part 55

1.4K 144 2
                                    

Unicode
အပိုင်း(၅၅) ချန်းညီအစ်မများ(၂)
သခင်မကြီးလုက ယဲ့ကျန်းကို တည်ငြိမ်စွာ ကြည့်ပြီး ပြောသည်။
"ယောင်ယောင် ကျင်းအာ လိုချင်နေတာက ဘာကြာပွတ်လဲ"
ယဲ့ကျန်းက လုကျင်းကို ကြည့်လိုက်၏။
ဒီစတုတ္ထ သခင်မလေးက တကယ်ကို အရှက်မရှိတာပဲ။ အခု သခင်မကြီးလုကို သူမ ဘယ်လိုများ ငြင်းရတော့မှာလဲ၊ အား။ ဒီကလေးမက သူမ၏ လုပ်ဆောင်နိုင်စွမ်းကို စမ်းသပ် နေပြီ။
လုမိသားစု တစ်ခုလုံးက အလိုလိုက် ခံထားရပြီး သူမအပေါ် ချစ်မြတ်နိုး နေသည့်အတွက် ယဲ့ကျန်းအနေဖြင့် ဘာမှ လုပ်ရန် မလိုအပ်ပေ။ အများဆုံး အနေဖြင့် သူမ ဘွဲ့ယူပြီးသည်နှင့် အဖိုးတန် ကြာပွတ်ကို လာ‌တောင်းနေသူက သင့်လျော်ခြင်း မရှိပေ။
"အဘွား ဒါက သမီး အရင်ရက်က အစ်ကိုကြီးနဲ့အတူ အမဲလိုက် သွားခဲ့တုန်းက အမတ်ထန်းကျန့်က သမီးနဲ့ ယှဉ်ပြိုင်ချင်ခဲ့တယ်။ သူက သမီးကို ရှုံးသွားတော့ ကြာပွတ်ကို ပေးခဲ့ရတယ်လေ"
ယဲ့ကျန်းက နှိမ့်ချသော အမူအရာမျိုးဖြင့် ပြောသည်။ ဒီအခြေအနေအရ သူမက အလွန် ရိုကျိုးပြီး နာခံတတ်သူ ဖြစ်သွားစေ၏။
"ဒါပေမဲ့ စတုတ္ထညီမက အမတ်ထန်းကျန့်ရဲ့ ငွေရောင် ကြာပွတ်ကို ဒီလောက် ကြိုက်မယ်လို့ မထင်ထားမိဘူး။ သမီးသာ ကြိုသိခဲ့မယ်ဆိုရင် စတုတ္ထ ညီမကိုပဲ အမတ်ထန်းကျန့်နဲ့ ပြိုင်ခိုင်းလိုက်ပါတယ်"
ဒါက ငါ နိုင်လို့ ရထားတာ၊ သေချာပေါက် ငါပဲ ပိုင်သင့်တာပေါ့။ လုကျင်းက ဘာလို့ ဒီလောက် လိုချင်နေရတာလဲ။
သခင်မကြီးလုက ထိုယှဉ်ပြိုင်မှု အသေးစားကို သိထားသည်။ သို့သော် ဒီနေ့မှသာ ဆုကြေး အကြောင်းကို သိလိုက် ရခြင်း ဖြစ်၏။ သို့သော် ထိုဆုကြေးက လုကျင်း လိုချင်နေသော ကြာပွတ် ဖြစ်သည်။
သေချာ တွေးကြည့်မိသောအခါ သခင်မကြီး၏ မျက်ဝန်းများက တောက်ပသွား၏။
ဘာလို့ အမတ်က ဒီလို ရတနာတွေကို သူမရဲ့ မြေးမလေးကို အတူ ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းရတာလဲ။
ကြည့်ရတာ...
သခင်မကြီး၏ နှုတ်ခမ်းမျာက ကော့တက်သွားသည်။ ထိုအမတ်က လုယောင်ယောင်ကို စိတ်ဝင်စားနေဟန် ရသည်။
"တတိယ အစ်မရဲ့ ငွေရောင် ကြာပွတ်က တတိယ ညီမအတွက်လည်း အသုံးမဝင်ဘူးလေ၊ ငါလည်း သေချာပေါက် ကြိုက်နေတာကို"
လုကျင်းက နှုတ်ခမ်းကို မဲ့ပြီး ရှင်းရှင်းလင်းလင်းဖြင့် လက်မခံဟန် ပြောသည်။
အမျိုးသမီး အကယ်ဒမီမှ သူမ၏ လုပ်ဆောင်နိုင်စွမ်း ကျော်ကြားမှုအရဆိုလျှင် သူမ လိုချင်နေသော အရာအားလုံးကို ရသင့်သည်။
လုကျင်းက သူမ၏ အသနားခံမှု မဆုံးသေးခင်မှာပင် လုလင်ကျစ်က အခြားသော ညီအစ်ကို များနှင့်အတူ ဝင်လာခဲ့သည်။ သူက ရောက်လာသည်နှင့် သခင်မကြီးလုကို နှုတ်ဆက်လိုက်၏။
"ကျွန်တော်တို့ရဲ့ ချစ်မြတ်နိုးဖွယ် အဘွားလှလှကို နှုတ်ဆက်ပါတယ်"
သူက ရယ်နေသည်။
သခင်မကြီးလုက သူမ၏ အနှစ်သက်ဆုံး မြေးကို မြင်လိုက်ရသည်နှင့် ပြုံးတော့၏။
"မင်းတို့ အားလုံး ဘာလို့ ရောက်လာကြတာလဲ"
"တကယ်တော့ သားတို့ အရသာ ရှိတဲ့ စားစရာတွေ ရှိမှန်း သိနေလို့ ရောက်လာခဲ့ကြတာပဲ။ ကျွန်တော်တို့ လမ်းမှာ တွေ့ခဲ့ကြတာ"
သူက ပြောပြီးနောက် ထိန်းချုပ်၍ မရနိုင်လောက်အောင် သူ၏ အကြည့်က ယဲ့ကျန်းထံသို့သာ ရောက်သွားသည်။ သူ၏ မျက်ဝန်းထဲ အံ့အားသင့်မှုက ထွက်ပေါ် လာခဲ့၏။
သူ နောက်ဆုံး သူမကို တွေ့ထားတာ ရက်အနည်းငယ်ပဲ ကြာသေးတာပါ။ ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ပြောင်းလဲ သွားတာလဲ။
ဆရာမရှန်းကများ ဒီကလေးမလေးကို ရည်ရွယ်ချက် ရှိရှိ ပြောင်းပေးနေခဲ့တာလား။
သခင်မကြီးလုက ရယ်ပြီး ပြောသည်။
"ငါ သိပြီ၊ မင်းတို့ မျောက်လေး တွေကတော့လေ စားပွဲရှိပြီဆိုတာနဲ့ ပြေးလာကြရောပဲ။ ကောင်းပြီ ကောင်းပြီ ကောင်းပြီ။ အားလုံးကို ကြိုဆိုပါတယ်"
အမျိုးသားများက ရယ်ကြသည်။ သခင်မကြီးလုက သူတို့ကို ဒီလို ပြောသည့် အတွက်လည်း တစ်မျိုးထင်ဟန် မရပေ။ လုလင်ကျစ်က ရယ်ပြီးနောက် စကား တစ်ခွန်းမဆိုဘဲ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"ဝမ်းကွဲတွေ ရောက်နေတာပဲ"
ချန်းချုံပင်းနှင့ ချန်းလီပင်းတို့က ရှေ့တက်ကာ ဂါရဝ ပြုကြသည်။
"အကြီးဆုံး အစ်ကို"
ယဲ့ကျန်း ထိုသခင်မလေး နှစ်ယောက်ကို ပေါ့ပါးစွာ ကြည့်သည်။ ထိုထဲမှ ချန်းချုံပင်း၏ မျက်နှာ၏ ရှက်ရွံ့မှုကို မြင်လိုက်ရသောအခါ သူမ၏ နှုတ်ခမ်းများက ကော့တက် သွား၏။ သူမက လုလင်ကျစ်ကို ခိုးကြည့်နေသည်။
ဆိုတော့ ဒီလိုကိုး၊ ကြည့်ရတာ လုလင်ကျစ်က ကောင်မလေးတွေ ကြားထဲမှာ ကျော်ကြားတဲ့ ပုံပဲ။
"အခု ကျွန်တော် အခန်းထဲကို ဝင်လာတော့ ကျင်းအာက ငွေရောင် ကြာပွတ်အကြောင်း ပြောနေတာ ကြားခဲ့တယ်၊ ဘာဖြစ်တာလဲ"
လုလင်ကျစ်က သူ၏ ပန်းကန်ထဲကို အခြားသော ညီအစ်ကိုများ နည်းတူ စားစရာများ ဖြည့်နေရင်းမှ မေးသည်
လုကျင်း ရှက်သွား၏။ သူမက ရှက်ရွံ့သလို ပြုံးပြီး တွေးတောနေချိန်တွင်ပင် လုဖန်းက ရယ်ကာ ပြောလာသည်။
"အကြီးဆုံး အစ်ကို စတုတ္ထညီမက တတိယ ညီမရဲ့ ငွေရောင် ကြာပွတ်ကို တောင်းနေတာ"
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now