အပိုင်း ၁၃၁
ယဲ့ကျန်းက မင်းသားကို ဂါဝရပြုသည်။ မော့ရုံရီက သူမနှင့်သာမတွေ့ဆုံခဲ့လျှင် သူမ၏ ယနေ့အခြေအနေက မလွယ်ကူနိုင်ချေ။
ထျန်းကျန့်က မော့ရုံရီကို ခပ်တိုးတိုးပြောသည်။
"အရှင့်သား အရှင်မင်းကြီးက အမဲလိုက်ကွင်းမှာ ရှိနေပါသေးတယ်"
ထိုအခါမှသာ မော့ရုံရီလည်း သူ၏အစ်ကိုတော်ကို မြင်လိုက်မိကြောင်း သတိရသွားသည်။ သူက ခပ်မြန်မြန်နောက်သို့ကြည့်လိုက်ချိန်တွင် မော့ယွန်ကျန်းကို မမြင်ရတော့ချေ။
"ကောင်းပြီ နောက်တစ်ကြိမ်မှပေါ့ ဒီမင်းသားက မင်းနဲ့ထပ်ပြိုင်မယ်"
မော့ရုံရီက ကျယ်လောင်စွာ အော်လိုက်သည်။ သူက သူ၏အစ်ကိုတော်ကို သွားရှာရန် မစောင့်နိုင်တော့ချေ။
ယဲ့ကျန်းကလည်း အမဲလိုက်မသွားချေ။ သို့သော် နောက်တစ်ကြိမ် မော့ရုံရီကို ငြင်းပစ်တော့မည် မထင်ချေ။ မည်သို့ပင်ဆိုစေ ထိုရက်ရောက်လာရန် သူမက မျှော်လင့်စောင့်စားနေခြင်းဖြစ်သည်။
"ကောင်းပါပြီအရှင့်သား ကံကောင်းပါစေ"
ယဲ့ကျန်းက နှုတ်ဆက်လိုက်သည်။
ထျန်းကျန့်က သူမကို လေးနက်စွာကြည့်လာသည်။
"ယောင်ယောင် ယောင်ယောင်နောက်ဆုံးတော့ ယောင်ယောင်လိုချင်တာကို ရသွားပြီ"
သူမက သူနှင့်မျက်နှာချင်းဆိုင်လိုက်ပြီးနောက် ရှေ့တိုးနီးကပ်လိုက်သည်။ သူ၏မျှော်စင်ကဲ့သို့ မိုးထိုးနေသော အရပ်ကြီးက သူမ၏ကိုယ်ကိုဖုံးအုပ်သွားသည်။
"ကျွန်မရဲ့ဆန္ဒက မပြည့်သေးပါဘူး ကျွန်မရဲ့ဆန္ဒတွေ အနာဂတ်မှာ ပြည့်လာတဲ့အခါမှပဲ အမတ်ထျန်းက လာပြီး ထပ်ပြီးဂုဏ်ပြုပေးပါ"
သူမ၏မျက်နှာတွင် နွေးထွေးမှုက မရှိချေ။
"ကောင်းပြီ"
ထျန်းကျန့်က ရင်ထဲတွင်ခါးသီးသွားသည်။ ထိုနေ့က ယဲ့မိသားစုနှင့်ပတ်သက်ပြီး သူမနှင့် ငြင်းခုန်ပြီးကတည်းက သူမက သူ့ကို မကျေနပ်မှု ပိုများလာသည်ဟု ခံစားနေရသည်။