Part 116

999 89 1
                                    

Unicode
အပိုင်း (၁၁၆)

နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့အမျိုးသမီး

စိတ်ထဲတွင်မူ ရွှီလောင်က ယဲ့ကျန်း၏နောက်ခံကို ပို၍ သံသယဝင်နေပြီဖြစ်သည်။ သို့သော် လုရှန်းကျစ်က ရှိနေသောကြောင့် သူက မေး၍မရချေ။ သို့ရာတွင် သူက မေးလျှင်လည်း ထိုသခင်မလေးက ဖြေမည်မထင်ပေ။
ယဲ့ကျန်းက ရွှီလောင်၏ ကျောင်းသူ မဖြစ်ချင်ပေ။ ယင်းက သူမ၏အကြံအစည် မဟုတ်ပေ။ ကံကောင်းသည်မှာ ရွှီလောင်က သူမကို တွန်းအားမပေးပေ။ သူက လုရှန်းကျစ်ကို သူ၏ ကျောင်းသားဖြစ်လိုလျှင် ယဲ့ကျန်းက သူ့ထံ မကြာခဏလာကာ ကော့ ကစားရမည်ဟု တောင်းဆိုချက်ပြုပြီးမှသာ လက်ခံလိုက်သည်။ ဒါက သည်မောင်နှမနှစ်ယောက်ပေးနိုင်သော အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ ထို့ကြောင့် ယဲ့ကျန်းကလည်း ကျေးဇူးတင်ပြီးနောက် လုရှန်းကျစ်နှင့်အတူ ထိုနေရာမှ ထွက်ခဲ့လိုက်သည်။
အရှေ့ဘက်ခြံဝန်းတွင် စောင့်ဆိုင်းနေသော လုလင်ကျစ်က သူ၏ဝမ်းကွဲနှစ်ယောက် ပြန်လာကြောင်း မြင်လိုက်ရသည်။ သူ၏မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး ယဲ့ကျန်းကို ကြည့်လာသည်။ သူမ၏အမူအရာအရ ထိုအချိန်တွင် ဘာဖြစ်ခဲ့ကြောင်း ပြောနိုင်စွမ်းမရှိပေ။
“အကြီးဆုံးအစ်ကို”
လုရှန်းကျစ်က သူ့ထံ အပြေးသွားသည်။
သူက ပျော်ရွှင်စွာဖြင့်ပြော၏။
“အရှင်ရွှီက ကျွန်တော့်ကို ကျောင်းသားအဖြစ် လက်ခံလိုက်ပြီ”
လုလင်ကျစ်က ပြုံးကာ သူ၏ပုခုံးကိုပုတ်ပေးသည်။
“အရမ်းကောင်းတယ်၊ ဒီလိုဆိုရင် အနာဂတ်ကျရင် မင်းက လေ့လာဖို့ကို ပိုပြီးအာရုံစိုက်ထားလိုက်တော့”
“ယောင်ယောင်က ဒီဘုတ်ကစားပွဲကို ဖျက်နိုင်မယ်မှန်း ကျွန်တော် တကယ်မသိခဲ့ဘူး အကြီးဆုံးအစ်ကို၊ အရှင်ရွှီက ယောင်ယောင့်ကိုလည်း ကျောင်းသူအဖြစ် လက်ခံချင်ခဲ့တာ၊ ဒါပေမဲ့ ယောင်ယောင်က ငြင်းလိုက်တယ်”
လုရှန်းကျစ်က သူ၏နှလုံးသားထဲမှ ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်တော့ပေ။
“ဘာလို့ ငြင်းလိုက်တာလဲ”
လုလင်ကျစ်က ယဲ့ကျန်းကို သံသယအပြည့်နှင့် ကြည့်သည်။
ယဲ့ကျန်းက ပြုံးကာ ပြောလိုက်၏။
“ညီမက အနာဂတ်မှာ ဆေးပညာကိုပဲ လေ့လာချင်ပါတယ်”
စိတ်ပျက်မှုကို ဖုံးကွယ်လိုက်သော လုလင်ကျစ်က သူပြောလာသည့်စကားကို ဖိနှိမ့်လိုက်လျက် ပြောလိုက်သည်။
“ကောင်းပြီ၊ အစ်ကိုကြီးတို့ အခုသွားသင့်ပြီ”
“အကြီးဆုံးအစ်ကို အကြီးဆုံးအစ်ကို ညီမ မပြန်ချင်သေးဘူး၊ ညီမ မြို့တော်ကို ရောက်ပြီးတည်းက လမ်းတွေပေါ်ကို လျှောက်သွားရသေးတာမဟုတ်ဘူး၊ ညီမက ဒီထက်ပိုပြီး လိုက် ကြည့်ချင်နေတာ"
အိမ်ပြန်ရောက်ချိန်တွင် လုလင်ကျစ်က သူမကို မေးမြန်းတော့မည်ကို သူမက သိနေသည်။
ဘာလို့ သူက မေးမှာလဲ။
လုလင်ကျစ်၏နှလုံးသားထဲမှ ဆန္ဒအရ သူမကို အမျိုးသမီးအကယ်ဒမီသို့ မဝင်စေချင်ပေ။ ထို့ကြောင့် ယဲ့ကျန်းက သည်ဆွေးနွေးခန်းမှ ရှောင်ရှားရန် နည်းလမ်းရှာခြင်းဖြစ်သည်။ ထို့ကြောင့် သူမက ချက်ချင်းပြန်သွားပြီး သူ၏စကားကို နားမထောင်ချင်ပေ။
“ညီမလေးက ဘယ်သွားချင်လို့လဲ၊ အစ်ကိုကြီးက အဖော်ပြုပေးမယ်”
လုရှန်းကျစ်က ချက်ချင်းကမ်းလှမ်းသည်။
ယဲ့ကျန်းက သူ့ကို ကြည့်လိုက်သည်။
“အစ်ကိုကြီး ညီမက မျက်နှာချေပေါင်ဒါမှုန့်တွေ ဝယ်မှာကို အစ်ကိုကြီး လိုက်အဖော်ပြုချင်နေတာတော့ မဟုတ်ပါဘူးနော်”
မျက်လုံးပြူးကျယ်သွားသော လုရှန်းကျစ်က သူ၏ညီမကို ကြည့်ကာ ရယ်တော့၏။
“ယောင်ယောင် အရင်က ဒါမျိုးမဝယ်ဖူးပါဘူး”
လက်ပိုက်လိုက်သောယဲ့ကျန်းက ပြောသည်။
“ကောင်းပြီ၊ ညီမက အရင်က မည်းလွန်းလို့ ညီမရဲ့ပါးအပေါ် အနီရောင်ပေါင်ဒါမှုန့်တွေ တင်ထားရင်တောင် အခြားသူတွေ သတိပြုမိမယ်မထင်ဘူးလေ”
“…”
ထိုစကားကို ပြန်မငြင်းနိုင်တော့သည့်အတွက် လုရှန်းကျစ်က ရယ်တော့သည်။ သို့သော် သူ ချက်ချင်း ပြန်ထိန်းလိုက်၏။ ဒါက သူ၏ညီမကို နာကျင်သွားစေနိုင်သည်။
လုလင်ကျစ်ကလည်း ယဲ့ကျန်း၏အတွေးများကို သိသည်။ သို့သော် သည်တစ်ကြိမ်တွင် သူမကို တွန်းအားမပေးချင်သည့်အတွက် ရိုးရှင်းစွာသာ ပြောလိုက်သည်။
“ယောင်ယောင့်မှာ သွားစရာရှိနေမှတော့ စတုတ္ထညီလေး ငါတို့ပဲ ပြန်ရအောင်”
“ဒီလိုဆိုရင် လမ်းခရီးမှာ ဂရုစိုက်ပြီး စောစောပြန်လာခဲ့နော်”
လုရှန်းကျစ်က သူ၏ညီမကို မသက်မသာကြည့်သည်။
“ညီမက အခြားနေရာတွေ လျှောက်သွားမှာမှ မဟုတ်တာ၊ ရထားလုံးထဲကနေပဲ မြို့တော်ကို ကြည့်မှာပါ”
“ညီမလေးက အစေခံလည်း မခေါ်လာဘူး၊ ညီမလေးတစ်ယောက်တည်း လမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ”
လုလင်ကျစ်က သတိပေးသေးသည်။
“ညီမ သိပါတယ်”
ယဲ့ကျန်းက နာခံစွာ ခေါင်းညိတ်သည်။ ထို့နောက် ရထားလုံးအတွင်းသို့ ဝင်၏။
အရှေ့မှ အစေခံကောင်လေးက မြင်းဇက်ကြိုးကို ဆွဲလိုက်သည်။
“ဒီညီမလေးကတော့ …”
လုရှန်းကျစ်က ရေရွတ်လိုက်ကာ အဝေးသို့ရောက်သွားသော ရထားလုံးကို ကြည့်သည်။ သူတို့ မြို့တော်သို့ ရောက်လာကတည်းက သူ၏ ညီမက ပိုပို၍ပင်ခန့်မှန်းရ ခက်ခဲလာသည်။
အနားတွင်ရှိနေသော လုလင်ကျစ်က ရယ်ကာ ပြောသည်။
“အမျိုးသမီးတွေမှာ ပြောင်းလဲမှု ၁၈ မျိုးရှိတယ်၊ ဒါကိုမှတ်မိသေးလား၊ ယောင်ယောင်က အခုကြီးလာပြီ၊ ဒီတော့ အရင်နဲ့မတူတာက ပုံမှန်ပါပဲ”
“ဘာများ ကွာခြားသွားလို့လဲ၊ ယောင်ယောင်က အခုအချိန်အထိ ဆိုးနေတဲ့ ကောင်မလေးပဲ”
လုရှန်းကျစ်က ခပ်တိုးတိုးရေရွတ်ကာ ခေါင်းကိုခါသည်။ သို့သော် သူ၏မျက်နှာတွင်မူ သည်ညီမအပေါ် ချစ်မြတ်နိုးမှုများကို ပြသနေလျက်ရှိသည်။
အခြားတစ်ဖက်တွင် လုလင်ကျစ်ကမူ ထိုသို့မတွေးပေ။ သူမကသာ ဆိုးနေလျှင် ရွှီလောင်က လုရှန်းကျစ်ကို ကျောင်းသားအဖြစ် လက်ခံနိုင်အောင် လုပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
“လာ ပြန်ကြရအောင် တတိယဦးလေးကို သတင်းကောင်း ပြောရမယ်”
ယဲ့ကျန်းက သူမ၏အစ်ကိုနှစ်ယောက်နှင့် လမ်းခွဲခဲ့ပြီးနောက် နောက်ဆုံးတွင် သူမ၏ခံစားချက်များကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ ပြတင်းပေါက် အပြင်ဘက်ရှိ ဝေဝါးနေသော မြင်ကွင်းမှတစ်ဆင့် မြို့တော်၏ မထူးဆန်းတော့သော ရှုခင်းများကို ကြည့်သည်။ သို့သော် သူမ၏စိတ်က ရှုပ်ထွေးနေသေး၏။
အချိန်အနည်းငယ် လှည့်ပတ်သွားလာပြီးနောက် ယဲ့ကျန်းက ထိုအစေခံကောင်လေးကို ပြောကာ ရထားလုံးကို ရပ်တန့်ခိုင်းလိုက်သည်။ စိတ်အားတက်ကြွမှုအပြည့်ဖြင့် သူမ ရထားလုံးထဲမှ ထွက်လိုက်သည်။
ထိုအစေခံကောင်လေးက သူမကို အသေးစိတ်လိုက်ကြည့်နေသည်။ ထို့နောက် သူမက အမျိုးမျိုးသော မျက်နှာချေပေါင်ဒါမှုန့်များကို ဝယ်ကာ နောက်ဆုံးတွင် အမျိုးအစားများပြားလာတော့သည်။ ထို့နောက် သူမက ရထားလုံးထဲမှ တစ်ဖန်ဆင်းပြန်ကာ အသံတိုးတိုးဖြင့် အမိန့်ပေးပြန်သည်။
“အရှေ့ဘက်ခြမ်းကိုသွား”
မြို့တော်၏အရှေ့ဘက်ခြမ်းတွင် အလွန်ကြွယ်ဝချမ်းသာသူများ၊ နှစ်ပေါင်းများစွာ သမိုင်းသက်တမ်း ရှိခဲ့သူများကသာ နေထိုင်ကြသည်။ အထက်တန်းလွှာမိသားစုများက ထိုနယ်မြေတွင် နေထိုင်ကြသည်။
လုမိသားစု၏ ပတ်ဝန်းကျင်နယ်မြေများနှင့် မတူစွာပင် ထိုနေရာက ပို၍အဆင့်မြင့်ပြီး သက်တမ်းကြာရှည်စွာ အထက်တန်းလွှာအဆင့်အတန်း ရှိခဲ့သူများသာလျှင် နေထိုင်ကြခြင်းဖြစ်သည်။ သည်နေရာတွင် အထက်တန်းလွှာအသစ်များ မရှိပေ။ မိသားစုဟောင်းများသာရှိသည်။
“ရပ်”
ယဲ့ကျန်းက ရုတ်တရက်ပြောသည်။ သူမက လိုက်ကာစကို မလျက် လမ်းတစ်ဖက်ခြမ်းတွင်ရှိသော ကြီးမားသောစံအိမ်ကြီးကို ကြည့်သည်။
စံအိမ်၏တံခါးများက မပျက်စီးသေးပေ။ သို့သော် အရောင်အသွေးကမူ သူမ မှတ်မိသကဲ့သို့ တောက်ပနေခြင်း မရှိတော့ပေ။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now