part 30

1.7K 153 2
                                    

Unicode

အပိုင်း(၃၀) တော်ဝင် ကိုယ်လုပ်တော်လု (၂)
"ဝမ်ဖေးကို ပြန်ဖြေပါတယ်၊ ဒါက ငယ်စဉ်ကတည်းက နယ်မြို့မှာ နေပြီး ကြီးပြင်းလာခဲ့တဲ့ တတိယ သခင်မလေးပါ၊ ဒီကလေးမရဲ့ နာမည်ကို ယောင်ယောင်လို့ ခေါ်ပါတယ်"
သခင်မကြီးလု၏ ယဲ့ကျန်း၏ လက်ကလေးကို ကိုင်ကာ ပြောလိုက်သည်။
"တတိယ ညီမ ဒီ၀မ်ဖေးက တစ်ချက်လောက် ကြည့်ပါရစေ"
လုဝူရှန်းက ယဲ့ကျန်း၏ ရုပ်ရည်ကို ကြည့်သည်။ သူမက အသား မဲပြီး ပိန်သည်။ သို့သော် မျက်နှာတွင် သိမ်မွေ့သော အပြုံးက ရှိနေ၏။ ယဲ့ကျန်းက သူမထံ ဦးတည်လာသော အခါ သူမ၏ မျက်နှာကို အောက်သို့ ငုံ့ထားသည်။
လမ်းလျှောက်လျှင်လည်း ထိုအတိုင်း လျှောက်၏။ သူမ၏ မုန်းတီးမှုကို တစ်ဖက်သူ သတိထား မိသွားမည်ကို စိုးရိမ်နေကာ ခံစားချက်များကို အကောင်းဆုံး ကြိုးစားပြီး ဖုံးအုပ် နေရသည်။
ထိုသို့ လုပ်ထားသည့် အခါ အခြားသူများ၏ အမြင်တွင် သူမ၏ ရုပ်ရည်က တင်းကြပ်ပြီး ငကြောက် တစ်ယောက်ဟု ထင်သွားစေသည်။ သူမအပေါ် မျှော်လင့်ထားသူများပင် စိတ်ပျက် သွားကြ၏။
သည်အခြေအနေတွင် သေးငယ်သော ရင်းနှီးကျွမ်းဝင်သော လူအုပ်နှင့် မမျှော်လင့်ထားစွာပင် ဆရာမရှန်း၏ မျက်ဝန်းထဲ အလင်းများ လက်သွားသည်။ ဆရာမရှန်း၏ မျက်ဝန်းအတွင်း ဘာမှမရှိဟု ထင်ရသည့် တိုင်အောင် ထူးထူးဆန်းဆန်း သူမ၏ ကျောပြင်ကို စိုက်ကြည့်နေ၏။
"ကောင်းပြီ တကယ်ကို တတိယ ဒေါ်လေးနဲ့ တူနေတာပဲ၊ နယ်မြို့မှာ ကြီးပြင်းပြီးမှ မြို့တော်ကို ရောက်လာခဲ့တာလား"
လုဝူရှန်းက ယဲ့ကျန်း၏ လက်ကို ကိုင်ပြီး သေချာ စုံချည် ဆန်ချည် စိုက်ကြည့်သည်။
ယဲ့ကျန်း၏ လက်များက မာကျောနေပြီး နူးညံ့သိမ်မွေ့သော အလိုလိုက် ခံထားရသည့် ဝမ်ဖေး၏ လက်ဖဝါးကို ထိတွေ့ မိသွား၏။
ယဲ့ကျန်းက ခပ်တိုးတိုး ဖြေသည်။
"ညီမ အကျင့်ဖြစ်နေပါပြီ၊ အရှင်မ။ အဖွားက ညီမအပေါ် အရမ်း ကြင်နာပါတယ်"
လုဝူရှန်းက ငြင်သာစွာ ပြုံးပြီး ပြောသည်။
"ဒီ၀မ်ဖေးက မင်းကို သဘောကျတယ်၊ တို့က လုမိသားစုက သမီးတွေပဲ။ ဘယ်တော့မှ အခြားသူ အပေါ် မရှုံးရဘူး။ သတ္တိရှိအောင် ကြိုးစားပြီး အကယ်ဒမီရဲ့ ဝင်ခွင့် စာမေးပွဲကို ဖြေလိုက်ပါ၊ မင်းရဲ့ ကိုယ်ပိုင် စွမ်းအားကိုပဲ မူတည်ထားပေါ့"
ထိုသို့ ပြောနေရင်းမှ လုဝူရှန်းက တော်ဝင် ကိုယ်လုပ်တော် တစ်ယောက်အနေဖြင့် အမျိုးသမီး အကယ်ဒမီသို့ ဝင်ရောက် နိုင်အောင် ယဲ့ကျန်းကို ကူညီမည် မဟုတ်ကြောင်း ပြောပြထားပြီးသား ဖြစ်ကာ သူ ညီမ၏ အကျိုးကျေးဇူး အတွက် သူမက ထောက်ပံ့ပေးမည် မဟုတ်ကြောင်း သိသာသွားစေခဲ့၏။
အများရှေ့တွင် ထိုသို့ ပြောခြင်းက ကြည့်ကောင်းစေသည်။ ယဲ့ကျန်းကသာ အောင်မြင်စွာ ဝင်ရောက် သွားနိုင်ခဲ့မည် ဆိုလျှင် ဒါက သူမ၏ ကြိုးစားမှုကြောင့် ဖြစ်ကြောင်း သိသာသွားစေမည် ဖြစ်၏။
လုဝူရှန်းက ပြုံးကာ ခေါင်းညိတ်ပြီးနောက် သခင်မကြီးလုကို ပြန်ကြည့်ကာ ပြောသည်။
"ပန်ကုန်း ဒီနေ့ ခရေဘုရင် ပွင့်လာမယ်လို့ ကြားတယ်၊ ဒီ၀မ်ဖေး တစ်ဖန် ထပ်ပြီး ဂုဏ်ယူ ရတော့မယ် ထင်ပါတယ်"
သခင်မကြီးဝူက ရယ်သည်။
"ဝမ်ဖေး စိတ်မပျက် စေရပါဘူး၊ ဝမ်ဖေးကသာပဲ ခရေဘုရင်လိုမျိုး အလှပဆုံးလို့ ချီးကျူးခံရဖို့ ထိုက်တန်တာပါ"
"အို သခင်မဝူ မင်း တို့ကို အရမ်း မြှောက်နေပြီ"
လုဝူရှန်းက ကျေးဇူး တင်ပြီးနောက် အမိန့်လိုက်သည်။
"အားလုံးပဲ ဒီနန်းတော်က ပန်းတွေကို ပျော်ပျော်ရွှင်ရွှင် ရှုစားကြပါ"
လုဖန်းနှင့် လုကျင်းတို့က သခင်မကြီးလုကို လျင်လျင်မြန်မြန် ဝိုင်းထားလိုက်ကြသည်။ ယဲ့ကျန်းကို ဘေးသို့ တွန်းထုတ်လိုက်၏။
လုဝူရှန်းက သူမ၏ အထိန်းတော်နှင့် ထွက်သွားခြင်းကို ကြည့်နေရင်းနောက် ဘေးဘက်တွင် လူအုပ်က ဝိုင်းလျက် ပါသွားကြောင်းကို မြင်လိုက်ရသည်။ ယဲ့ကျန်း၏ ခြေလှမ်းများက အနည်းငယ် တန့်သွား၏။ သူမ အခြားသူနှင့် ပန်းများကို ရှုစားရန် စိတ်မဝင်စားပေ။ သူမတွင် အခြား လုပ်စရာ ကိစ္စများ ရှိနေသေးသည်။
လက်ရှိ ထိုဝါးတဲတွင် မည်သူမှ မရှိတော့ပေ။ ဆရာမရှန်းနှင့် မင်းသမီး လျိုဟွားပင် ပန်းတွေကို ရှုစားရန် ထွက်သွားခဲ့လေပြီ။
ယဲ့ကျန်းက အဝေးမှ လူအုပ်ကို ကြည့်ပြီးနောက် အခြားတစ်ဖက်သို့ လှည့်လိုက်၏။
အချိန် တစ်ခုကြာ လမ်းလျှောက်ပြီး နောက်တွင် သူမ အရှိန်ကို နှေးချလိုက်သည်။ ရင်းနှီး ကျွမ်းဝင်သော လမ်းကို မြင်လိုက်ရသည်။ သူမ၏ စိတ်ထဲတွင် ဘယ်တော့မှ မမေ့နိုင်သော ကံကြမ္မာ ဆုံစည်းရာ မှတ်ဉာဏ်များကို မြင်လိုက်ရ၏။
ငါသာ အဲဒီအချိန်က လျှောက်မပြေးဘဲ လမ်းမပျောက် သွားခဲ့ရင် ငါ ပစ္စည်းတွေ အများကြီးကို မချန်ထားရစ်ခဲ့ရင် ငါ့ရဲ့ နှလုံးသားက ဒီနေရာမှ ပျောက်ဆုံးသွားမယ် မထင်ဘူး။
နည်းနည်းပဲ ဆက်သွားရအောင်။
ယဲ့ကျန်းက ခြေလှမ်းများကို သတိထားသည်။ ဟိုနေရာ သည်နေရာတိုင်းတွင် ကောင်မလေး တစ်ယောက်နှင့် ကောင်လေး တစ်ယောက် ပုံရိပ်များကို မြင်တွေ့ နေရ၏။ သူမ၏ မှတ်ဉာဏ်များက ဒီရေကဲ့သို့ ဆက်တိုက် ထိုးထွက်လာနေခဲ့သည်။ သူမ၏ စိတ်ထဲကို လွှမ်းခြုံ လာခဲ့၏။ မြန်ဆန်သော နာကျင်မှုများကို မထိန်းချုပ် နိုင်တော့သည့် အပြင် စိတ်ဓာတ်ကျမှုများကိုလည်း မထိန်းချုပ် နိုင်တော့ပေ။
သူမ အသက် ၇ နှစ် အရွယ်က အချိန်ကို ပြန်မှတ်မိသည်။ ထိုအချိန်က ယဲ့မိသားစုက ပန်းရှုစားခြင်း တွေ့ဆုံပွဲကို ဦးဆောင် ကျင်းပသည်။ သူမ၏ အဖွားနှင့်အတူ ရောက်လာခဲ့၏။ ထိုအချိန်က ဒီနေရာတွင် လူ အလွန် များသည်။ သူမ၏ အဖွားနှင့် မိခင်က ဧည့်သည်များကို ဧည့်ခံရင်းဖြင့် အလုပ် များနေခဲ့၏။ ထို့ကြောင့် သူမ တစ်ယောက်တည်း ဒီဝန်းကျင်တွင် လျှောက်သွားခဲ့သည်။ ထိုသို့ဖြင့် တောအုပ်ထဲတွင် လမ်းပျောက် သွားခဲ့ပြီး ရေတွင်းထဲသို့ ကျနေသော မော့ရုန်ကျန်း ဆိုသည့် လူတစ်ယောက်နှင့် ဆုံခဲ့သည်။
ထိုအချိန်က မော့ရုန်ကျန်းက ကန်းနေသေးသည်။ သူက ရေတွင်းထဲသို့ ကျနေခဲ့ပြီး ပြန်မထွက်နိုင်ခဲ့ပေ။  သူ၏ အစေခံများကိုလည်း မမြင်ရပေ။
သူ့ကို ကယ်ရန် အလို့ငှာ ယဲ့ကျန်းက ကြိုးများစွာကို သွားရှာခဲ့သည်။ တစ်ခုပြီး တစ်ခု ထုံးချည်၏။ သူမ၏ ဖခင် ငယ်စဉ်ကတည်းက သင်ပေးခဲ့သော နည်းလမ်းကို သုံးပြီး သူ့ကို ကယ်တင်ကာ ရေတွင်းထဲမှ ဆွဲထုတ်ပေးခဲ့၏။
နွယ်ပင်များကို ပူးချည်ထားခြင်းက ကြိုးထက် ခိုင်မာသည်။ အနီးရှိ သစ်ပင်ကို တွဲချည်လိုက်ပြီး နောက်တွင် ထိုမင်းသားငယ်လေး ရေတွင်းထဲမှ ကုတ်တက် လာနိုင်ရန် ကူညီပေးနိုင်ခဲ့၏။
တစ်ယောက်က မြင်နိုင်သော်လည်း လမ်းပျောက်နေသည်။ အခြားတစ်ယောက်က လမ်း မလျှောက်နိုင်သော်လည်း ကန်းနေ၏။
ထို့ကြောင့် နှစ်ယောက်လုံး အခြားသူများ လာရှာရန် စောင့်ဆိုင်းခြင်းကိုသာ တတ်နိုင်တော့သည်။
"ငါနဲ့အတူတူ စားစရာ နည်းနည်း ကျန်သေးတယ်၊ ငါနင့်ကို တစ်ဝက် ပေးမယ်"
၇ နှစ်အရွယ် ယဲ့ကျန်းက သူမ၏ အိတ်ကပ်ထဲမှ ကိတ်မုန့် နှစ်ခုကို ထုတ်ပြီးနောက် ယဲ့ကျန်းကို တစ်ခု ပေးလိုက်သည်။
"မင်းရဲ့ လက် နာနေလား"
သူက သူမကို မေးသည်။ သူ မမြင်နိုင်သည့် တိုင်အောင် သူ၏ အာရုံ ခံစားနိုင်စွမ်းက မြင့်မားသေး၏။
သူ၏ အနံ့ခံနိုင်စွမ်းက မြင့်မားသည်။ ငယ်ရွယ်သေးသော မော့ရုန်ကျန်းက ယဲ့ကျန်း၏ ဒဏ်ရာမှ သွေးအနံ့ကို ရသွား၏။ သူ၏ မျက်နှာက ရုတ်တရက် စိတ်ဓာတ် ကျသလို ဖြစ်သွားသည်။
သူမက နှုတ်ခမ်း ဆူသည်။ ယဲ့ကျန်းက အသံတိုးတိုးဖြင့် ပြော၏။
"ငါ သစ်ပင်နဲ့ ခြစ်မိသွားရုံပါ၊ အဲဒါက နာနေတယ်"
သူမက မတရားခံရမှုအတွက် မကျေမနပ် ပြောသည်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now