part 26

1.6K 154 2
                                    

Unicode
အပိုင်း(၂၆) သိကယဲ့ကျန်းက

"ဒါက သိပ်မကြာခင်ကမှ နယ်မြို့ကမှ ပြောင်းလာတဲ့ တတိယ မြေးလေးလေ၊ မြေးမလေးက ငယ်စဉ်ကတည်းက နယ်မြို့မှာပဲ နေခဲ့တာ၊ ဒီနေ့ သူမလေး လောကကို မြင့်ခွင့်ရအောင် တို့က ခေါ်လာခဲ့တာပဲ"
သခင်မကြီးလုက အပြုံးဖြင့် ပြောသည်။ ယဲ့ကျန်းကို သူမ၏ အနားသို့ ဆွဲခေါ် ထားလိုက်သေး၏။
"တို့ရဲ့ မြေးမလေးက ဘာမှ ထူးထူးခြားခြား နားမလည်ထားဘူး ဆိုပေမဲ့ လက်ရှိမှာတော့ ဆရာမရှန်းရဲ့ ကျောင်းသူ ဖြစ်တာ ရက်အနည်းငယ်လောက် ရှိပြီလေ။ ဒါကို ကြည့်ရုံနဲ့တင် ဉာဏ်ကောင်းမှန်းတော့ သိသာနေတာပဲ"
သခင်မကြီးလုက ဒါကို ထပ်ဖြည့် ပြောရန်လည်း မမေ့ပေ။
သခင်မကြီးဝူက မျက်နှာတွင် ထူးဆန်းသော အပြုံးကို ပြုံးထားပြီး ပြော၏။
"တကယ်ပါပဲ၊ မင်းရဲ့ တတိယ မြေးမလေးက တကယ်ကို ကံကောင်းပြီး ဆရာမရှန်းဆီကနေ အခွင့်ကောင်းကို ရခဲ့တာပဲ။ နောက်ဆုံးတော့ ဆရာမရှန်းကလည်း ကျောင်းသူကောင်း တစ်ယောက်ကို ရလိုက်ပြီ"
အခြားသူများကမူ သခင်မကြီးဝူ၏ ဆိုလိုရင်းကို နားမလည် နိုင်ပေ။ သို့သော် ယဲ့ကျန်းကမူ သခင်မကြီးဝူ၏ ဆိုလိုရင်းကို နားလည်သည်။ သခင်မကြီးဝူက ယခင် ဝမ်ဖေးကို မြင်ဖူးဟန် ရသည်။ သို့သော် သေသူအကြောင်း တွေးရမည်ကို ထိတ်လန့် နေသောကြောင့် သူမက ခပ်ကျယ်ကျယ် မပြောရဲပေ။ သူမက ပြောလိုက်လျှင် သူမသာ ဒုက္ခ ရောက်ပေလိမ့်မည်။
လုဖန်းနှင့် လုကျင်းတို့က အခြားသူများက ယဲ့ကျင်းကိုသာ အာရုံ စိုက်မိကြောင်း မြင်သောအခါ ဒေါသများ ပြည့်နှက် လာခဲ့၏။ သို့သော် ဒီလို ပွဲမျိုးတွင် သူတို့ ပြဿနာ မရှာရဲကြပေ။
"သခင်မကြီးဝူ တတိယ ညီမလေး ဘယ်လောက် ကံကောင်းသလဲ သခင်မကြီး မသိလို့ပါ။ သူက မြို့တော်ကို ရောက်ခါစပဲ ရှိသေးတယ် အကယ်ဒမီကိုတောင် ဝင်ဖို့ ပြင်ဆင်နေပြီလေ"
လုကျင်းက ပြောသည်။
တစ်ဖွဲ့လုံး ရယ်မိမတတ် ဖြစ်သွားသည်။
"ဘာလို့လဲ၊ ကုန်သည် မိသားစု နောက်ခံနဲ့ တခြားကောင်မလေး တစ်ယောက်က အမျိုးသမီး အကယ်ဒမီကို ဝင်ခွင့် ဖြေတော့မှာလား။ ငါ့ကို ပြောစမ်းပါ လုကျင်း၊ နင်က သူနဲ့ ဘာများ ကွာခြားနေလို့လဲ"
ရုတ်တရက် လူတိုင်း တိတ်ဆိတ် ငြိမ်သက်သွားကြကာ အသံ လာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
"မင်းသမီး လျိုဟွား ဘာကို ဆိုလိုတာလဲ"
လုကျင်း၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားကာ ထိုမိန်းကလေးကို စိုက်ကြည့်သည်။
ယဲ့ကျန်းကလည်း မင်းသမီး လျိုဟွားကို ကြည့်သည်။ မင်းသမီး လျိုဟွားဟာ အင်ပါယာ မင်းသမီး၏ သမီးဖြစ်သူ ဖြစ်ပြီး မော့ရုန်ကျန်း၏ ဝမ်းကွဲ ဖြစ်၏။ ယဲ့ကျန်း၏ စိတ်ဝိညာဉ် လှည့်လည် သွားလာနေချိန်တွင် အနာဂတ်တွင် ဖြစ်လာမည့် အရာအားလုံးကို သူမ မြင်ခဲ့ရသည်။ အထူးသဖြင့် နောက် ၂ နှစ်အတွင်း ဖြစ်လာမည့် အရာအားလုံးကို မြင်ခဲ့ရ၏။ သူမက သူမ သေပြီးကာစ အချိန်သို့ ပြန်လည် မွေးဖွား လာရုံမျှသာ ဖြစ်သည်။
၁ နှစ်တာ အချိန် အတောအတွင်းတွင် မင်းသမီး လျိုဟွားက နန်းတော်အတွင်းသို့ ဝင်ပြီး မော့ရုန်ကျန်း၏ ကိုယ်လုပ်တော် ဖြစ်လာကြောင်း ကိုလည်း သူမ သိသည်။ သူမက သမီးတစ်ယောက် မွေးပေးခဲ့၏။ ရလဒ် အနေဖြင့် ယဲ့ကျန်း တစ်ယောက် နန်းတော်အတွင်းတွင်  လှည့်လည် သွားလာခဲ့သည့် တိုင်အောင် နောက်ဆုံးတွင် လွတ်မြောက်သွားပြီး နိုးထလာသော အချိန်တွင် လုယောင်ယောင်၏ ကိုယ် အတွင်းတွင် ရောက်နေခဲ့၏။
"ငါ ဘာကို ဆိုလိုလဲ၊ နင် မသိဘူးလား၊ ရှက်ဖို့ ကောင်းလိုက်တာ၊ အကယ်ဒမီက ဒီနေ့ခေတ် ဒီလို ဆိုးရွားယုတ်မာတဲ့ မိန်းမတွေကို လေ့ကျင့် ပေးနေတာပဲ"
မင်းသမီး လျိုဟွားက လုကျင်းကို ကြည့်ပြီးနောက် ယဲ့ကျန်းကို ကြည့်သည်။ ရှင်းလင်းသော အထင်သေးမှုက ပြည့်နှက်နေခဲ့၏။
မင်းသမီး လျိုဟွားက ငယ်စဉ်ကတည်းက အလိုလိုက် အကြိုက်ဆောင် ခံခဲ့ရကာ သူမ၏ စရိုက်က ရိုင်းစိုင်း ကြမ်းတမ်းပြီး မောက်မာသည်။ လူအများစုက လုမိသားစုမှ ကောင်မလေးများကို မျက်နှာသာပေးနေကြောင်း ကြားသောအခါ သူမ မကျေမနပ် ဖြစ်ပြီး လုကျင်းကို အမြဲလိုလို အရှက်ခွဲရန် ဆုံးဖြတ်လေ့ ရှိ၏။
သူမက မော့ရုန်ကျန်းကို နှစ်သက်နေသည်မှာ ကြာလှချေပြီ။ သူမက သူ၏ ဝမ်ဖေး ဖြစ်ခဲ့သင့်၏။ ထိုအစား ယဲ့ကျန်းက တော်ဝင်ကိုယ်လုပ်တော်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ယဲ့ကျန်း သေသွားသည့်တိုင် လုဝူရှန်းက နေရာ ဝင်ယူသွားခဲ့သေး၏။ ထို့အပြင် လုဝူရှန်းကို ရတနာ တစ်ခုအလား ချစ်မြတ်နိုးကြောင်း ဖော်ပြနေခဲ့သေးသည်။
သူမ မနာလို မဖြစ်ဘဲ ဘယ်နေမှာလဲ။
သူမရဲ့ ဝမ်းကွဲက တော်ဝင် မျိုးနွယ်အစား ကုန်သည်သွေးကို ကျော်ကာ ရွေးသွားသည်။
ငါက ဒီလောက်အထိ နိမ့်ကျ သွားပြီလား။
လုမိသားစုကို ယဲ့မိသားစုကဲ့သို့ မြန်မြန်သေစေရန် သူမ မစောင့်နိုင်တော့ပေ။
"နင် ..."
လုကျင်း၏ မျက်နှာက အရှက်ခွဲ ခံရမှုကြောင့် နီရဲ သွားသည်။
သူမနှင့် မင်းသမီး လျိုဟွားတို့က တွေ့ဆုံလိုက်ချိန်တိုင်း အမြဲလိုလို ကတောက်ကဆတ် ဖြစ်လေ့ ရှိသည်။ သူမက ကောင်းမွန်စွာ ပြောနေချိန်တွင်ပင် ထိုအေးစက်သော အသံက အမြဲလိုလို ထွက်လာလေ့ ရှိ၏။
"ကုန်သည် မိသားစုက သမီး ဖြစ်နေတာ ဘာများ မှားနေလို့လဲ၊ ကုန်သည် မိသားစုက သမီးတစ်ယောက်ကို ဒီလို ပြောနေခဲ့ပြီး မင်းသမီး တစ်ပါးကရော ဒီလို ပြောနေခဲ့တာက မှန်ကန်လို့လား"
"ရိုင်းလိုက်တာ ဒီတိုင်းပြည်ရဲ့ မင်းသမီးကို ဘယ်လိုများ ပြောရဲတာလဲ"
မင်းသမီး လျိုဟွားက ထိုင်ခုံမှ ဒေါသတကြီး ထခုန်လိုက်သည်။ 
လုကျင်းက လှောင်သလို ရယ်သည်။
"ဆရာမရှန်းတောင်မှ နားလည်တယ်၊ ကြည့်ရတာ နင်ကပဲ အမြင် ကျဉ်းနေတာပဲ"
"ဆရာမ"
ယဲ့ကျန်းက ဆရာမရှန်းကို နှုတ်ဆက် လိုက်သည်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now