part 27

1.6K 147 1
                                    

Unicode

အပိုင်း(၂၇) ကျောတစ်ခုလုံးနှင့်

ဆရာမရှန်းက ယဲ့ကျန်း ရှိရာဘက်သို့ အနည်းငယ် ခေါင်းညိတ်ပြပြီးမှသာ မီးတောက်နေသော မင်းသမီး လျိုဟွားကို ကြည့်သည်။ သူမ၏ အကြည့်ကမူ ပြောင်းလဲခြင်း မရှိသည့်အတွက် မင်းသမီး လျိုဟွားကသာ ဖိအား များလာရ၏။ သူမက အမျိုးသမီး အကယ်ဒမီမှ ကျောင်းသူ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဆရာမရှန်းအကြောင်း မကြားမိဘဲ မနေပေ။ သူမ ဒေါသ ထွက်နေသည့်တိုင် ကျယ်လောင်စွာ မတုံ့ပြန်ရဲပေ။ မည်သို့ပင်ဆိုစေ ဒါက သူမ၏ သိက္ခာကိုသာ ကျဆင်းစေပေလိမ့်မည်။
ဆရာမရှန်းက သခင်မလေးများ အားလုံးကို ကြည့်ကာ ပြောသည်။
"မိန်းကလေးတို့ မင်းတို့ အားလုံး ကြည့်ကောင်း ကြပါတယ်။ နှစ်တွေရဲ့ ကုန်လွန်လာမှု နောက်မှာ အားလုံးရဲ့ ကြည့်ကောင်း ငယ်ရွယ်မှုတွေက ထင်သာမြင်သာ ရှိနေတုန်းပါပဲ"
ဒီနေရာတွင် ရှိနေသော သခင်မလေး များနှင့် သခင်မကြီး အားလုံး၏ မျက်နှာက တောက်ပ သွားကြသည်။
"ဆရာမရှန်း ဘယ်တုန်းကများ ပြန်ရောက် တာပါလိမ့်"
သခင်မဝူက မေးသည်။
"ငါ လွန်ခဲ့တဲ့ ရက် အနည်းငယ်လောက်က ပြန်ရောက်ခဲ့တာပဲ။ ဒါကြောင့် သခင်မတွေ အားလုံးကို တွေ့ချင်နေတာ၊ ယဉ်ကျေးပျူငှာစွာ ဖိတ်ခေါ် ပေးတဲ့ အတွက်တော့ ကျေးဇူးအများကြီး တင်ပါတယ်"
သခင်မရှန်းက ယဲ့ကျန်း၏ တည်ငြိမ်သော မျက်နှာကိုသာ ကြည့်ပြီး ဖြေသည်။
လက်ရှိ အချိန်တွင် ဝါးတော အောက်မှ မြင်ကွင်းအားလုံးကို သူမ မြင်လိုက်ရသည်။ အချို့သော အကြောင်းပြချက်များကြောင့် လုယောင်ယောင်က သူမ၏ ယခင် ကျောင်းသူနှင့် အလွန် တူသည်ဟု ခံစားနေရ၏။ သို့သော် အခြားသော တစ်စိတ်တစ်ပိုင်းက သူမကို ပြောနေခဲ့သည်မှာ ဒီတတိယ သခင်မလေးက ယဲ့ကျန်းကို အပြုအမူ အရပင် ဖြစ်စေ၊ ပုံပန်းသွင်ပြင် အရပင် ဖြစ်စေ တုပထားခြင်း မဟုတ်ပေ။ ထို့အစား လုယောင်ယောင်က တစ်ချိန်လုံး နယ်မြို့တွင်သာ ကြီးပြင်း လာခဲ့ခြင်း ဖြစ်ရာ ယဲ့ကျန်းကို မြင်ဖူးရန် မဖြစ်နိုင်ပေ။
ဒီလောကမှာ ဒီလောက် တိုက်ဆိုင်တာမျိုး ရှိနိုင်ရဲ့လား၊ နှစ်ယောက်လုံးက တစ်ထပ်တည်း တူနေတာ မျိုးလေ။
"ကြည့်ရတာ ဆရာမရှန်းရဲ့ ကျော်ကြားမှုတွေကတော့ အရင်ကအတိုင်း ဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့ ဆရာမရှန်းက ကျောင်းသူတွေကို အလွယ်တကူ လက်ခံလေ့ မရှိဘူးလေ၊ မမျှော်လင့်ထားပဲ ကုန်သည် မိသားစုက သမီးတစ်ယောက်ကို လက်ခံလိုက်တယ်၊ ကောလာဟလတွေက မမှန်နေဘူးပဲ"
မင်းသမီး လျိုဟွားက ပြုံးနေသော်လည်း လုမိသားစုက သည်လို ကောင်းစားသွားခြင်းအတွက် အလွန် စိတ်ပျက်နေသည်။ သူမ ရှုံးခြင်းကို လက်မခံနိုင်ပေ။
"ဖြစ်နိုင်တာက ဆရာမရှန်းက ကျောင်းသူတွေကို လက်ခံတဲ့ အရည်အသွေးကို နှိမ့်လိုက်လို့ များလား၊ ဒါမှမဟုတ် တချို့သူတွေက သူတို့ရဲ့ အဆင့်အတန်းနဲ့ အတင်း ဖိအားပေးလို့များလား"
သူမက မထိန်းနိုင်ဘဲ မေးလိုက်သည်။
ဆရာမရှန်းက ထိုတော်ဝင်မင်းသမီးကို ပေါ့ပါးစွာ ကြည့်လိုက်သည်။
"မင်းသမီး လျိုဟွားက လုမိသားစုက အခု အရင်လို မဟုတ်တော့ဘူး ဆိုတာကို နားလည်ထားရင် ဘာလို့ သူတို့ကို ရန်စပြီး မှတ်ချက် ပေးနေရတာပါလဲ"
မင်းသမီးလျိုဟွားက ယဲ့ကျန်းကို လက်ညှိုး ညွှန်ကာ မေးသည်။
"ဒီတိုင်းပြည်က မင်းသမီးက ဘယ်လိုများ ကုန်သည် မိသားစုရဲ့ သမီးတစ်ယောက်က အရင် ဝမ်ဖေး ယဲ့ကျန်းနဲ့ ကျောက်ယန်တို့နဲ့ ယှဉ်နိုင်သလဲ ဆိုတာကို သိချင်တယ်၊ သူမက ဘာတွေများ တော်နေလို့ ဆရာမရှန်းရဲ့ မျက်လုံးထဲ ဝင်သွားရတာပါလဲ"
ယဲ့ကျန်းသည် မင်းသမီးလျိုဟွားက သူမကို ထည့်ပြောကြောင်း ကြားသောအခါ သူမ၏ မျက်ဝန်းထဲ မည်းမှောင်သော အလင်းများက လက်လာခဲ့ကာ တိတ်ဆိတ်စွာ မော့ကြည့်သည်။ ဆရာမရှန်းက သူမ၏ နောက်ထပ် စကားများကို ကြားသောအခါ ဘာမှ ဆက်ပြောမလာခင် ဖျော့တော့စွာ ပြုံးပြလာ၏။
"ငါ လိုချင်တဲ့ အလားအလာကို သူမမှာ တွေ့လို့ ငါ့ ကျောင်းသူအဖြစ် လက်ခံခဲ့တာပဲ။ အမှန်အတိုင်း ပြောရရင် ယောင်ယောင်က တခြား နှစ်ယောက်နဲ့ မယှဉ်နိုင်ပါဘူး။ သူမက အခုမှ သင်္ကေတ ၁၀၀၀ စာအုပ်ကိုပဲ ဖတ်နိုင်သေးတယ်။ အကယ်ဒမီကို ဝင်ချင်တယ်ဆိုရင် ဒီလောက်နဲ့ မလွယ်ဘူး ဆိုတာ နားလည်ထားမှာပဲ၊ ဒါကြောင့် ယောင်ယောင်က အရမ်း ကြိုးစားတယ်"
မင်းသမီး လျိုဟွားက ပြုံးသည်။
"ဆရာမရှန်းကတော့ နောက်နေပြန်ပါပြီ၊ သူမက အကယ်ဒမီကို ဒီအတန်းစာလောက် ဖတ်ထားရုံနဲ့ ဝင်လို့ ရမယ်လို့ ထင်တာလား"
သူမက ယဲ့ကျန်း၏  အဖြေကို လက်ခံပြီး ကတည်းက ဆရာမရှန်းက သူမ၏ ကျော်ကြားမှုကို အခြားသူများ၏ အမြင်တွင် မြှင့်တင်ပေးရန် ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်သည်။ သူမ၏ ကျောင်းသူကို အရှက်ခွဲ အစော်ကားခံစေလိမ့်မည် မဟုတ်ပေ။
"သူမက လဝက်ပဲ လေ့ကျင့်ချိန် ရှိလိမ့်မယ်။ အဲဒီ အချိန်ပြီးရင် ငါ မှန်တယ် မှားတယ်ဆိုတာ နင်တို့ သိရမှာပေါ့"
"ကြည့်ရတာ တကယ်ကို စောင့်ကြည့်ရတော့မှာပါပဲ"
မင်းသမီး လျိုဟွားက ယဲ့ကျန်းကို ကြည့်ပြီးနောက် တွေးသည်။
ဒီမိန်းကလေးက ဆရာမရှန်း အာရုံကို ဖမ်းစားနိုင်ရအောင် ဘယ်လို နေရာတွေကများ ပါရမီ ပါနေလို့လဲ။
သင်္ကေတ ၁၀၀၀ လောက်ကို နားလည် ထားရုံဖြင့် ဒီလို တွေးရဲခြင်းက သူမကို စိတ်ပျက်မိစေသည်။
မင်းသမီး လျိုဟွားက သူမ ထွက်သွားသည်နှင့် သေချာ စုံစမ်းရန် ဆုံးဖြတ်ထားလိုက်၏။ လက်ရှိ အချိန်တွင် လုယောင်ယောင်က လူတိုင်း၏ စကားများက သူမအပေါ် သက်ရောက် မခံရသည့်အလား အမျိုးသမီး အကယ်ဒမီက သူမ၏ အပိုင်နေရာ အလား တွေးတောရဲနေသည်။
အမှန်အတိုင်း ဆိုရသော် ...
လုမိသားစုက မိန်းမတွေ အားလုံးက ကိုယ်ပိုင် ကောင်းကျိုးတွေ အတွက် ရည်မှန်းချက် ကြီးကြတာပဲ။ မင်းသမီး လျိုဟွားက ရွံရှာစွာ တွေးသည်။
ထိုအချိန်တွင် ယဲ့ကျန်းက စိုးရိမ်နေသည်။ သူမ၏ စိတ်နှလုံးသားက မသက်မသာ ဖြစ်နေခဲ့၏။ သူမကသာ ယခင်က သံသယ ဝင်ခဲ့မည် ဆိုလျှင် လက်ရှိ ဆရာမရှန်းက သူမ၏ ဆုံးဖြတ်မှုအပေါ် မေးခွန်း ထုတ်ခြင်းကို ပြန်လည် ငြင်းဆန်တတ်သော လူတစ်ယောက် မဟုတ်မှန်း နားလည်ခဲ့ပြီးသား ဖြစ်၏။ သို့သော် ယနေ့တွင် သူမအတွက် ကျော်ကြားရန် ကြိုးစားပေးနေခဲ့သည်။
ဒါပေမဲ့ ဘာလို့ လုပ်ပေးနေတာလဲ။ ဘာလို့ ဆရာမရှန်းက လုယောင်ယောင်လို သာမန် လူတစ်ယောက်ကို အရမ်းကြီး ကူညီ ပေးနေတာလဲ။
ဒီလို ကူညီပေးဖို့ ဆိုတာက ဖြစ်မှ မဖြစ်နိုင်တာ၊ လုယောင်ယောင်က အမျိုးသမီး အကယ်ဒမီကို ဝင်နိုင်စွမ်း ရှိမရှိ ဆိုတာတောင် နားမလည်သေးဘဲနဲ့ သူ ဒီလို လုပ်ပေးလိုက်ရင် မျက်နှာပျက်မှာကို မစိုးရိမ် ဘူးလား။
ဆရာမရှန်းက ဂုဏ်သိက္ခာ ကျမည့်အပြင် မြို့တော်တွင်လည်း ရယ်စရာ ပျက်လုံးတစ်ခု ဖြစ်လာပေလိမ့်မည်။
ကြည့်ရသည်မှာ ဆရာမရှန်းက သူမ၏ ဂုဏ်သိက္ခာ တစ်ခုလုံးနှင့် လောင်းကြေး ထပ်ထားပုံရသည်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now