Part 104

1K 99 1
                                    

Unicode

အပိုင်း (၁၀၄)
ယဲ့ကျန်းသည် လူတိုင်းကြောင့် စိတ်ရှုပ်မခံရန်စဉ်းစားလိုက်၏။ သူမ၏ ပထမဆုံးခုခံအားအနေဖြင့် ကျေနပ်နှစ်သက်ဖွယ်ကောင်းသော သခင်မလေးအနေဖြင့်သာ နေကာ ထိုလူများကို အလွယ်တကူ ရင်ဆိုင်ရန် ဆုံးဖြတ်ထားသည်။
သူမ၏နောက်ခံက ပေါ်နိုင်ခြေ မရှိကြောင်း သိထားပြီးသားဖြစ်သည်။ သူမက ယခင်က ယဲ့မိသားစုမှ သမီးတစ်ယောက်ဖြစ်ပြီး လုမိသားနှင့် သွေးကြွေးရှိနေခဲ့၏။ လက်ရှိအချိန်တွင် သူမက လုယောင်ယောင်ဖြစ်သည်။ လုရှီမင်နှင့်ဇနီးဖြစ်သူ၏ သမီးဖြစ်၏။
ညနေခင်းတွင် တစ်မိသားစုလုံးက သခင်မကြီး၏ခြံဝင်းအတွင်း စုစည်းကြသည်။
ယဲ့ကျန်းက ဖေးရှီ၏အနောက်တွင် ရပ်သည်။ သည်နေ့ သူမက အာရုံစိုက်မှုများစွာကို လက်ခံနေရ၏။ သူမကိုမြင်လိုက်သည်နှင့် အစေခံများကပင် ယစ်မူးသလို ကြည့်ကြသည်။ သူမ၏ပြောင်းလဲမှုများကို သူတို့ မယုံကြည်နိုင်တော့ဟန် ရ၏။
သခင်မကြီးလုက လုရှီမင်ကို လှည့်ကြည့်ပြီးနောက် ထိုစကားများကို ဆိုသည်။
“မင်းရဲ့အစ်ကိုနှစ်ကလည်း လမ်းမှာ ရောက်နေပြီ၊ သူက ဒီနေ့ ငါ့ရဲ့မွေးနေ့ပွဲကို ပါဝင်ဆင်နွှဲဖို့ ပြန်လာမယ်လို့ ပြောထားတယ်၊ ရောက်လာရင် ငါတို့တွေ နောက်ဆုံးပြန်ဆုံနိုင်ပြီ။"
“ကျွန်တော်လည်း အစ်ကိုနှစ်ကို မတွေ့ရတာ နှစ်ပေါင်းများစွာကြာပြီပဲ”
လုရှီမင်က ပြုံးသည်။
ဒုတိယသခင်လုက မိသားစုမှ စီးပွားရေးလုပ်ငန်းများအားလုံးကို ကိုင်တွယ်ထား၏။ မိသားစုက ကုန်သည်အဆင့်မှ တိုးတက်လာခဲ့သော်လည်း ပင်လယ်ကိုဖြတ်ကာ ကုန်သွယ်ရသည့်အလုပ်က တစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဒုတိယသခင်လုက ဒါကိုလက်မလွှတ်နိုင်ပေ။ သူက ဇနီးနှင့်သမီးကိုပင်ခေါ်ပြီး ကျင်းခုံမြို့တွင်သွား၍ စီးပွားရေးလုပ်ကိုင်သည်။
“ငါ့ယောက်ျားသာ ဒီနေ့ ဒီနေရာမှာ ရှိနေခဲ့ရင် မိသားစုက ပိုပြီးစည်ကားနေမှာပဲ”
ပြောင်ရှင်းကာ အရောင်ဖျော့တော့သော ဝတ်စုံများကို ဝတ်ဆင်ထားသည့် အကြီးဆုံးသခင်မကြီးလုက ဖျော့တော့စွာ ပြောသည်။ သူမ၏နာမည်ကား လျှိုရှီဖြစ်၏။
လျှိုရှီ၏စကားကြောင့် ပျော်ရွှင်ဖွယ်လေထုအခြေအနေက ပြောင်းလဲသွားသည်။ ယဲ့ကျန်းက အကြီးဆုံးသခင်မကြီးလုဆိုသူကို ကြည့်သည်။ သည်နေ့ကမှ သူမ ပထမဆုံးအကြိမ် ထိုမိန်းမကို မြင်ခဲ့ဖူးခြင်းဖြစ်၏။ သူမတို့မြို့တော်သို့ စရောက်လာသောအခါ ထိုအမျိုးသမီးက ဖျားနေသည်။ ထို့ကြောင့် လာမတွေ့ခိုင်းခဲ့ပေ။
သည်တစ်ကြိမ်ကမူ သားဖြစ်သူ လုလင်ကျစ် ပြန်လာခြင်းအား ကြိုဆိုသည့်အနေနှင့် သည်လိုရောက်လာခဲ့ခြင်းလည်းဖြစ်၏။ ပြောရလျှင် အကြီးဆုံးသခင်လု သေဆုံးသွားပြီးကတည်းက လျှိုရှီက မပျော်မရွှင်ဖြစ်နေခဲ့သည်။
သခင်မကြီးလုက မိသားစု၏ကိစ္စကြီးငယ်တိုင်းကို ကိုင်တွယ်ထား၏။ လျှိုရှီကို ဂရုစိုက်သေးသော တစ်ဦးတည်းသောသူက လုလင်ကျစ်ဖြစ်သည်။
“အမေ အဖေက ကျွန်တော်တို့ကို ထားခဲ့တာမှ မဟုတ်တာ၊ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ရှိနေတာပဲ”
လုလင်ကျစ်က သူ၏မိခင်ကို ကြင်နာစွာ ပြောသည်။
လျှိုရှီက သူ့အားကြည့်ပြီး လုရှီမင်ကို မည်းမှောင်စွာကြည့်သည်။
“အချို့သူတွေက သူ သေဖို့တွေးနေမှာကိုပဲ ငါ စိုးရိမ်တယ်”
“နင် နေလို့မကောင်းသေးရင် ကိုယ့်အခန်းကိုယ် ပြန်နားနေသင့်တယ်၊ လူတွေ နားမလည်တဲ့စကားမျိုးတွေ ပေါက်ကရတွေ လာပြောပြီး ငါတို့ရဲ့ပျော်ရွှင်နေတဲ့ အချိန်တွေကို လာမဖျက်ဆီးစမ်းနဲ့”
သခင်မကြီးလုက ပြောသည်။
တုံ့ပြန်သည့်အနေဖြင့် ထိုမိန်းမက ပြုံးသည်။ လျှိုရှီက သခင်မကြီးလု၏ခမ်းနားမှုကို ကြောက်ရသည်မှာ ကျင့်သားရနေချေပြီ။ သို့သော်ယခုအခါ သူမ ဘာကိုမျှ မကြောက်တော့ပေ။ သူမ၏သားက အဆင့်မြင့်အရာရှိဖြစ်သည်။ တစ်မိသားစုလုံးက ကုန်သည်ဘဝမှ အထက်တန်းလွှာအဆင့်အတန်း ရောက်လာခဲ့သည်ကလည်း သည်သားကြောင့်ဖြစ်၏။ သူမ၏သားသာ မရှိလျှင်....
သူမ ပြောလိုက်ချင်သည်။
မဟုတ်ရင် လုမိသားစုက သည်လိုအခြေအနေကို ဘယ်ရောက်နိုင်မှာတဲ့လဲ။
“အမေ”
အကြီးဆုံးသခင်မလုက သခင်မကြီးလုကို ရည်ညွှန်းသည်။
“ကျွန်မက အမှန်အတိုင်းပြောတာလေ၊ ဒီမိသားစုက လူဘယ်လောက်ကများ အစပိုင်းကတည်းက အကြီးဆုံးသခင်က မိသားစုအတွက် ဘယ်လောက်တောင် ပေးဆပ်ခဲ့ရသလဲဆိုတာကို မှတ်မိနေသေးလို့လဲ၊ အကျိုးကျေးဇူးတွေကိုကျတော့ ပျော်ရွှင်ခံယူနေပြီး စိတ်ထဲမှာတော့ အတွန့်တက်နေကြမှာပဲ”
လုရှီမင်က လက်ရှိအချိန်တွင် တော်ဝင်လက်ထောက်အရာရှိဖြစ်သွားသည်။ သို့သော် သူ၏ယခင်အကြီးဆုံးအစ်ကိုကြောင့်သာ မဟုတ်လျှင် သူ ငယ်ရွယ်ချိန်က ကြိုးစားခဲ့သမျှ အားလုံးနှင့် ထိုက်တန်စွာ ရရှိခဲ့သည့် သူ၏စာရင်းထိပ်ဆုံးမှ နာမည်ကို အရာရှိသားကို ပေးလိုက်ရမည်မဟုတ်ပေ။
လုရှီမင်က ပို၍ပင်အတွန့်တက်သင့်သေး၏။
ထိုကိစ္စကြောင့်သာမဟုတ်လျှင် လုရှီမင်က သည်ထက်ပို၍ အဆင့်မြင့်နေလောက်ချေပြီ။
လျှိုရှီ၏အမြင်တွင်မူ သည်လူကြောင့် သူမ၏ယောက်ျားက သေသွားသည်အထိ ငြင်းဆန်နေခဲ့ခြင်းဖြစ်၏။
သူမ၏ယောက်ျား သေသွားခဲ့ရသော အကြောင်းပြချက်ပင်ဖြစ်နိုင်သေး၏။ လူများအားလုံးက သူမ၏ယောက်ျား၊ သမီး လုဝူရှန်းနှင့် သား လုလင်ကျစ်တို့ကြောင့် ရလာသော အောင်မြင်မှုများကို ရရန်မထိုက်တန်ပေ။
သို့သော် သခင်မကြီး၏နှလုံးသားထဲတွင်မူ သည်လိုခွဲခြားထားခြင်း မရှိပေ။ သူမက အငယ်ဆုံးသား လုရှီမင်ကို အချစ်ဆုံးဖြစ်သည်။ အကြောင်းမူကား သည်အမှုများကို မတရားခံခဲ့ရ၍ပို၍ချစ်သေး၏။ အိမ်မှ ထွက်သွားခဲ့ရသောအခါ သူမ ပိုချစ်သွားပြန်သည်။
လုလင်ကျစ်က သူ၏အမေကို မျက်မှောင်ကြုတ်ကြည့်သည်။
“အမေ ကျေးဇူးပြုပြီး ဒီလိုမပြောပါနဲ့၊ မိသားစုက လူတိုင်းက အဖေ့ကို သတိရနေကြတာပါ”
“အကြီးဆုံးယောက်မ အဲဒီနှစ်က ကိစ္စတွေက … ပြီးသွားခဲ့ပြီပဲ ကျေးဇူးပြုပြီး မေ့လိုက်ကြရအောင်”
ဖေးရှီက ညင်သာစွာ ဝင်ပြောလာသည်။
“ဒါပေါ့ လုမိသားစုက အခုတော့ ကွာခြားသွားပြီပေါ့၊ တတိယအိမ်တော်စုက ပြန်ရောက်လာပြီး နင်က အကျိုးအမြတ်တွေကို မြင်သွားပြီလေ၊ ဒီလိုအောင်မြင်မှု အခြေအနေသာ မဖြစ်ခဲ့ဘူးဆိုရင် နင်က ဒီလိုပြောပြီး ငါတို့နဲ့အတူ ထိုင်နိုင်နေပါ့မလား”
သူမက အေးစက်စွာနှာခေါင်းရှုံ့သည်။
“အကြီးဆုံးယောက်မ အကြီးဆုံးယောက်မက နားလည်မှုလွဲနေပြီထင်တယ်၊ ကျွန်မပြန်လာခဲ့တာက လုမိသားစု ကွာခြားသွားခဲ့လို့မဟုတ်ဘဲ မိခင်တာဝန် ကျေပွန်ချင်လို့ပဲ၊ အကြီးဆုံးယောက်မက ဒီလိုတွေးနေမယ်ဆိုရင် ကျွန်မတို့ အခုချက်ချင်း ရွှေ့ပြောင်းသွားလို့ရပါတယ်”
“ရွှေ့မယ် ကြားရတာတော့ ကောင်းသားပဲ၊ ဒါပေမဲ့ လူတိုင်းက နင့်ကို သနားနေပြီး ငါကပဲ အတင်းအနိုင်ကျင့်သလို ဖြစ်နေပါအုံးမယ်”
လျှိုရှီက နှာခေါင်းရှုံ့သည်။
“တိတ်စမ်း”
သခင်မကြီးလုက ဒေါသတကြီး စားပွဲကိုလက်သီးဖြင့်ထိုးသည်။ သည်အကြီးဆုံး ချွေးမကို စိတ်ပျက်စွာ အေးစက်စွာ စိုက်ကြည့်လိုက်၏။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now