလိုအားနည်းတဲ့ အမျိုးသမီးတစ်ယောက်က ဘယ်လိုများ ကူညီနိုင်မှာတဲ့လဲ"
သူက အငိုရပ်လိုက်ပြီးနောက် ယဲ့ကျန်းကို အသနားခံသောမျက်ဝန်းများဖြင့် ကြည့်သည်။
"မင်း နည်းလမ်းရှာပြီး ငါ့ကို အပေါ်ဆွဲတင်နိုင်တာပဲ၊ ဒီမင်းသား တောင်းပန်ပါတယ်"
"စိတ်အေးအေးထားပါ၊ ဒီမှာစောင့်နေပါအုံး"
ယဲ့ကျန်း မူလက ဧကရာဇ်၏ကိစ္စများကို ဝင်မပါလိုပေ။ ယခုကဲ့သို့ သူ၏ညီတော်ကို ကယ်ဆယ်သည့်ကိစ္စတွင်ဆိုလျှင် ပို၍ဆိုး၏။ သို့သော် တစ်ခဏခန့် တွေးတောကြည့်ပြီးနောက် အနာဂတ်တွင် သူမက တော်ဝင်ဆေးဆရာ ဖြစ်လာမည့်ဖြစ်စဉ်ကို တွေးမိလိုက်သည်။
မော့ရုန်ရီ၏ညီကို ကယ်ထားခြင်းက အနည်းဆုံး မိဖုရားခေါင်ကြီးထံမှ မျက်နှာသာရရှိနိုင်သေး၏။ ဒါက သူမအတွက် လမ်းကြောင်းဖောက်ထားပြီးသား ဖြစ်နိုင်သည်။
သူမ၏အိတ်ထဲတွင် ကြိုးနှစ်ချောင်းပါသည်။ ဒါက သူမ၏သားကောင်ကို ချည်ရန်ဖြစ်၏။ သို့ရာတွင် ထိုကြိုးက ယခုအခါ အနီးအနားတွင်ရှိသည့် သစ်ပင်နှင့် ချည်လိုက်ရသည်။ ထို့နောက် သူမ၏ခွန်အားဖြင့် သူ့ကိုဆွဲတင်နိုင်၏။
"မင်း အဆင်သင့် မဖြစ်သေးဘူးလား"
မမြင်ရသော မော့ရုန်ရီ၏ငိုသံက ပိုကျယ်လာသည်။ သူ အလှည့်စားခံရပြီး သူမ ထွက်သွားမည်ကို စိုးရိမ်နေ၏။
သိပ်မကြာခင်အချိန်တွင်ပင် ယဲ့ကျန်းက ကြိုးနှစ်ချောင်းကို ချည်လျက်ပြန်လာသည်။
"အရှင်မင်းသားက ကြိုးတစ်ချောင်းကို ဆွဲလိုက်ပါ၊ ကျွန်မ ဆွဲတင်ပါ့မယ်"
"မင်း မင်းရဲ့ ခွန်အားက လုံလောက်ရဲ့လား၊ ငါ့ရဲ့အလေးချိန်နဲ့မင်းကိုပါ ဆွဲချမိသွားမယ်ထင်တယ်"
ယဲ့ကျန်းသည် အရှေ့သို့တက်လာသောအခါ ထိုကောင်ငယ်လေးက သူမကို အပြည့်အဝ မြင်လိုက်ရသည်။
မော့ရုန်ရီက သူမက သခင်မလေးတစ်ယောက်မျှသာ ဖြစ်ကြောင်း သိထား၏။ ထို့ကြောင့် အလွန်စိုးရိမ်နေမိလေသည်။ သူမ သူ့ကိုမကယ်နိုင်မည်ကို စိုးရိမ်နေ၏။ ထိုသို့ဆိုလျှင် နှစ်ယောက်လုံး ထောင်ချောက်အတွင်းသို့ ကျသွားနိုင်လောက်သည်။
"တကယ်လို့ အရှင်မင်းသား မတက်လာနိုင်ဘူးဆိုရင် ကျွန်မ ထွက်သွားလိုက်ပါ့မယ်"
ယဲ့ကျန်းက ပြောလိုက်၏။
သူမ၏ ညီမကိုယ်က သူမထင်ထားသည်ထက် ပို၍သန်မာသေးသည်။ လုယောင်ယောင်က သိမ်မွေ့စွာ ကြီးပြင်းလာရသော ကလေးမလေးတစ်ယောက် မဟုတ်ပေ။ သူမ အရွယ်ကလေးနှစ်ယောက်နှင့်ပင် နပန်းလုံးနိုင်စွမ်းရှိ၏။
မော့ရုန်ရီက ယဲ့ကျန်း ထွက်သွားမည်ကို စိုးရိမ်ပြီး ငိုသံက ပိုကျယ်သွားကာ ယဲ့ကျန်းကိုပင် နားကွဲလုမတတ်ဖြစ်သွားခဲ့သေး၏။
"မလှုပ်နဲ့"
ယဲ့ကျန်းသည် ထိုကောင်ငယ်လေးကို သနားသွားသည်။ သူမ၏နားဝကိုပိတ်လျက် အခြားလက်တစ်ဖက်ဖြင့် ကြိုးကို ချပေးလိုက်၏။
"အရှင်မင်းသား ကြိုးကို ဖက်ကိုင်လိုက်ပြီး ခွန်အားသုံးပြီး ဆွဲလိုက်ပါ၊ အရှင်မင်းသားအမြဲတမ်း စိတ်အေးလက်အေးနေခဲ့ပြီး သိုင်းပညာကျင့်ကြံတာမျိုး မလုပ်ခဲ့ဘူးလား၊ ဒီလိုတက်တာက အသစ်အဆန်း ဖြစ်နေတာလား"
"မဟုတ်ဘူး၊ ဒီမင်းသားက ဆာလောင်လွန်းလို့ အားမရှိတော့ဘူး"
မော့ရုန်ရီက အတွန့်တက်သည်။ သူ သည်တွင်းသို့ရောက်နေခဲ့သည်မှာ နှစ်နာရီခန့်ကြာနေခဲ့လေပြီ။ သူ စိုးရိမ်ထိတ်လန့်စွာ ငိုခဲ့သည်ကြောင့်လည်း သူ၏အင်အားများက ကုန်ဆုံးသွားခဲ့၏။
"ဒီလိုဆိုရင် ခါးမှာ အရင်ဆုံး ကြိုးကို ချည်လိုက်ပါ၊ ပြီးရင် ကြိုးကို လက်နှစ်ဖက်လုံးနဲ့ တင်းတင်းကိုင်ဆွဲထားလိုက်ပါ၊ ကျွန်မ ဆွဲတင်လိုက်ပါ့မယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကို အားကိုးဖို့လည်း လိုအပ်ပါသေးတယ်၊ ကြိုးဆွဲဖို့ခွန်အားရှိတယ်ဆိုရင် လုံလောက်ပါပြီ၊ တကယ်လို့ အရှင်မင်းသား မတက်နိုင်တော့ဘူးဆိုရင် ကျွန်မ လက်လွှတ်လိုက်ရလိမ့်မယ်၊ ဒီလိုဆိုရင် ကယ်နိုင်တော့မှာမဟုတ်ဘူး"
မော့ရုန်ရီ၏မျက်နှာက ကြောက်လန့်တကြား ဖြူဖျော့သွားသည်။ သူက ကြိုးကို တင်းကျပ်စွာကိုင်၏။ ထို့နောက် ခြေလှမ်းများကို နံရံပေါ်သို့ ထောက်တက်သည်။ သူ တဖြည်းဖြည်းချင်း တက်လာနိုင်သွား၏။
ယဲ့ကျန်း၏လက်က နီရဲလာသည်။ သို့သော် သူမ တောင့်ခံထား၏။ ကလေးတစ်ယောက်ကို ကယ်ရန်က မလွယ်ပေ။ အထူးသဖြင့် မော့ရုန်ရီကဲ့သို့ ကလေးဆိုလျှင် ပို၍ဆိုး၏။ ဒါက တစ်ချိန်က သူမ မော့ရုန်ကျန်းကို ကယ်ခဲ့ချိန်ကထက်ပင် ပင်ပန်းနေသေးသည်။ ထိုအချိန်က သူမက သည်အတိုင်း ကြိုးကို ပစ်လွှတ်လိုက်ရုံမျှဖြင့် သူက အားလုံးကို လုပ်နိုင်နေသည်။
မော့ရုန်ကျန်းက အလိုလို တက်လာနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
တစ်ခဏခန့်ကြာပြီးနောက် ထိုမင်းသားက ထောင်ချောက်ထဲမှ တက်လာနိုင်သွားသည်။
"ဟူး ငါ လမ်းလျှောက်ဖို့တောင် အင်အားမရှိတော့ဘူး"
ယဲ့ကျန်း ထိတ်လန့်သွားရသည်မှာ ထိုကောင်ငယ်လေးက မြေပြင်ပေါ်သို့ ရောက်သွားသောအခါ လုံခြုံမှုကြောင့် ပို၍ပင် ငိုသေးသည်။
ဘယ်လောက်တောင် အငိုသန်တဲ့ကလေးလဲ။
ယဲ့ကျန်းက သူမ၏လက်ထဲမှ ရေအိတ်ကိုထုတ်ပြီး သူ့ကိုပေးလိုက်သည်။
"အရှင်မင်းသား ဘာလို့ ငိုနေတာပါလဲ၊ အပေါ်ကိုရောက်လာပြီမဟုတ်လား"
ထိုကောင်ငယ်လေးက ထိုရေအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ထို့နောက် ဆက်တိုက်သောက်၏။ သူ၏ရေဆာမှုက သက်သာသွားသောအခါ ထပ်ငိုပြန်သည်။
...
ယဲ့ကျန်း ဆွံ့အသွားပြီး မည်သို့တုံ့ပြန်ရမည်ပင် မသိတော့ပေ။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now