Part 159

928 96 3
                                    

အပိုင်း ၁၅၉

တော်ဝင်စာကြည့်ဆောင်အတွင်းတွင် သူ၏အမတ်များနှင့်အတူ မော့ရုန်ကျန်းက လုလင်ကျစ်၏ မင်းသားချုံလျို၏ အင်အားစုများကို လုံရန်သို့ ထွက်ခွာသည့် အကြောင်းအရာကို ဆွေးနွေးနေခြင်း ဖြစ်သည်။

မင်းသားချုံလျိုဟာ တိုင်းပြည်၏ အရှင်သခင်မင်းသားဖြစ်ပြီး သူက ယခင်ဧကရာဇ်ကို ပြိုင်ဘက်ကင်း အလှလေးအား ပေးအပ်ခဲ့သောကြောင့် မိုက်မဲသောဧကရာဇ်က သူ့အား ကျေးဇူးတင်စိတ် ပြသည့်အနေဖြင့် မင်းသားဘွဲ့ချီးမြှင့်ခဲ့သည်။ ယခင်ဧကရာဇ် သေဆုံးသွားသည်နှင့် မင်းသားချုံလျိုဟာ လျင်မြန်စွာဖြင့် သူ၏နေရာကို ယူရန် ကြံစည်ခဲ့သေးသည်။ အဆုံးတွင် နှစ်ဝက်တည်းဖြင့် မော့ရုန်ကျန်းက သူ၏အုပ်ချုပ်မှုကို ဖယ်ရှားကာ အတင်းအဓမ္မပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

သံသယဝင်ရန် မလိုလောက်အောင် လက်ရှိအုပ်ချုပ်နေသော ဧကရာဇ်အပေါ် သူက ကြီးမားသော အငြှိုးထားထားပြီး လွန်ခဲ့သော တစ်လခန့်က ပုန်ကန်ရန်ပင် ကြိုတင်ကြံစည်ခဲ့သည်။ ရှေ့ပြေးတပ်များ၏ သတင်းစကားအရ သူက မြို့သုံးမြို့ကိုပင် သိမ်းထားပြီးပြီဟု ဆိုသည်။

"အရှင်မင်းကြီး စစ်ဝန်ကြီးလုက အရှင်မင်းကြီးနဲ့အတူ တိုက်ပွဲတွေကို ဝင်ရောက်ဆင်နွဲခဲ့တဲ့ လူပါ။ သူက ရဲရင့်ပြီး တိုက်ခိုက်ရေးမှာ ကျွမ်းကျင်တာ သံသယဝင်ဖို့ မရှိပါဘူး။ အခု သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတယ်။ ကျွန်တော်မျိုး စိုးရိမ်တာက သူက တပ်ဖွဲ့ကို ဦးဆောင်ပြီး ဒီပုန်ကန်ထကြွမှုကို မနှိမ်နင်းနိုင်မှာကိုပါပဲ"

ဝန်ကြီးချုပ်ရွှီက မျက်မှောင်ကြုတ်လျက် လုလင်ကျစ်က စစ်ပွဲတွင် ဝင်ရောက်ခြင်းအား သဘောမကျနိုင်မှုကို ဖိနှိပ်ကာ လျှောက်တင်လိုက်သည်။ တခြားလူများ၏ ကမ်းလှမ်းချက်များအရ လုလင်ကျစ်ကို စစ်ပွဲသို့ ချက်ချင်းလိုလို ပို့လွှတ်မည့်အကြောင်း ကြားသောအခါ သူက သဘာဝအလျောက်ပင် ငြင်းဆန်တော့သည်။

"အရှင်မင်းကြီး ကျွန်တော်မျိုး သိထားတဲ့အတိုင်းဆိုရင် ဝန်ကြီးရဲ့ဒဏ်ရာက အခု အများကြီး သက်သာနေပါပြီ။ သူ့အနေနဲ့ တပ်ဖွဲ့ကို ဦးဆောင်ပြီး စစ်ပွဲဆီ သွားဖို့က ပြဿနာမရှိနိုင်ပါဘူး"

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now